တောင်ကြီးမြို့ ဖေ ၂၈
တောင်ကြီးမြို့၊ အရှေ့ဘက်တောင်ကျော၊ ရေအေးကွင်းရပ်ကွက်၊ရေထွက်ဦးလမ်းအပေါ်
ဘက်ရှိတောင်ပေါ်တွင် ည ၇း၀၀နာရီအချိန်ခန့် တောမီးလောင်ကျွမ်းခဲ့ပါသည်။
ပွင့်လင်းရာသီရောက်ပြီဖြစ်၍ တောင်ပေါ်တောသည်ခြောက်သွေ့နေကာ မီးလောင်
လွယ်ခြင်းဖြစ်ပါသည်။ အဆိုပါမီးလောင်ရာသို့ မီးသတ်တပ်ဖွဲ့များ၊ သစ်တောဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ပြည်သူများမှ ကိုင်းခြောက်ရိုက်ခြင်း၊ မီးခြားလမ်းဖောက်
ခြင်း၊ ရေကြိုလောင်းစနစ်များဖြင့်ဝိုင်းဝန်းငြိမ်းသတ်ခဲ့ကြကြောင်းသတင်းရရှိပါသည်။
အဆိုပါတောမီးသည် စည်ပင်ဝန်ထမ်းအိမ်ရာနှင့်နီးကပ်လျှက်ရှိပါသည်။
ယင်းတောင်ပေါ်သည်ယခင်ကချယ်ရီပင်များဖြင့် ချယ်ရီပွင့်ချိန်တွင် တစ်တောင်လုံး
အပန်းရောင်ချယ်ထားသလို လှပလျှက်ရှိပါသည်။ နောက်ပိုင်းတွင် ထင်းခုတ်မှုများ၊
တောမီးလောင်မှုများအဖြစ်များလာပြီးတောင်ကတုံးအသွင်အပင်ခြောက်သွေ့လာခဲ့ခြင်း
ဖြစ်ပါသည်။ ကလေးများမှလည်းမီးခြစ်လက်ဆော့ခြင်းများကြောင့်လည်းတစ်ခါတစ်ရံ
တောမီးအဖြစ်လောင်တတ်သေးရာ နွေရာသီရောက်တိုင်း မုဆိုးမတောင်ဟုခေါ်သော
တောင်ကြီးအရှေ့ဘက်တောင်သည် အလှပျက်ခဲ့ရပါသည်။ တောင်ကြီးသူ၊ တောင်ကြီး
သားများအနေဖြင့် မိမိတို့မြို့အလှရေရှည်တည်တံ့ရေးအတွက် တောင်ပေါ်တက်တိုင်း
ချယ်ရီပျိုးပင်လေးတစ်ပင် စိုက်ပျိုးခဲ့ပါက နောက်တစ်ရာသီဆိုလျှင် အရင်လိုလှပလာအုန်း
မည်။ သစ်တောဌာနကသစ်ပင်ခုတ်လျှင်သာဖမ်းပါသည်။သစ်ပင်စိုက်လျှင်တော့ဖမ်းလိမ့်
မည်မဟုတ်ပါချေ။ မြို့သာယာလှပရေးအတွက် မြို့သူမြို့သားများအားလုံးတွင်
တာဝန်ရှိပါသည်။ တောင်ကြီးဆိုတာ ကမ္ဘာမှာ မရှိခဲ့တဲ့ရိုးရာမီးပုံးပျံရဲ့မွေးဖွားရာနေရာ
တောင်ကြီးတောင်ကတောင်ချွန်းအလှက အလည်လာသမျှကိုစွဲဆောင်နိုင်တဲ့နေရာ
တို့မြို့သူမြို့သားစစ်စစ်တိုင်းစောင့်ရှောက်ရမဲ့နေရာပင်ဖြစ်ပါသည်။
HAK

![▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
● နိုင်ငံတော်သမ္မတက ၆၇ ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်
သဝဏ်လွှာ●
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၂၀၁၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်
၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်တွင် ကျရောက်သည့် ၆၇ ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာသီရိသုဓမ္မ ဦးသိန်းစိန် ထံမှ ပေးပို့သည့် သဝဏ်လွှာ အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
ချစ်ခင်လေးစားအပ်ပါသော ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူညီအစ်ကို မောင်နှမများ အားလုံးမင်္ဂလာပါခင်ဗျား။
● ယနေ့ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျရောက်သော ၆၇ ကြိမ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ဂုဏ်ပြု သဝဏ်လွှာ ပေးပို့ခွင့်ရသည့်အတွက် မိမိအနေဖြင့် များစွာ ဂုဏ်ယူမိပါသည်။
● ၁၉၄၇ ခုနှစ် လွတ်လပ်ရေးကြိုးပမ်းမှု ကာလ အထွတ်အထိပ်ရောက်ချိန် အမျိုးသားရေး လှုပ်ရှားမှုနှင့်အတူ ပေါ်ပေါက်ခဲ့သည့် ရှမ်းပြည်နယ်နေ့သည် မိမိတို့နိုင်ငံ၏ နိုင်ငံရေး သမိုင်းတွင် အရေးပါသော မှတ်တိုင်တစ်ခုအဖြစ် စတင် သမိုင်းတွင်လာခဲ့ပါသည်။ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာနိုင်ငံလွတ်လပ်ရေး ရရှိရန် အတွက် ဗြိတိသျှ ကိုလိုနီ အစိုးရနှင့် အကြိတ်အနယ် ဆွေးနွေးစဉ် ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်အား ကိုယ်စားမပြုဟူ၍ စော်ဘွားများက အင်္ဂလန်သို့ ကြေးနန်းရိုက် အကြောင်းကြားခဲ့ခြင်းကို ချေဖျက်ရန် ရှမ်းပြည်လူထု ခေါင်းဆောင်များက ဦးဆောင်ပြီး လူထု ဆန္ဒဖော်ထုတ်ပွဲများ ကျင်းပကာ တောင်တန်းနှင့် ပြည်မအတူတကွ လွတ်လပ်ရေး ရရှိလိုကြောင်း ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။
● ထိုသို့ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းကြောင့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင်မှုဖြင့် နိုင်ငံရေး လိုအပ်ချက် ဖြစ်သည့် တောင်တန်းဒေသများနှင့် ပြည်မတို့ အတူတကွ လွတ်လပ်ရေး ရယူကြမည်ဟူသည့် ဆုံးဖြတ်ချက်ကို အခိုင်အမာ ချမှတ်နိုင်ခဲ့ပါသည်။ ထို့ကြောင့် ဗိုလ်ချုပ်အောင်ဆန်း အနေဖြင့် တောင်တန်းဒေသများနှင့် ပြည်မအတူတကွ လွတ်လပ်ရေး ရယူကြရန် ရှမ်းပြည်နယ် ပင်လုံမြို့တွင် တောင်တန်း ဒေသ မှ ခေါင်းဆောင်များ နှင့် တွေ့ဆုံဆွေးနွေး၍ သဘောတူညီမှု ရရှိအောင် ကြိုးပမ်းနိုင်ခဲ့ ပါသည်။
● ထိုမှတစ်ဆင့် ရှမ်းပြည်နယ် နိုင်ငံရေး ခေါင်းဆောင်များနှင့် အကျေအလည် ဆွေးနွေးပြီး “ပြည်မနှင့် အတူတကွ ပူးပေါင်းပြီး အင်္ဂလိပ်ထံမှ လွတ်လပ်ရေး ရယူမည်” ဟူသော ဆုံးဖြတ်ချက်ကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ချမှတ်နိုင်ခဲ့ပါသည်။ ထိုသို့ဆုံးဖြတ်ခဲ့သော ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ ၇ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် “ရှမ်းပြည်နယ်နေ့” ဟု သတ်မှတ်ခဲ့ပါသည်။ ထိုနေ့မှာပင် “ရှမ်းအမျိုးသားအလံ”နှင့် “ရှမ်းအမျိုးသားသီချင်း” တို့ကို သတ်မှတ်နိုင်ခဲ့သည်ဟု သိရှိရပါသည်။
●“ရှမ်းပြည်နယ်နေ့”သည် ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားများ သာမက မြန်မာနိုင်ငံသား အားလုံးနှင့် သက်ဆိုင်သည်ဟု ရှုမြင်ရမည် ဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် တိုင်းရင်းသားအားလုံး လွတ်လပ်ရေးကို အတူတကွ ရယူရန်အတွက် အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသား ခေါင်းဆောင်များသည် ထိုနေ့တွင် တိုင်းရင်းသားအားလုံးနှင့် သက်ဆိုင်သည့် သဘောတူညီချက် တစ်ရပ်ရရှိပြီး ယုံကြည်မှု တည်ဆောက်ခဲ့သည့် ဖြစ်စဉ်အဖြစ် သမိုင်းဝင် ပင်လုံစာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့ ခြင်းကြောင့်ပင် ဖြစ်ပါသည်။ တစ်နည်းအားဖြင့်ဆိုသော် ပင်လုံစာချုပ်သည် မြန်မာ့လွတ်လပ်ရေးအတွက် အရေးပါသည့် သမိုင်းမှတ်တိုင် တစ်ခု ဖြစ်ရုံမျှမက ခေတ်သစ်မြန်မာ့ နိုင်ငံရေးသမိုင်း၏ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စမှတ်အဖြစ် တည်ရှိခဲ့သည်ကို တွေ့ရမည် ဖြစ်ပါသည်။
● လွတ်လပ်ရေး ရရှိပြီးချိန်မှစ၍ မြန်မာ့လူ့ အဖွဲ့အစည်းအတွင်း ကြုံတွေ့ခဲ့ရသော နိုင်ငံရေး အကွဲအပြဲများကို အခြေခံသည့် ပဋိပက္ခများ၏ ရိုက်ခတ်မှုများကြောင့် ခါးသီးသော အတွေ့အကြုံများကို မိမိတို့ကြုံတွေ့ခဲ့ရပြီး ဖြစ်ပါသည်။ ယနေ့အချိန်အခါ ကာလသည် ထိုခါးသီးသော အတွေ့အကြုံများကို သင်ခန်းစာရယူပြီး ပဋိပက္ခများ ချုပ်ငြိမ်းရန်နှင့် ပြည်ထောင်စုသမ္မတ မြန်မာ နိုင်ငံတော်အတွင်း၌ တိုင်းရင်းသားပေါင်းစုံ အတူတကွ ယှဉ်တွဲနေထိုင်နိုင်ရန် လက်တွဲ ဖော်ဆောင်ရမည့် အချိန် ဖြစ်ပါသည်။
● ထို့ကြောင့် ပြည်ထောင်စုကြီးကို ပင်လုံစာချုပ် လက်မှတ်ရေးထိုးစဉ်က အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တိုင်းရင်းသားခေါင်းဆောင်များ ချမှတ်ခဲ့သည့် အခြေခံမူများဖြင့် ရှင်သန်စေပြီး ပင်လုံစိတ်ဓာတ်ဟု ခေါ်ဆိုအပ်သော တိုင်းရင်းသား စည်းလုံးညီညွတ်ရေး စိတ်ဓာတ်ဖြင့် လက်တွဲတည်ဆောက် ကြရန် တိုက်တွန်းအပ်ပါသည်။
● မြန်မာနိုင်ငံတွင် လက်ရှိဖော်ဆောင်လျက် ရှိသော နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ အုပ်ချုပ်ရေး ပြုပြင်ပြောင်းလဲမှု၊ ပုဂ္ဂလိကကဏ္ဍ မြှင့်တင်ရေးပြုပြင် ပြောင်းလဲမှုများနှင့် ငြိမ်းချမ်းရေး တည်ဆောက်မှု လုပ်ငန်းစဉ် များ အောင်မြင်စေရန် အစိုးရ၊ လွှတ်တော်များ၊ နိုင်ငံရေးပါတီများ၊ နိုင်ငံရေး အင်အားစုများ၊ စီးပွားရေး အသင်းအဖွဲ့များ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ တပ်မတော်၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့ အစည်းများနှင့် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ကြိုးပမ်း ဖော်ဆောင်ကြရန် ထပ်လောင်း တိုက်တွန်းအပ်ပါသည်။
● ရှမ်းပြည်နယ် အတွင်းရှိ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းအများစုနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့ပြီး ပါဝင်သင့် ပါဝင်ထိုက်သောသူများ ပါဝင်မည့်နိုင်ငံရေး ဆွေးနွေးပွဲကြီး ကျင်းပပြုလုပ်နိုင်ရန် ကိုလည်း စီမံဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ နိုင်ငံရေး ဆွေးနွေးပွဲကြီး တွင် ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား မိဘပြည်သူများ အနေဖြင့် သက်ဆိုင်ရာအခန်းကဏ္ဍများမှ ပါဝင်ပြီး အောင်မြင်အောင် ဝိုင်းဝန်းဖော်ဆောင် ပေးကြမည်ဟု ယုံကြည်မျှော်လင့်မိပါသည်။
● ဤကဲ့သို့ မိမိတို့တိုင်းရင်းသား ပြည်သူလူထုအားလုံးသည် ပင်လုံ စိတ်ဓာတ်ကို အခြေခံ၍ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုကို တည်ဆောက်နိုင်ခြင်းဖြင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် အေးချမ်းသာယာပြီး ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော ပါတီစုံ ဒီမိုကရေစီ နိုင်ငံတော် ကြီး ပေါ်ထွန်းလာကာ အနာဂတ်ရည်မှန်းချက်များ အောင်မြင်အောင် ဖော်ဆောင် နိုင်မည်ဖြစ်ကြောင်း သဝဏ်လွှာ ပေးပို့လိုက်ပါသည်။
(ပုံ) သိန်းစိန်
နိုင်ငံတော်သမ္မတ
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
[Read More:http://www.president-office.gov.mm/zg/?q=briefing-room/news/2014/02/07/id-5299]
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬](https://fbcdn-sphotos-h-a.akamaihd.net/hphotos-ak-prn2/t1/p206x206/1780837_833028756722842_1474077353_n.jpg)