တောင်ကြီး ဒီဇင်ဘာ ၃ဝ
ရှမ်းပြည်နယ် (တောင်ပိုင်း)
တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက
ပြည်ထောင်စု အစိုးရအဖွဲ့ စီးပွားရေးကော်မတီ၊ စွမ်းအင် သယံဇာတနှင့်
ဓာတ်သတ္တုဆိုင်ရာ ဆပ်ကော်မတီ
အဖွဲ့ဝင်များနှင့် ပြည်နယ် အ ဆင့်
ဆပ်ကော်မတီ အဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ ပေါင်းစပ်ညှိနှိုင်း
ဆွေးနွေးခြင်း အခမ်းအနားကျင်းပရာ စွမ်းအင်သယံ ဇာတနှင့် ဓာတ်သတ္တုဆိုင်ရာ
ဆပ်ကော်မတီဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ဇော်နှင့်
အဖွဲ့ဝင်များ၊ ရှမ်းပြည် နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ကိုယ်ပိုင်
အုပ်ချုပ်ခွင့်ရ ဒေသမှ တာဝန်ရှိသူများ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့်
ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သတ္တုလုပ်ငန်းရှင်များ၊ ကုမ္ပဏီလုပ်ငန်းရှင်
များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ တက်ရောက်ကြသည်။
အခမ်းအနားတွင် စွမ်းအင်သယံဇာတနှင့် ဓာတ်သတ္တုဆိုင်ရာ ဆပ်ကော်မတီဥက္ကဋ္ဌ
စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ စွမ်းအင်သယံဇာတနှင့်
ဓာတ်သတ္တုဆိုင်ရာ ဆပ်ကော်မတီ အတွင်းရေးမှူး စွမ်းအင်ဝန်ကြီးဌာန ညွှန်ကြားရေး
မှူးက ဆပ်ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး
အဖွဲ့ဝင်များဖြစ်သော လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာန အင်ဂျင်နီယာချုပ်၊
သတ္တုတွင်း ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စက်မှုဝန်ကြီးဌာန မှ ဒုတိယ
ညွှန်ကြားရေးမှူးချုပ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ
ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း
ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ ဒုတိယ
ညွှန်ကြားရေးမှူး တို့က မိမိတို့လုပ်ငန်း ကဏ္ဍအ လိုက် ရှင်းလင်း
တင်ပြခဲ့ကြောင်း သိရသည်။http://www.myawady.net.mm
No comments:
Post a Comment