18 January 2014

ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ

 ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ
တောင်ကြီး  ဇန်နဝါရီ  ၁၇
ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းအမျိုးသား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား (၁၄) ကြိမ်မြောက် အကြီးတန်း၊ အငယ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို
ယမန်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့နယ် ကျောက်တလုံးကြီး မြို့နယ်ခွဲ နောင်ကားကျေးရွာ အားကစားကွင်း၌ ကျင်းပရာ အငယ်တန်း အသင်း ဗိုလ်လုပွဲတွင် ပုံလောဝ်အသင်းနှင့် အောင်ဆုဗွေ အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပုံလောဝ်အသင်းက ၃ဂိုး-၁ဂိုးဖြင့် အနိုင်ရရှိကာ ဆုပေးပွဲကို ဆက်လက် ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲတွင် ပထမဆုရ ပုံလောဝ်အသင်းကို  ဒိုင်းဆုနှင့် ငွေကျပ် ငါးသိန်း၊  ဒုတိယဆုရ အောင်ဆုဗွေ အသင်းအား ငွေကျပ်သုံးသိန်းကို ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးခွန်ထွန်းမောင်နှင့် တာဝန်ရှိသူများက ဆုများကို ပေးအပ်ချီးမြှင့် ကြသည်။
ထို့နောက် မွန်းလွဲ ၁ နာရီတွင် အကြီးတန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားကြရာ မိုးဗြဲအသင်းမှ လွယ်မော်တန် အသင်းကို ၁ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ပထမဆုရ မိုးဗြဲ အသင်းကို ဆုဖလားနှင့် ငွေကျပ် ၁ဝ သိန်း၊ ဒုတိယဆုရ လွယ်မော်တန် အသင်းအား ငွေကျပ် ငါးသိန်းကို ပအိုဝ်းအမျိုးသား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ် ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိ သူများ၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့်  ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီ ဝင်များ၊ ပြိုင်ပွဲဝင် အသင်းများနှင့် ဒေသခံတိုင်း ရင်းသားများ တက်ရောက်ကြည့်ရှု အားပေးကြကြောင်း သိရသည်။
refind; http://www.myawady.net.mm

No comments:

Post a Comment