2 January 2014

အစုလိုက် မေးခိုင်ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်း အသိပညာပေး ဆွေးနွေး

တောင်ကြီး ဒီဇင်ဘာ  ၃ဝ
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ သစ်တောရပ်ကွက် မြန်မာနိုင်ငံ ဆရာဝန်များ အသင်းရုံးခန်းမ၌ အစုလိုက် မေးခိုင် ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းအသိပညာပေး ဆွေးနွေးပွဲကို  ယမန်နေ့ နံနက် ၉ နာရီက ကျင်းပရာ
အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက အသိပညာပေး ရှင်းလင်း ပြောကြားသည်။ ထို့ နောက် ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူး  ဒေါက်တာ သန်းထွဋ်ဦးက လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်ကို  ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်ဝန်ကြီးများ၊ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သန်းထွဋ်ဦးနှင့် တာဝန်ရှိသူတို့က အစုလိုက်မေးခိုင်ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်း အသိပညာပေး ဆွေးနွေးပွဲနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm

No comments:

Post a Comment