4 February 2014

ကျန်းမာသော ကလေးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပ

တောင်ကြီး ဖေဖော်ဝါရီ  ၃
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းမှ  ကြီးမှူး ကျင်းပသော
(၆၇) နှစ်မြောက်  ပြည်ထောင်စုနေ့ အကြို အထိမ်းအမှတ် ကျန်းမာသော ကလေးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီက အဆိုပါ အသင်းရုံး ခန်းမ၌ ကျင်းပရာ တာဝန်ရှိသူများ  တက်ရောက်သည်။ ကျန်းမာသော ကလေးပြိုင်ပွဲတွင် ခြောက်လမှ သုံးနှစ်အတွင်း ကလေးငယ်များ ဝင်ရောက် ယှဉ်ပြိုင်ရာ ပထမ၊ ဒုတိယ၊ တတိယဆုနှင့် အမြွှာ အထူးဆု ရရှိသည့် ပြိုင်ပွဲဝင် ကလေးငယ် များအား တာဝန်ရှိသူများက ဆုများ ချီးမြှင့်ခဲ့သည်။ ထို့နောက် ခရိုင်/ ပြည်နယ် မိခင်နှင့် ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ အလှူငွေကျပ် လေးသိန်း ပေးအပ်ခဲ့ရာ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင်များက လက်ခံ ရယူခဲ့ကြောင်း သိရသည်။
http://www.myawady.net.mm

No comments:

Post a Comment