17 January 2014

အင်းလေးကန် ပြုပြင်ထိန်းသိမ်းရေး ကန်အောက် ကျေးရွာများ ကန်ချဲ့ထွင်လမ်း ရှင်းမှုများ ပြုလုပ်

 အင်းလေးကန် ပြုပြင်ထိန်းသိမ်းရေး ကန်အောက် ကျေးရွာများ ကန်ချဲ့ထွင်လမ်း ရှင်းမှုများ ပြုလုပ်
ရန်ကုန် ဇန်နဝါရီ  ၁၅
အင်းလေးကန် ရေလမ်းကြောင်း ကောင်းမွန်ရေး အတွက်
အင်းလေးကန် အောက်ပိုင်းရှိ ကန်အောက် ကျေးရွာများဖြစ်သည့် လယ်သစ်၊ သပြေပင်၊ မင်းချောင်း အစရှိသည့် ကျေးရွာများ၌ ကန်ချဲ့ထွင်လမ်းရှင်းမှု လုပ်ငန်းများ ဆောင်ရွက်ကြသည်။
''ကန်အောက် ကျေးရွာတွေဖြစ်တဲ့ လယ်သစ်၊ သပြေပင်၊ မင်းချောင်း အစရှိတဲ့ ကျေးရွာတွေကနေ ရေလမ်းကြောင်း ရှင်းလင်းရေး အနေနဲ့ ဆောင်ရွက်တာပါ၊ အင်းလေးကန်ကို ကိုယ်နိုင်သလောက် ပြုပြင် ထိန်းသိမ်းတဲ့ သဘောပါ''ဟု အင်းလေးကန် မောင်နှမများအဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ဆိုသည်။
အင်းလေးကန်မှာ သက်တမ်း နှစ် ၅ဝ အတွင်း ကန်ရေ ဆိုးဆိုးရွားရွား ခန်းခြောက်လာခြင်းကြောင့် ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်နိုင်သည့် ခရီးစဉ် (Destination) တစ်ခု ဆုံးရှုံးမည်ကို မြန်မာ ခရီးသွား လုပ်ငန်းများမှ စိုးရိမ်နေကြောင်းကိုလည်း သိရသည်။
အင်းလေးကန်မှာ နိုင်ငံခြား ခရီးသွား ဧည့်သည်များအား ဆွဲဆောင်သော (Tourist Attraction) နေရာဖြစ်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဝင်ငွေရရှိရေးတွင် အရေးပါသည့် တောင်ပေါ် ကန်ကြီးတစ်ခု ဖြစ်ကြောင်း သိရသည်။
မိုးမြင့်ကျော်
http://www.myawady.net.mm

No comments:

Post a Comment