တောင်ကြီး။၅-၂-၂၀၁၄။
ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့ (တောင်ကြီး) ကိုဖွဲ့ စည်းရန်၊တောင်ကြီးမြို့  ၊ကံရှေ့ရပ်ရှိ ၊အောက်မေ့ဖွယ်ဓမ္မရုံတွင်အလုပ်ရုံဆွေးနွေးပွဲ တစ်ခုပြုလုပ်ခဲ့ ကြောင်း၊တက်ရောက်ခဲ့ သူတစ်ဦးမှ ပြောပြသည်။
မြန်မာနိုင်ငံတွင် စေ့စပ်ဖြန့်ဖြေရေး၊ ငြိမ်းချမ်းရေးနှင့် ဖွံ့ ဖြိုးတိုးတက်ရေးကိုဆောင်ရွက်ရန်အတွက်၊
အရည်အချင်းပြည့်ဝသည့် မတူကွဲပြားသော၊ ဘာသာပေါင်းစုံ ကိုယ်စားပြုပါဝင်သော ၊
ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ (မြန်မာ)Religions For Peace Myanmar(Rfp-M) ကို
၂၀၁၂-ခုနှစ်၊စက်တင်ဘာလ-၁၂ ရက်နေ့ တွင်၊စတင်ဖွဲ့ စည်းတည်ထောင်ခဲ့ သည်။
ယင်းအဖွဲ့ တွင် သီတဂူ ကမ္ဘာ့ဗုဒ္စ ဘာသာတက္ကသိုလ်၊ရတနာ့မေတ္တာအဖွဲ့ (ဗုဒ္စဘာသာ)၊
မြန်မာနိုင်င့ ခရစ်ယာန်အသင်းတော်များကောင်စီ၊ ကက်သလစ်အသင်းတော်၊
မြန်မာနိုင်ငံ သနန္တနဓမ္မပါလက ဟိန္ဒူအဖွဲ့ ချုပ်၊အစ္စလာမ်ဓမ္မဗိမာန် စသည့် မြန်မာနိုင်ငံရှိ
အဓိက ဘာသာရေးအဖွဲ့ အစည်းများ၏ သက်ဆိုင်ရာ ဘာသာသက်ဝင်ယု့ကြည်သူ
ထောင်ပေါင်းများစွာအားဆော်သြ စည်းရုံးနိုင်မှုစွမ်းအားကို အသုံးပြုကာ လုပ်ငန်းများကို ဆောင်ရွက်ကြသည် ဟုသိရပါသည်။
တောင်ကြီးမြို့ တွင်လည်း ထို ကဲ့ သို့ အဖွဲ့ မျိုးပေါ်ပေါက်လာရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊
ဦးဆောင်ဖွဲ့ စည်းသူများက ရှင်းပြပါသည်။
ယနေ့တွင်လည်း၊တောင်ကြိးမြို့ ပေါ်ရှိဘာသာပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်၊
ဂေါပကအဖွဲ့ ဝင်များ၊ဘာသာရေးလူငယ်ကွန်ယက်များ အယောက်(၄၀)ကျော်ခန့်တက်ရောက်
ခဲ့ ပြီး၊ယာယီကော်မတီ ဖွဲ့ စည်းနိုင်ရန်နှင့် လူငယ်ကွန်ယက်များဖွဲ့ စည်းရန်၊
ဘာသာပေါင်းစုံလူငယ်များ လှုပ်ရှားမှု( စုပေါင်း သန့်ရှင်းရေးပြုလုပ်ခြင်း၊ဘာသာတစ်ခု ၏ အယူအဆ သဘောတရားများကို ကျန်ဘာသာများမှ လေ့လာခြင်းစသည်)များကိုလုပ်ဆောင်ရန်
တို့ ကိုဆွေးနွေးခဲ့ ပြီး၊အမှုဆောင်အဖွဲ့ များဖွဲ့ စည်းရန်ကို ၂၅-၂-၂၀၁၄ နေ့ တွင်ပြန်လည်တွေ့ ဆုံ
ရန် ညှိနှိုင်း ခဲ့ ကြသည်ဟု သိရပါသည်။
ဘာသာပေါင်းစုံငြိမ်းချမ်းရေးအဖွဲ့ ၏ အခြေခံစည်းမျဉ်းများမှာ-
-ဘာသာမတူကွဲပြားခြားနားမှုကို လေးစားအသိအမှတ်ပြုရန်၊
-လေးနက်ကျယ်ပြန့်စွာ မျှ ဝေယုံကြည်သောတန်ဖိုးများပေါ် အခြေခံကာ လုပ်ငန်းများဆောင်ရွက်ရန် ၊
-ဘာသာရေးအသိုက်အဝန်းများ၏ ကွဲပြားခြားနားသည့် ဖွဲ့ စည်းဖြစ်တည်ပုံ အမျိုးမျိုးကို
တန်ဖိုးထားဂုဏ်ပြုရန်၊
-ငြိမ်းချမ်းရေးအတွက် ပူပေါင်းဆောင်ရွက်မှုများကို မဖြစ်မနေလုပ်ဆောင်ရန်။
စသည့် အချက်များကိုအခြေခံပြီးလုပ်ဆောင်နေကြောင်းပြောပါသည်။
လေးကြီး(ရှမ်းပြည်)
https://www.facebook.com/thwinwin

No comments:
Post a Comment