
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင်
(၁/၂ဝ၁၄) အစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်ရှိ
ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
ယင်းအစည်းအဝေးသို့ ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော
ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊
ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊
ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊
မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်
ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက
လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ရာ နိဂုံးချုပ်အမှာစကားတွင် နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေး များကိစ္စနှင့် ပတ်သက်၍ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေ၊ ရငွေနှင့် သုံးစွဲရမည့်ငွေ၊ ဘတ်ဂျက် အခြေအနေပေါ်မှာ တွက်ချက်ပြီး အခါအားလျော်စွာ တိုးမြှင့်ထောက်ပံ့ပေးသွား မှာဖြစ်ကြောင်း ကျွန်တော်ပြောကြားခဲ့ ပါတယ်။ ဒီလိုနိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေးများ တိုးမြှင့်ပေးနိုင်ရန် အတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေ အခြေအနေ၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်မှု အလားအလာ၊ ဖြစ်ပေါ် ရိုက်ခတ် လာနိုင်သည့် အကျိုးသက်ရောက်မှုများစသည့် အခြေအနေ အကြောင်းအရာများကို စဉ်းစားသုံးသပ် တွက်ချက် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၃-၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုအစိုးရ အနေဖြင့် နိုင်ငံ့ဝန်ထမ်းများရဲ့ လစာနှင့်စရိတ်၊ ပင်စင်လစာနှင့် ဆုကြေးများကို တိုးမြှင့်သတ်မှတ်ပေးခဲ့ပါတယ်။ ယခုလာမည့် ဘဏ္ဍာရေးနှစ်အရအသုံး ခန့်မှန်းခြေငွေစာရင်းတွင်လည်း နိုင်ငံ့ဝန်ထမ်းများ၏ လစာငွေကို ကျပ် ၂၀၀၀၀ တိုးမြှင့်ပေးရန်နှင့် ပင်စင်လစာနှင့် ဆုကြေးများကိုလည်း အချိုးကျတိုးမြှင့်ပေးရန် ထည့်သွင်း လျာထား ပါကြောင်း ပြောကြားလိုပါကြောင်း ပြောကြားသွားခဲ့ပါသည်။
အပြည့်အစုံဖတ်ရှု နိုင်ရန်နှိပ်ပါ။
refind; http://www.president-office.gov.mm
No comments:
Post a Comment