2 January 2014

နာရေး ကူညီမှုအသင်း (ရန်ကုန်)မှ တောင်ကြီးမြို့၌ နယ်လှည့် အခမဲ့ဆေးကုသ ပေးမည်

န်ကုန် ဇန်နဝါရီ ၁
နာရေးကူညီမှု အသင်း (ရန်ကုန်) Mobile Clinic မှ ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ဇန်နဝါရီ ၅ရက်တွင် သွားရောက်၍ အခမဲ့ ဆေးကုသ ပေးမည် ဖြစ်ကြောင်း နာရေးကူညီမှု အသင်းမှ သိရသည်။ အဆိုပါ အခမဲ့ ဆေးကုသပေးခြင်းကို သွားအထူးကု ဆရာဝန်ကြီးများ၊ အရေပြား အထူးကု ဆရာဝန်များနှင့် အထွေထွေ ရောဂါ အထူးကု ဆရာဝန်များ ပါဝင်သော ဆရာဝန် ရှစ်ဦးခန့်က လစဉ်တစ်လ နှစ်ကြိမ် သွားရောက် ကုသပေးလေ့ ရှိကြောင်း ယင်းအသင်း၏ အုပ်ချုပ်ရေး တာဝန်ခံ တစ်ဦးက ပြောကြား ခဲ့သည်။
''ဝေးလံတဲ့ ဒေသကျေးရွာ တွေမှာ ဆေးရုံ၊ ဆေးပေးခန်း ဆိုတာသိပ်မရှိဘူး။ ရှိရင်လည်း ရွာနဲ့ အလှမ်းဝေးလို့ မသွားဘဲ ဆေးမြီး တိုနဲ့ ကုသ နေကြတယ်။ အဲဒီလို ဒေသတွေမှာ သွားရောက် ကုသတဲ့ အခါ တစ်နေ့ကို လူဦးရေ ၆ဝဝ ကျော်၊ ၇ဝဝနီးပါး ရှိတယ်။ ရောဂါ အခြေအနေကို ကြည့်ပြီး ရွာမှာ ကုသလို့ရတဲ့ လူနာကို ကျေးလက် ကျန်းမာရေး စောင့်ရှောက်ရေး အဖွဲ့နဲ့ တိုင်ပင်ပြီး လိုအပ်တာ မှာကြား ပေးတယ်။ ရောဂါရင့်တဲ့ လူနာမျိုး ဆိုရင် ရန်ကုန်က သုခ ကုသိုလ်ဖြစ် ဆေးခန်းမှာ ကုပေး ပါတယ်'' ဟု ၎င်းက ထပ်မံ ရှင်းပြခဲ့သည်။
ယင်းနာရေး ကူညီမှု အသင်း (ရန်ကုန်) Mobile Clinic အဖွဲ့သည် ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များ ခက်ခဲသည့် ဒေသများတွင် လစဉ်ပုံမှန် နှစ်ကြိမ် ဆေးကုသမှုများ အခမဲ့ ဆောင်ရွက်မှုများ အပြင် လိုအပ်သော ဆေးဝါးများကို တစ်လစာပေး၍ ကုသ ပေးလျက် ရှိကြောင်း သိရသည်။
သိုက်ရာဇာ
http://www.myawady.net.mm

No comments:

Post a Comment