
နေပြည်တော် ဇန်နဝါရီ ၃၁
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းသည် ယနေ့ နံနက် ၁၁နာရီ ၁၅ မိနစ်တွင် ရုံးအမှတ် (၁၈)
ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေးခန်းမ၌ ဆက်လက်ကျင်းပသော ကျန်းမာရေးကဏ္ဍ
မြှင့်တင်ဆောင်ရွက်ရေး ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေးသည်။
ဒုတိယသမ္မတက ဆွေးနွေးပြောကြားရာတွင်
ယခုဆွေးနွေးပွဲသည် ကျန်းမာရေးကဏ္ဍကို မြှင့်တင်ဆောင်ရွက်နိုင်မည့် နည်းလမ်း
များကို လေ့လာဆန်းစစ် ဆွေးနွေးကြရန် ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရ တာဝန်ယူ
ဆောင်ရွက်နေသည့်ကာလ(၃)နှစ်နီးပါး ရှိချိန်တွင် ကျန်းမာရေး ကဏ္ဍ၌
လိုအပ်ချက်များ ရှိနေသေးသဖြင့် ဤဆွေးနွေးပွဲကို ကျင်းပခြင်း ဖြစ်ပါကြောင်း။
အစိုးရအဖွဲ့သစ် တာဝန်ယူပြီးနောက်
လပိုင်းအတွင်းမှာပင် ကျန်းမာရေးကဏ္ဍဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲတစ်ခုကို
ကျင်းပခဲ့ပြီး ယင်းဆွေးနွေးပွဲတွင် အငြိမ်းစားပညာရှင်ကြီးများနှင့်
တာဝန်ထမ်းဆောင်ဆဲ ပညာရှင်များ ပါဝင်ဆွေးနွေး ခဲ့ကြ၍ ဆွေးနွေးပွဲ
ရလဒ်များကို အကောင်အထည်ဖော်ခဲ့ ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနတွင်
ဦးစီးဌာန (၇) ခု ရှိပြီး ကျန်းမာရေးဦးစီးဌာန တစ်ခုတည်းက
ဝန်ကြီးဌာနတစ်ခုလုံး၏ လုပ်ငန်းတာဝန်၏ (၈၀) ရာခိုင်နှုန်းခန့်ကို
တာဝန်ယူဆောင်ရွက်နေရ၍ တစ်ခြားသော ဦးစီးဌာနများသို့ လိုအပ်ပါက တာဝန်များ
ခွဲဝေပေးခြင်းဖြင့် လုပ်ငန်းပိုမိုမြန်ဆန် အောင်မြင်မည်ဟု
သုံးသပ်အကြံပေးခဲ့ ဘူးကြောင်း၊ ဖြစ်နိုင်သည် မဖြစ်နိုင်သည်မှာ ပညာရှင်များက
ဆွေးနွေးဆုံးဖြတ်ကြရမည် ဖြစ်ပါကြောင်း။
http://www.president-office.gov.mm
http://www.president-office.gov.mm
ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ
ဆောင်ရွက်ရာတွင် ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကုသရေးလုပ်ငန်းများ ရှိပြီး
ရောဂါ ကြိုတင် ကာကွယ်ရာ၌ ကာကွယ်၍ရသည့် ရောဂါများ ရှိသကဲ့သို့
ကြိုတင်ကာကွယ်၍ မရသည့် ရောဂါများလည်း ရှိပါကြောင်း၊ ကျန်းမာရေး အသိရှိသော
နေထိုင်မှုစနစ်သည်သာလျှင် ဖြစ်ပွားနိုင်သည့် ရောဂါများကို အနည်းနှင့်အများ
ကြိုတင်ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပြည်သူများ အနေဖြင့်
ငယ်စဉ်ကတည်းက ကျန်းမာရေး အသိဖြင့် နေထိုင် စားသောက် တတ်စေရန် လိုအပ်မည်
ဖြစ်ပါကြောင်း။
ကုသရေးအပိုင်းကို ဆွေးနွေးရလျှင် မြန်မာနိုင်ငံတွင်
ဆရာဝန်ဦးရေ သုံးသောင်းဝန်းကျင်ရှိပြီး ၎င်းတို့အနက် သုံးပုံတစ်ပုံသာ
အစိုးရဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင်လျက် ရှိပါကြောင်း၊ ထို့အတူ
သူနာပြုနှင့် သားဖွားဆရာမများလည်း လိုအပ်ချက် ရှိနေပါသေးကြောင်း။
တစ်နိုင်ငံလုံးရှိ လူဦးရေ၏ (၇၀)ရာခိုင်နှုန်းမှာ
ကျေးရွာပေါင်း (၆၄၀၀၀)ကျော်အတွင်း မှီတင်းနေထိုင်လျက် ရှိပြီး
ယင်းကျေးရွာတိုင်း သို့ ဆရာဝန်များ၊ သူနာပြုနှင့် သားဖွားများ ရောက်အောင်
မသွားနိုင်ပါကြောင်း၊ အရန်သားဖွား ဆရာမများ၊ ကျန်းမာရေးလုပ်သား များကို
သင်တန်းပေးစေလွှတ်ခန့်ထားနိုင်မည် ဆိုလျှင် အခြေခံလူတန်းစားများအတွက် ပဏာမ
ကျန်းမာရေး စောင့်ရှောက်မှု၊ လွှမ်းခြုံမှုကို အနည်းနှင့်အများ ရရှိစေမည်ဟု
ယူဆရပါကြောင်း။
ထို့အတူ ပြည်ပသို့သွားရောက် ဆေးဝါးကုသနေရမှု စရိတ်မှာ
တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း(၂၀၀)ခန့် ကုန်ကျနေပါ၍ နိုင်ငံတော် ၏
ဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံများတွင် ဆေးဝါး ကုသမှုဆိုင်ရာ
အထောက်အကူပစ္စည်းများ ပြည့်စုံမှု မရှိသေးသဖြင့် ထိုသို့သွားရောက်ကုသ
နေရခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ရာ လိုအပ်သည့် နိုင်ငံတကာ အဆင့်မီ ဆေးရုံ၊
ဆေးခန်းနှင့် အထောက်အကူပစ္စည်းများကို ထောက်ပံ့ ဖြည့်ဆည်းပေးရမည်
ဖြစ်ပါကြောင်း။
နိုင်ငံတော်အနေဖြင့် ကျန်းမာရေးကဏ္ဍကို
မြှင့်တင်နိုင်ရန်အတွက် နှစ်စဉ်ကျန်းမာရေး ရန်ပုံငွေကို တိုးမြှင့်
ချထားပေးပြီး ဖြစ်ပါကြောင်း၊ သို့သော် ရနိုင်သည့် ပမာဏသည် ပြည့်မီခြင်း
မရှိသေးဘဲ နည်းပါးနေသေးပါကြောင်း၊ နိုင်ငံ၏ ရန်ပုံငွေခွဲဝေ ချထားမှုတွင်
ကျန်းမာရေး အသုံးစရိတ်သည် အဆင့်(၇) နေရာတွင်ရှိပြီး နိုင်ငံစီးပွား
တိုးတက်လာပါက ပိုမိုတိုးမြှင့် ခွဲဝေပေးနိုင်မည် ဖြစ်ပါကြောင်း၊
ကျန်းမာရေးကဏ္ဍ မြှင့်တင်ရေးအတွက် ကျင်းပသည့် ယခုဆွေးနွေးပွဲတွင် တက်ရောက်
လာသူအားလုံးက လိုအပ်သည်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန်
ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးတင်နိုင်သိန်းက ပညာရေး၊ ကျန်းမာရေးကဏ္ဍဆိုင်ရာ များကို ရှင်းလင်း ဆွေးနွေးသည်။
ယင်းနောက် အမျိုးသားကျန်းမာရေးကော်မတီဥက္ကဋ္ဌ
ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဖေသက်ခင်က ကျန်းမာရေးကဏ္ဍ မြင့်မားရေး အတွက်
ဖြည့်စွက် ဆွေးနွေး တင်ပြသည်။
မွန်းလွဲပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန
ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက
ကျန်းမာရေး ကဏ္ဍ မြှင့်တင်ဆောင်ရွက်ရေးဆိုင်ရာများနှင့် ပတ်သက်၍
ဝိုင်းဝန်းဆွေးနွေး အကြံပြုခဲ့ကြသည်။
No comments:
Post a Comment