ပွင့်လင်းရာသီရောက်ရှိလာပြီနှင့်အညီ တောင်ကြီးမြို့ပေါ်ရှိ လိုင်စင်မဲ့ဓါတ်ဆီဆိုင်များအား ရှမ်းပြည်နယ်ရဲတပ်ဖွဲ့
မှူးရုံးမှ ရှာဖွေဖမ်းဆီးအရေးယူဆောင်ရွက်လျှက်ရှိပါသည်။ ယခင်ရက်များအတွင်း ကျောင်းကြီးစုရပ်ကွက်၊
ညောင်ဖြူစခန်းရပ်ကွက်၊ မြို့မရပ်ကွက်နှင့် ကန်ရှေ့ရပ်ကွက်များအတွင်းရှိ တစ်ချို့ လိုင်စင်မဲ့ဓါတ်ဆီဆိုင်များအား
သတင်းအရ ၀င်ရောက်ရှာဖွေဖမ်းဆီးခဲ့ကာ အရေးကြီးကုန်စည်များနှင့် ၀န်ဆောင်မှုများဥပဒေ ပုဒ်မ (၅)အရ အမှု
ဖွင့်အရေးယူဆောင်ရွက်လျှက်ရှိကြောင်း ၂၀၁၄ နှစ်အကူးတွင် ကန်အောက်ရပ်ကွက်အတွင်းရှိ နန်းခေးမောဝ် လျှပ်စစ်ပစ္စည်းဂိုဒေါင်မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ယခုကဲ့သို့ဆောင်ရွက်ရခြင်းမှာ ပွင့်လင်းရာသီကာလအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်မှုတစ်ခုဖြစ်ကြောင်း သတင်းရရှိပါသည်။
HAK
No comments:
Post a Comment