22 February 2014

တောင်ကြီးမြို့ တွင်းနေရာများတွင် တရားဝင် ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များ ထပ်မံ ဖွင့်လှစ်ရောင်းချပေးရန် လိုအပ်

တောင်ကြီးမြို့ပေါ် နေရာအနှံ့အပြားတို့တွင် ယခင်ကကဲ့သို့ လမ်းဘေး တရားမ၀င် စက်သုံးဆီ
အရောင်းဆိုင်ငယ်လေးများတို့ကို ဖွင့်လှစ်ရောင်းချခြင်း များ မပြုလုပ်ဖို့ တင်းကျပ်စွာ တားမြစ်အ
ရေးယူမှုများ လုပ်ဆောင် မှုများတို့ကြောင့် ယခုအခါ မြို့တွင်းတွင် တရားမ၀င် စက်သုံးဆီများ ရောင်း
ချနေမှုများ မရှိတော့သဖြင့် တစ်ဘက်က ကြည့်ပါက မီးဘေးအန္တရာယ် နှင့်အခြားမလိုလားအပ်သော
ပြသာနာများ ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်မှု ပြုပြီးသားဖြစ်သွားသော်လည်း တောင်ကြီးမြို့တွင်း
တွင် တရားဝင်ဖွင့်လှစ်ခွင့်ရရှိပြီး ရောင်းချပေးလျှက်ရှိနေသော ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင်
အရေအတွက်မှာ ၃ ဆိုင်သာ ရှိပြီး အဆိုပါအရောင်းဆိုင်များမှာလဲ ဗိုလ်ချုပ် လမ်းမ ပေါ်မှာသာ
တည်ရှိနေသဖြင့် မြို့တော်အတွင်းရှိ ယာဉ်ပိုင်ရှင်များ၊ စက်တပ်ယာဉ်အသုံးပြု နေသူများအနေဖြင့်
မိမိတို့၏ ယာဉ်များ စက်သုံးဆီ လိုအပ်ချက် အရေးပေါ် လိုအပ်လာပါက မြို့တွင်းရှိ မည်သည့်
နေရာတွင် ရောက်ရှိနေပါစေ စက်သုံးဆီအရောင်းဆိုင် ရှိရာသို့ ခက်ခဲစွာ တဆင့် သွားရောက်နေရ
မှုများ ကြုံတွေ့လာနေရပါသည်။ ထို့ပြင် မြို့တွင်း ပုဂ္ဂလိက စက်သုံးဆီအရောင်းဆိုင် အနေဖြင့်လဲ
မကြာခဏ စက်သုံးဆီများအရောင်းပြတ်လတ် သွားသည်နှင့် ကြုံတွေ့လာနေရပြီး အရောင်းပိတ်
ရမှုများလဲ မကြာခဏ ကြုံတွေ့ လာရပါသဖြင့် အဆင်မပြေမှုများနှင့်ကြုံတွေ့နေရပါသည်။
ထို့ကြောင့် တောင်ကြီးမြို့တော်တွင်းရှိ ဗိုလ်ချုပ်လမ်းမပေါ်မှာဘဲ ပုဂ္ဂလိကစက်သုံးဆီအရောင်း
ဆိုင်များတည်ရှိနေခြင်းမျိုးမဟုတ်ဘဲ ကျန် လမ်းမများ နေရာများတို့တွင်ပါ သက်ဆိုင်ရာမှ စနစ်တကျ
စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပုဂ္ဂလိကစက်သုံးဆီအရောင်းဆိုင်များ ကို ထပ်မံ ဖွင့်လှစ်
ရောင်းချ ပေး သင့်ပါကြောင်း အကြံပြု လိုက်ရပါသည်။ .....

( တောင်ကြီးမြို့ မြို့တွင်းအချက်အချာနေရာ ဗိုလ်ချုပ်လမ်းမပေါ်ရှိ ငွေဇင်ယော် ပုဂ္ဂလိကစက်သုံးဆီ
အရောင်းဆိုင် တွင် စက်သုံးဆီ(ဓာတ်ဆီ) လာရောက်ဝယ်ယူသူ များ ဖြင့် စည်ကားနေမှု များကို
ယနေ့ 22.2.2014 စနေနေ့ မနက်ပိုင်း မြင်ကွင်းအခြေအနေ )

သတင်းနှင့်ဓာတ်ပုံ - KZLM

refind:https://www.facebook.com/khinezawlinmyint

No comments:

Post a Comment