8 January 2014

တောင်ကြီးမြို့၊ မြစံပယ်ခန်းမတွင် သစ္စာပြတင်း အနုပညာပြပွဲကျင်းပခဲ့

၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ မြစံပယ် ခန်းမတွင်  "သစ္စာပြတင်း အနုပညာပြပွဲ ၂ဝ၁၄"   ပြပွဲအားဇန်နဝါရီလ ၄ ရက်ကနေ ၆ ရက်နေ့အထိ သုံးရက်ကြာ ပန်းချီအနုပညာလက်ရာများ ပြသခဲ့ကြောင်း၊ အဆိုပါ ပြခန်းတွင် ဗိုလ်ချု ပ်အောင်ဆန်း၏
ပန်းချီ၊ သရုပ်ဖော်ပန်းချီ၊ မော်ဒန်ပန်းချီ များအား ဆီဆေး၊ ရေဆေးများဖြင့်လည်းကောင်း၊ နိုင်ငံ့အာဇာနည်
များ၏ သမိုင်းဝင်ပုံများအားလည်းကောင်း ပြသထားရှိပြီး၊ အ၀င်/အထွက်ပေါက်တွင် ဗိုလ်ချုပ်ပုံနှင့်
 ဒေါ်အောင်ဆန်းစုကြည်တို့၏  ပုံများအားအသင့်ချထားပေးပြီး စိတ်ကြိုက်ဆေးရောင်စုံချယ်သရန် ဆောင်
ရွက်ထားပေးကြောင်း တွေ့ရှိရပါသည်။
HAK

No comments:

Post a Comment