10 February 2014

ဂျပန်နိုင်ငံ တစ်ဝန်း နှင်းများ ထူထပ်စွာ ကျဆင်းမှုကြောင့် ခုနစ်ဦး သေဆုံး ၁ဝဝဝ ဦး ဒဏ်ရာရရှိ

ဂျပန်နိုင်ငံ တစ်ဝန်း နှင်းများ ထူထပ်စွာ ကျဆင်းမှုကြောင့် ခုနစ်ဦး သေဆုံး ၁ဝဝဝ ဦး ဒဏ်ရာရရှိ
တိုကျို ဖေဖော်ဝါရီ ၉
ဂျပန်နိုင်ငံ တိုကျိုမြို့နှင့် အချို့ ဒေသများတွင် ဆယ်စုနှစ် များစွာအတွင်း ပထမဆုံး အကြိမ် အဖြစ် နှင်းများ ထူထပ်စွာ ကျဆင်း ခဲ့ခြင်းကြောင့် ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းတွင် လူ ခုနစ်ဦးထက် မနည်း သေဆုံး၍ အခြား ၁ဝဝဝ ခန့် ဒဏ်ရာ ရရှိခဲ့ကြောင်း NHK သတင်း ဌာနက ထုတ်ပြန်ခဲ့သည်။
နိုင်ငံတစ်ဝန်း ဆီးနှင်း ကျဆင်းမှု ပမာဏသည် ဖေဖော်ဝါရီ ၈ ရက် ညနေပိုင်းတွင် ၂၇ စင်တီမီတာ အထိ မြင့်တက် လာခဲ့ပြီး ယင်းပမာဏသည် ၄၅ နှစ်တာ ကာလအတွင်း အဆိုးရွားဆုံး ဖြစ်ကြောင်း မိုးလေဝသ ဌာနမှ ထုတ်ပြန်ခဲ့သည်။
ယင်းကဲ့သို့ နှင်းများ ထူထပ်စွာ ကျဆင်း ခဲ့မှုကြောင့် တိုကျိုမြို့တွင် ကျင်းပမည့် မြို့တော် အုပ်ချုပ်ရေးမှူး ရွေးကောက်ပွဲကို ထိခိုက် လာနိုင်သည့် အပြင် ပြည်သူ ၁၃ သန်းခန့်သည် ရွေးကောက်ပွဲတွင် မဲပေးရန် အခက်အခဲများ ကြုံတွေ့ လာနိုင်ကြောင်း လေ့လာ စောင့်ကြည့်သူ များက ပြောကြားခဲ့သည်။
ထို့ပြင် ဖေဖော်ဝါရီ ၉ ရက် နံနက်ပိုင်းတွင် လူနေအိမ် ၂ဝဝဝဝ ကျော်ခန့်သည် လျှပ်စစ်မီး ပြတ်တောက်မှု ဒဏ်နှင့် ကြုံတွေ့ ခဲ့ရပြီး ပြည်တွင်းလေကြောင်း ခရီးစဉ် ၂ဝဝ ခန့်ကိုလည်း ဖျက်သိမ်း ခဲ့ရကြောင်း သိရသည်။
 http://www.myawady.net.mm

No comments:

Post a Comment