2 January 2014

လျှပ်စစ်ဝါယာရှော့ခ်ဖြစ် ဂိုဒေါင်တစ်လုံး မီးလောင်မှု ဖြစ်ပွား

တောင်ကြီး   ဇန်နဝါရီ   ၁
ရှမ်းပြည်နယ်  (တောင်ပိုင်း) တောင်ကြီးမြို့ ကန်အောက်ရပ်ကွက် ခတ္တာလမ်း နယ်မြေ (၁) အိမ်အမှတ်(၂၂၈) နမ်းခေမော လျှပ်စစ်ပစ္စည်း
အရောင်းဆိုင် ပိုင်ရှင်  ဦးအိုက်ထွန်း(ဘ) ဦးအိုက်မောင်ခန့်၏ လျှပ်စစ်ပစ္စည်းများ ထားသိုသည့်ဂိုဒေါင် (သွပ်မိုး၊ ပျဉ်ကာ) အတွင်း   တပ်ဆင်ထားသည့် ဝါယာကြိုးမှ တစ်ဆင့် ယနေ့နံနက် ၁ နာရီခွဲတွင် ဝါယာရှော့ခ် ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်မှုအား တောင်ကြီးမြို့  မီးသတ်ဌာနမှ မီးသတ်ယာဉ် ခြောက်စီး၊ အေးသာယာ မီးသတ်ဌာနမှ မီးသတ်ယာဉ် တစ်စီး၊ ရွှေညောင် မီးသတ်ဌာနမှ မီးသတ် ယာဉ်တစ်စီး၊ မြို့နယ် စည်ပင်ဌာနမှ ရေသယ်ယာဉ် နှစ်စီး၊ ပုဂ္ဂလိက ရေသယ်ယာဉ် နှစ်စီး၊ ပုဂ္ဂလိက ထော်လာဂျီ ရေသယ်ယာဉ် ငါးစီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၂ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။
အဆိုပါ မီးလောင်မှုကြောင့် ငွေကျပ် သိန်း ၃ဝ ခန့် ဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့် ဦးအိုက်ထွန်း အား တောင်ကြီးမြို့မ ရဲစခန်းမှ မမစ(တက)၏ (ပ) ၈/၂ဝ၁၄ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm

No comments:

Post a Comment