ကျိုင်းတုံ ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ် ( အရှေ့ပိုင်း)
ကျိုင်းတုံမြို့ သစ်တောဦးစီးဌာန ကျိုင်းဖောင်း ပျိုးဥယျာဉ် ခြံရှေ့၌
ယမန်နေ့ ညနေ ၆ နာရီခွဲက တောင်ကြီး-ကျိုင်းတုံ ကားလမ်းအတိုင်း
မောင်းနှင်လာသော ခြောက်ဘီးယာဉ် နှစ်စီးတွင် ပြောင်းဆန်အိတ်၊
လက်ဖက်ခြောက်အိတ်၊ ဆန်အိတ်များဖြင့် ဖုံးအုပ် သယ်ဆောင်လာသော တရားမဝင်
သစ်များကို စစ်ဆေးတွေ့ရှိ ဖမ်းဆီး ရမိခဲ့သည်။
ဖြစ်စဉ်မှာ သံလွင်မြစ် အနောက်ဘက် အခြမ်းမှ
ကျိုင်းတုံမြို့သို့ လည်းကောင်း၊ ကျိုင်းတုံမြို့မှ မိုင်းလားဒေသ
တစ်ဖက်နိုင်ငံသို့ လည်းကောင်း တရားမဝင်သစ်နှင့် သစ်တောထွက် ပစ္စည်းများ
သယ်ဆောင်နေခြင်းကို ရှာဖွေဖော်ထုတ် ဖမ်းဆီးရန်နှင့် လျော့နည်း
ပပျောက်သည်အထိ ဆောင်ရွက်ရန် ရှမ်းပြည်နယ်(ကျိုင်းတုံ) သစ်တောဦးစီးဌာနမှ
အဖွဲ့ဝင်များက ဆောင်ရွက်နေစဉ် လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်
ကာလိမြို့နယ်ခွဲ ဧရိယာမှ သယ်ဆောင်လာသော ယာဉ်မောင်း သန်းထိုက် မောင်းနှင်သော
ဈ/ .... နစ်ဆန်း ခြောက်ဘီးယာဉ်ပေါ်မှ ရင်းတိုက်အနှစ်သား လေးတန်ခန့်နှင့်
ယာဉ်မောင်းဦးပိ(ခ) စိုးမိုးအောင် မောင်းနှင်လာသော ၁ခ/....
အီဆူဇူးယာဉ်ပေါ်မှ ရင်းတိုက်အနှစ်သား (ဓားရွေ) နှစ်တန်ခန့် စုစုပေါင်း ကာလ
တန်ဖိုး ငွေကျပ်သိန်း ၁၂ဝ ခန့်ကို ဖမ်းဆီး ရမိသည်။
အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ ယာဉ်မောင်း
သန်းထိုက် ၃၂ နှစ်(ဘ) ဦးတင့်လွင် တောင်ကြီးမြို့နေသူနှင့် ယာဉ်မောင်း
ဦးပိ(ခ) စိုးမိုးအောင် ၅ဝ နှစ်(ဘ) ဦးဘဖေ ကျိုင်းတုံမြို့နေသူတို့အား
ကျိုင်းတုံမြို့မ ရဲစခန်းမှ စစ်ဆေး အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း
သိရသည်။
refind: http://www.myawady.net.mm

No comments:
Post a Comment