28 January 2014

မှန်သော လမ်းကို လျှောက်လှမ်းနိုင်ပါစေ ဒေါ်အောင်ဆန်းစုကြည်


လတ်တလော နိုင်ငံရေး လောကမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ရေး အတားအဆီးဖြစ်နေတဲ့ အခြေခံဥပဒေ ၅၉/စ လုံးကို ပြင်ဆင်နိုင်ရေးအတွက် ရောယောင်ပြီးတသွယ်၊ တည့်တည့်ကြီး တစ်မျိုးကြိုးစားလာတာ တွေ့ရပါတယ်။၅၉/စ လုံးကို ပြင်ဖို့အရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ညာသံပေးပြီး ပြင်ဖို့ ဖိအားပေးသလို အပြောအဆိုလေးတွေလည်းေ တွ့ရပါတယ်။ဒီမှာ တစ်ခု သတိထားမိတာက ယခင်အချိန်တွေတုန်း ကပြည်သူ့အသံကိုကြားချင်ပါတယ် ၊ ပြည်သူတွေကို ချစ်ပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ၅၉/စ ပြင်ဆင် ရေးအတွက် လုံးဝ ဆန္ဒမပြုပါဘူးဆိုတဲ့ ပြည်သူတွေကို ဘာကြောင့်လစ်လျူရှုထားသလဲ ဆိုတာ မေးခွန်းထုတ်စရာဖြစ်
ပါတယ်။ထို့အတူပဲ မီဒီယာ တွေဟာ အမှန်တရားဘက်တော်သားဖြစ်ဖို့အတွက် ဆောင်ရွက်ရမယ့် အနေအထားကနေ ပြီးတော့ စိတ်ခံစားချက်တွေနောက်လိုက်ပြီး အတိုက်အခံနဲ့ လက်နက်ကိုင်တွေရဲ့ လက်ကိုင်တုတ်မီဒီယာတွေ ဖြစ်မှန်း မသိ ဖြစ်နေတော့တာပါပဲ။

၅၉/စ နဲ့ ပတ်သတ်ပြီး အသံတွေ တညံညံ ကြားကတည်း က ကျွန်တော် က ၅၉/စ လုံးကို ဖတ်ကြည့်ဖြစ်တယ် အထူးသဖြင့်လေ့လာကြည့်ဖြစ်ပါတယ်။ ပုဒ်မ ၅၉/စ က ဒီလိုဆိုပါတယ်

-ပုဒ်မ ၅၉(စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာ
တော်ကိုခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူမျာသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။ လို့ဆိုထားတာပါ။

ကျွန်တော် အမြင်အနေနဲ့ ပြောရရင် ဒါဟာ တစ်ဦးတစ်ယောက်အတွက်ရယ်လို့ ရည်စူးထားတာ မျိုး လို့ ယူဆလို့ မရပါဘူး။ဘာကြောင့်လဲဆိုတော့ မြန်မာ နိုင်ငံလို လူဦးရေပေါက်ကွဲမှု ဖြစ်နေတဲ့ နိုင်ငံနှစ်ခု (တရုတ် နဲ့ အိန္ဒိယ)ကြားမှာ ရှိတဲ့ နိုင်ငံတစ်ခု အနေနဲ့ ၅၉/စ လို ဥပဒေမျိုး မရှိရင် ဘယ်လိုဖြစ်သွားမည်လဲ မေးကြည့်စရာပင်လိုမည်မထင်ပါ။ဒါကိုပဲ အတိုက်အခံ လုပ်ပြီး ပြင်ဖို့ အစိုးရကို အတိုက်အခံလုပ်နေတဲ့သူ တွေကို တွေ့ရင် ကျွန်တော် မေးကြည့်ချင်ပါတယ်မြန်မာနိုင်ငံမှာ
ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ပဲ သမ္မတဖြစ် မှရမလား ။ သူမရှိရင် မဖြစ်ဘူးဆိုတာ ဟာ ကိုယ့်စိတ်က ထင်နေတာ ။ သူမရှိရင် မဖြစ်ဘူး၊ ငါမရှိရင် မဖြစ်ဘူးဆိုတာ သင်္ချိုင်းပဲ ရှိပါလိမ့်မယ်။

ကျွန်တော် ဒီ ၂၀၁၄ အစလောက်မှာ ပိုပြီးသတိထားမိတာတစ်ခု ရှိပါတယ်။ဒါဟာ ဘာလဲ ဆိုတော့ ၅၉/စ ပြင်ဖို့ ဆိုပြီး လော်ဘီ တော်တော်လုပ်လာတာတွေ့ရတယ်။ ခါတော်မှီ မီဒီယာတွေကလည်း အချွန်နဲ့ မတယ် ။ ဘယ်မှာတော့ ၉၅ % ထောက်ခံနေပါပြီ ဘာညာပေါ့။ ဒါနဲ့ ဒီ ၂၀၁၄ နှစ်ဦး ပိုင်း အတွင်းမှာ ဒီတစ်လပိုင်းအတွင်းမှာ ၅၉/စ လုံးကို သဘောမတူလို့ဆိုပြီး ဆန္ဒပြမှု ၄ ခါ ပြုလုပ်ခဲ့ကြပါတယ်။

ပထမ ဆုံး ဇန်န၀ါရီလ လ ၃ ရက်နေ့မှာ ၅၉/စ ပယ်ဖျက်ရေးဆိုပြီး လူ ဦးရေ ၇၀ ခန့် က ဗန္ဓုလ ပန်းခြံလမ်းမှာ ဆန္ဒပြခဲ့ကြပါတယ်။

ဒုတိယအကြိမ် ဇန်န၀ါရီလ ၄ ရက်နေ့မှာပဲ ၅၉/စ ပယ်ဖျက်ရေးဆိုပြီး လူ ဦးရေ ၁ ဦးတိတိ ခန့် က ပခုက္ကူမှာ ဆန္ဒပြခဲ့ပါတယ်။

တတိယအကြိမ် ဇန်န၀ါရီလ ၄ ရက်နေ့မှာပဲ ၅၉/စ ပယ်ဖျက်ရေးဆိုပြီး လူ ဦးရေ ၁ ဦးတိတိ ခန့် က နေပြည်တော်မှာ ဆန္ဒပြခဲ့ပါတယ်။

စတုတ္ထအကြိမ် ဇန်န၀ါရီလ ၂၄ ရက်နေ့မှာပဲ ၅၉/စ ပယ်ဖျက်ရေးဆိုပြီး လူ ဦးရေ ၅၀ ဦး ခန့် က တခြမ်းပဲဗလီရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။
အဲ့ဒီမှာ ထူးဆန်းတာ က NLD ပါတီ နဲ့ မီဒီယာတွေ ထုတ်လွှင့်နေသလို ၉၅ % ထောက်ခံပါတယ် ဆိုတာ ထည့်စဉ်းစားစရာပါ။ ဆန္ဒပြပွဲ ၄ ကြိမ်းလုံးအားလုံးပေါင်းမှာရှိတဲ့ လူ စုစုပေါင်း ၁၂၂ ဦးဟာ သန်း ၆၀ သော ပြည်သူကို ကိုယ်စားပြုသလား ။ နောက်ပြီးတော့ လူအင်အားအများဆုံး ဖြစ်တဲ့ ပထမ အကြိမ်နဲ့ စတုတ္ထအကြိမ်မှာ ဘာကြောင့် လူအင်အားများနေသလဲဆိုတာ ပြက္ခဒိန်ကို သေချာကြည့်မိတော့
သောကြာ နေ့တွေ ဖြစ်နေတာ တိုက်ဆိုင်တာလား ။ တိုက်တိုက်ဆိုင်ဆိုင်လုပ်တာလား ဆိုတာ မေးခွန်းထုတ်ချင်စရာပါပဲ။


အချုပ်အနေနဲ့ ရေးရရင်ဖြင့် မြန်မာ နိုင်ငံ လို နိုင်ငံတစ်ခု အတွက် ဟာ ၅၉/စ ကဲ့သို့ ဥပဒေ တစ်ရပ်ဟာ မရှိမဖြစ် သော ဥပဒေ တစ်ခု ပါ။ ဒါကြောင့်ကိုယ်သမ္မတ ဖြစ်ရေး တစ်ခုတည်း အတွက်နဲ့ သန်း ၆၀ ရဲ့ အနာဂါတ်နဲ့ မလဲစေချင်ပါဘူး။ဒေါ်အောင်ဆန်းစုကြည်သမ္မတ မဖြစ်လည်း အခြားအခြားသော လုပ်နိုင်မယ့် ကဏ္ဍတွေမှာ နိုင်ငံအတွက် ပါဝင်ဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်သလို ဆုလည်းတောင်းပါတယ်။

မှန်သော လမ်းကို လျှောက်လှမ်းနိုင်ပါစေ ဒေါ်အောင်ဆန်းစုကြည်

ဦးကြည်ဝင်း
refind; http://www.oppositeyes.info/2014/01/blog-post_2651.html#more

No comments:

Post a Comment