24 February 2014

ရွှေညောင်မြို့တွင် ယာဉ်ထိန်းရဲအား တာဝန်ထမ်းဆောင်စဉ် ၀င်ရောက်ထိုးကြိတ်

၂၀၁၄ဖေဖော်ဝါရီလ ၂၂
 တောင်ကြီးမြို့နယ်၊ ရွှေညောင်မြို့၊ ပြည်ထောင်စုလမ်းနှင့်ရန်မျိုး အောင်လမ်းဆုံတွင် အမှတ်(၁၅)ယာဉ်ထိန်း၊ ဒုတပ်ဖွဲ့ခွဲမှူးရုံးမှ လ၂၂၄၃၅၁ တပ်သား ထွန်းလင်းကျော်သည် တပ်ကြပ်ရန်အောင်မောင်မောင်တို့နှင့်အတူ တာဝန်ထမ်းဆောင်စဉ် ဟဲဟိုးမှတောင်ကြီးသို့ယာဉ်မောင်းထွန်းထွန်းနိုင်(၂၄)နှစ် စက်မောင်း၊ ရတနာ ရပ်ကွက်၊ ရွှေညောင်မြို့သည် ဆိုင်ကယ်အမှတ် (၃၆/ယ ၉၂၁၅၈) Janshe အနက်ရောင် ဆိုင်ကယ်အား နောက်တွင် ညီဖြစ်သူ ထွန်းထွန်းကြိုင်(၂၁) နှစ်၊အား တင်ဆောင်မောင်းနှင်လာစဉ် ထွန်းထွန်းကြိုင် ဆိုင်ကယ်စီးဦးထုပ် မဆောင်းသဖြင့် ယာဉ်ထိန်းများမှ တားဆီးစဉ် ၎င်းတို့မှ ဓါတ်ပုံရိုက်သဖြင့် တပ်သား ထွန်းလင်းကျော်မှ ခွင့်မတောင်းပဲ ဘာကြောင့်ဓါတ်ပုံရိုက်သလဲဟုမေးမြန်းရာ ၎င်းတို့(၂)ဦး မှထွန်းလင်းကျော်အား ချုပ်နှောင်ဝိုင်းဝန်းထိုးကြိတ်သဖြင့် ထွန်းလင်းကျော် ဝဲဘက် မျက်လုံးအောက်ပွန်းပဲ့၊ ဝဲနားထင်အောက်နာကျင်ဒဏ်ရာတို့ ရရှိ၍ ရွှေညောင်တိုက်နယ် ဆေးရုံးသို့ပို့ဆောင်ဆေးကုသ လျှက်ရှိကြောင်းနှင့် တာဝန်ထမ်းဆောင်စဉ် ကိုယ်ထိလက် ရောက်ချုပ်နှောင်ထိုးကြိတ်သော ထွန်းထွန်းနိုင်နှင့်ထွန်းထွန်းကြိုင်တို့အား ရွှေညောင် နယ်မြေရဲတပ်ဖွဲ့စခန်းတွင် (ပ)၁၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၃၂ တို့အရ အမှုဖွင့်ပြီး ဒုရဲအုပ် စောမြင့်ဇော်မှ တရားခံ(၂)ဦးအား ဖမ်းဆီးစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်း ရရှိပါသည်။
refind:
Taunggyi Township GAD 

No comments:

Post a Comment