29 January 2014

အဝေရာမီးပုံးပျံကွင်း၏ အချို့ သောအကြောင်းအရာ

ယနေ့ facebook စာမျက်နှာတွင် ဖော်ပြထားသော တောင်ကြီးမြို့ မီးပုံးပျံကွင်း ပြသာနာအား လူငယ်ကွန်ယက်များ နှင့် အစ်ကိုတော်များပူးပေါင်း၍ အဖြေရှာ နည်းလမ်းရှာကြရန်လိုအပ်နေပါပြီ မြို့ခံလူထုများမှလဲ ပူးပေါင်းမည်ဟု ယုံကြည်ပါသည် တောင်ကြီးမြို့၏ မီးပုံးပျံကွင်းကိုသော်လည်ကောင်း မြို့ပိုင်မြေမှ တစ်လက်မကိုမျှသော်လည်ကောင်း ထိပါးခံရခြင်းသည် မည်သို့မျှလက်သင့်ခံ အပ်သောကိစ္စမဟုတ်ပါ တောင်ကြီးမြို့ မီးပုံးပျံကွင်းသည် တောင်ကြီးသူ တောင်ကြီးသားများ၏ နှလုံးသာဖြစ်ပါသည် အသက်လဲဖြစ်ပါသည် ထို့ကြောင့် မိမိတို့၏ အသက်ကို ရန်မူလာသည်ကို ကာကွယ်ရန် တောင်ကြီးသား တောင်ကြီးသူများ၏ စုပေါင်းအင်အား ဖြင့်သာ ကာကွယ်နိုင်မည်ဖြစ်သည် .. .... " အဝေရာမီးပုံးပျံကွင်းအား စစ်တပ်ပိုင်ကွင်းအဖြစ် လုံးဝလက်မခံနိုင်ပါ " " အဝေရာမီးပုံးပျံကွင်းသည် တောင်ကြီးမြို့လူထုပိုင်သော ပြည်သူပိုင်ကွင်းဖြစ်သည် " " တောင်ကြီးမြို့ မီးပုံးပျံကွင်းအား ၀ိုင်းဝန်းကာကွယ်ကြပါစို့ " " မီးပုံးပျံကွင်းပြန်လည်ရရှိရေး ဒို့အရေး " တောင်ကြီးသူ၊ တောင်ကြီးသားများ အားလုံးပူးပေါင်းပါဝင်ပေးကြပါလို့ တိုက်တွန်းလိုက်ပါရစေ ခုထဲက အကြံဥာဏ်များ နည်းလမ်းများရှာထားပေးကြပါဗျ ( ဒီပိုစ့်ကိုအားလုံးရှဲပေးထားကြပါ ) စသည်ဖြင့် ရေးသား ထားသည်ကိုတွေ့ ရှိနေရပါသည်။
ယင်းတောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ပြိုင်ပွဲကွင်း၊ အဝေရာမီးပုံးပျံကွင်း၏ မူရင်းသမိုင်းကြောင်းအား ကျွန်တော် စုံစမ်းမိသမျှ သိသမျှတင်ပြရန်မည်ဆိုလျှင် အဆိုပါကွင်းသည် ယခင်ကတည်းက အမှတ် (၂၁၂) ဆက်သွယ်ရေးတပ်ရင်းပိုင်မြေကွက်ဖြစ်ပြီး၊ ၄င်းအတွင်းတွင် အခြေခံပညာမူလတန်းကျောင်းလေး တစ်ကျောင်းရှိခဲ့ပါသည်။ ထိုစဉ်က ရပခတိုင်းမှူး ဗိုလ်ချုပ်သောင်းအေးမှ မီးပုံးပျံပွဲတော်အား စူဠာမုနိရှေ့   ကွင်းငယ်လေးတွင် ကျင်းပနေသည်မှာ နေရာကျဉ်းမြောင်းသည့်အတွက် ပွဲလာပြည်သူ များ သွားလာရေး ခက်ခဲခြင်းများကြောင့်လည်းကောင်း၊ မီးပုံးပျံမီးလောင်ကျလျှင် ပြေးရန်နေရာနည်းပါးခြင်းကြောင့် လည်းကောင်း၊ နေရာကျယ်ပြန့် သည့်ကွင်းအသစ်ရှာဖွေရန် တန်ဆောင်တိုင်ပွဲတော်ဖြစ်မြောက်ရေး
ကော်မတီများဖြင့် ဆွေးနွေးရှာဖွေရာ နောက်ဆုံးတွင် ကျောင်းကြီးစုရပ်ကွက်၊ မြို့   အစွန်ရှိ အမှတ် (၂၁၂) ဆက်သွယ်ရေးတပ်ရင်းပိုင်၊ တက္ကသိုလ်မြေအနောက်ဘက်ကပ်လျှက် (ယခုအဝေရာမီးပုံးပျံကွင်းအား)
 ရွေးချယ်ဆုံးဖြတ်ခဲ့ကြပါသည်။ ယင်းမြေကွက်ပေါ်ရှိ အမကကျောင်းလေးအား အနောက်ဘက်တောင်စောင်း
 ပေါ်ပြောင်းရွှေ့  ခဲ့ပြီး၊ ထိုစဉ်က အနောက်ဘက်တောင်ကုန်းပေါ်တွင် အိမ်ခြေအနည်းငယ်သာရှိခဲ့ပါသည်။ 
၂၀၀၅ ခုနှစ်တွင် အရှေ့  မုဒ်ဦးအား ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် စည်ပင်သာယာရေးတို့  မှ တာဝန်ခံ ဆောက်လုပ်ခဲ့ပြီး၊ မြေညှိခြင်း၊ ကွင်းပြင်ခြင်းများအားဆောင်ရွက်ကာ အန္တရာယ်ကင်း 
ရှင်းရေး၊ မြေနှုတ်ခြင်းများ လည်း မြို့နယ်သံဃနာယကအဖွဲ့ ၊ ပြည်နယ်သံဃနာယကအဖွဲ့၊ သံဃာတော်များ
မှ ပရိတ်တရားတော်ရွတ်ဖတ်ခြင်းများပြုလုပ်ခဲ့ကြပြီး၊ ၂၀၀၅-၂၀၀၆ ခုနှစ်မှ စတင်၍ တန်ဆောင်တိုင်ပွဲ
တော်အားပြောင်းရွှေ့   ကျင်းပခဲ့ကြောင်းသိရှိရပါသည်။ ယခုကျင်းပလာခဲ့သည်မှာ (၈)နှစ်ခန့်   ရှိပြီဖြစ်ပြီး
နိုင်ငံခြားသားများလာရောက်မှုလည်းမြှင့်တက်လာခဲ့ကာ၊ အဆိုပါနေရာဝန်းကျင်တွင် နေအိမ်များပြည့်နှက်
လာခဲ့ပြီးဖြစ်ကာ၊ ကံကြီးရပ်ကွက်မှာလည်း လူနေထူထပ်လာပြီးဖြစ်ပါသည်။ အဆိုပါကွင်းအတွင်းတွင် ရှမ်းပြည်နယ်နေ့ အခမ်းအနား၊ ပြည်ထောင်စုနေ့အခမ်းအနား၊ လွတ်လပ်ရေးနေ့  အခမ်းအနား စသည့် နိုင်ငံတော်အထိမ်းအမှတ်အခမ်းအနားများကျင်းပပြုလုပ်ခြင်းနှင့် မိဘပြည်သူများမှ ကား၊ ဆိုင်ကယ်အမောင်းသင်ခြင်းစသည်တို့   အတွက် အသုံးပြုခဲ့ကြပါသည်။ 
              အမတ်ကြီး ဒေါ်အောင်ဆန်းစုကြည်လာစဉ်တုန်းက ခွင့်ပြုမိန့်  တောင်းခံခြင်းသည် သက်ဆိုင်ရာ သို့   တင်ပြခဲ့သော်လည်း ၊ ယင်းမြေပြင်၏ တာဝန်ရှိ၊ (၂၁၂)တပ်ရင်းနှင့် ညှိနှိုင်းပါက ရနိုင်မည်ဟု ကျွန်တော်
အနေဖြင့်ထင်မြင်မိပါသည်။ 
HAK

No comments:

Post a Comment