8 January 2014

သတင်းထောက်အား-ရဲဝန်ထမ်းဟောင်းမိသားစုဝင်မှ ရိုက်နှက်

တောင်ကြီး၊၈-၁-၂၀၁၄။

၎-၁-၂၀၁၄၊အချိန်ည၈း၃၀ ခန့် တွင်တောင်ကြီးမြို့ ၊ကျောင်းကြီးစုရပ်ကွက် ၊အနောက်မြို့ ပတ်လမ်း၊နေ သျှမ်းသံတော်ဆင့်သတင်းထောက်၊ရှမ
်းမလေး(ယိင်းတိုင်း) အားဆီဆိုင်မြို့ နေ ၊
စိုင်းပြည့်ဖြိုးထွန်း(ဖခင်ရဲဝန်ထမ်းဟောင်း)က ကိုယ်ထိလက်ရောက်ရိုက်မှုတစ်ခုဖြစ်ခဲ့ ပါသည်ဟု
ရှမ်းမလေးကပြောပြသည်။

``ည၈နာရီခွဲ အိမ်ပြန်လာတဲ့ အချိန်မှာ၊အိမ်ထဲကိုချောင်းကြည့်ပြီးရပ်နေတဲ့ လူတစ်ယောက်ကို
တွေ့ ရတယ်၊မိမိဘာသာအိမ်ထဲဝင်လာစဉ်၊ဘာကြည့်တာလဲ လို့ ပြောပြီးရိုက်လိုက်တယ်၊
ဘာနဲ့ မှန်းတော့သေချာမသိပေမဲ့ ပါးဘယ်ဘက်ခြမ်းမှာပေါက်ပြဲသွားတယ်၊ရိုက်ပြီးထွက်ပြေးရန် လုပ်ချိန်မှာ အတင်းဆွဲဖမ်းထားပြီး၊အကူအညီတောင်းခံသဖြင့်မိမိမောင်နှင့်၊အိမ်နားဝန်းကျင်မှ လူများရောက်လာပြီး၊အကူအညီပေးသဖြင့် တရားခံကိုဖမ်းဆီးပြီး၊ရဲစခန်းသို့ ပို့ နိုင်ခဲ့ သည်။
ဒါပေမဲ့ ရဲ များက ရဲဝန်ထမ်းဟောင်းသားဖြစ်နေသဖြင့်ကျေအေးခိုင်းပြီး၊ ယခုထက်ထိ နစ်နာမှုအတွက် ထိထိရောက်ရောက်ဆောင်ရွက်ခြင်းမရှိပဲ၊ပါးမှဒဏ်ရာပျောက်သည့်အထိ ၊အချိန်ဆွဲထားတယ်လို့ ထင်တယ်``ဟုရှမ်းမလေးကပြောသည်။

ထိုကိစ္စကိုအမှုဖွင့်ထားပြီးဆေးရုံမှ ဆေးစာများလည်းသက်သေရှိကြောင်းယင်းကပြောပါသည်။

လေးကြီး(ရှမ်းပြည်)

No comments:

Post a Comment