တောင်ကြီး ဖေဖော်ဝါရီ ၂၁
ရှမ်းပြည်နယ်(တောင်ပိုင်း)
ညောင်ရွှေမြို့နယ်ရှိ အင်းလေးရေကန်နှင့် သဘာဝ ပတ်ဝန်းကျင်များကို
ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် ဝိုင်းဝန်းဆောင်ရွက်လျက် ရှိရာ ယမန်နေ့
၁၂ နာရီက အင်းလေးကန် အတွင်း ဘက်ထရီရှော့ခ်တိုက်၍ ငါးဖမ်းနေသူများအား
တာဝန်သိ ပြည်သူများ၏
သတင်းပေးချက်အရ အင်းလေးကန် ဘေးမဲ့တော
အုပ်ချုပ်ရေးမှူးရုံးမှ ဘေးမဲ့တော ထိန်းသိမ်းရေး အဖွဲ့သည်
မိုင်းသောက်အင်းရွာသို့ သွားရောက်၍ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးများနှင့်
တွေ့ဆုံပြီး မိုင်းသောက်အင်းရွာ၏ အနောက်မြောက်ဘက် ရေခြံများအနီးတွင်
ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းဆီးနေသူ ဇော်ရှိန်း ၃၁ နှစ်(ဘ) ဦးချစ်ဆွေ
ပွဲစားကုန်းရွာမ ကျေးရွာနေသူနှင့် ဇော်ထူး ၂၅ နှစ် (ဘ)ဦးသာအောင်
ပွဲစားကုန်းရွာမ ကျေးရွာနေသူ တို့ နှစ်ဦးအား မိုင်းသောက်အင်းရွာ
ဒေသခံပြည်သူများက ဝိုင်းဝန်း ထိန်းသိမ်းထားရှိပြီး အင်းလေးကန် ဘေးမဲ့တော
ထိန်းသိမ်းရေး အဖွဲ့သို့ ဘက်ထရီရှော့ခ်တိုက် ငါးဖမ်းရာတွင် အသုံးပြုသော
ဆိုင်ကယ် ဘက်ထရီအိုး ၁၂ ဗို့ ကိုးလုံး၊ ကွန်နဆာ ၁ စုံ၊ တိုယို ဘက်ထရီ ၁၂
ဗို့ သုံးလုံး၊ မှိန်း ၁ ချောင်း၊ အရှည် ၁၆ တောင်ခန့် လက်လှော်လှေ
တစ်စင်းတို့နှင့် အတူအပ်နှံရာ ၎င်းတို့နှစ်ဦးအား ညောင်ရွှေမြို့မ ရဲစခန်းမှ
(ပ)၆/၂ဝ၁၄၊ တောရိုင်းတိရ စ္ဆာန်နှင့် သဘာဝ အပင်များ ကာကွယ်ရေးနှင့်
သဘာဝနယ်မြေများ ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၃၆ (ဂ) အရ အမှုဖွင့် အရေးယူ
ထားကြောင်း သိရသည်။
http://www.myawady.net.mm
No comments:
Post a Comment