၂၀၁၃ ဒီဇင် ဘာလ
ခရမ်းချဉ်သီးဟာ လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း လေ့လာမှု အသစ်အရ တွေ့ရှိခဲ့တာကို အာရုံကြော ဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း ခေါ်တဲ့ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ များစွာ ပါဝင်ပါတယ်။
လေ့လာမှုအရ သွေးအတွင်း လိုင်ကိုပင်း ပမာဏ များစွာ ရရှိသူတွေဟာ လိုင်ကိုပင်း ပမာဏ နည်းစွာ ရရှိသူတွေထက် လေဖြတ်နိုင်ခြေ ၅၅ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့ ပါတယ်။ လေ့လာသူတွေက ဖင်လန်နိုင်ငံမှ အသက်၄၆နှစ်နဲ့ ၆၅နှစ်ကြား အမျိုးသားပေါင်း ၁၀၃၁ ယောက်ကို ၁၂နှစ် ကြာအောင် လေ့လာ ခဲ့ရာမှာ တွေ့ရှိခဲ့ တာဖြစ်ပါတယ်။တခြားဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ အယ်လ်ဖာ ကယ်ရိုတင်း၊ ဘီတာ ကယ်ရိုတင်း၊ အယ်လ်ဖာ တိုကို ဖီရောနဲ့ ရက်တီနောတွေကိုလည်း လေ့လာမှုပြု ခဲ့ပေမယ့် သူတို့တွေဟာ လေဖြတ် နိုင်ခြေနဲ့ ဆက်စပ်မှု မရှိကြောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
www.myawady.net.mm
1 January 2014
ခရမ်းချဉ်သီးက လေဖြတ် နိုင်ခြေကို လျှော့ချနိုင်
Published with Blogger-droid v2.0.10
Subscribe to:
Post Comments (Atom)
No comments:
Post a Comment