8 January 2014

တောင်ကြီးမြို့ တိုးချဲ့ရေပေးဝေရေး နားယောင်းမှ ရတနာသီရိသို့ ရေရောက်ရှိမှု အထိမ်းအမှတ် အခမ်းအနား ကျင်းပ

တောင်ကြီး  ဇန်နဝါရီ  ၇
ရှမ်းပြည်နယ် စည်ပင်သာယာရေး ကော်မတီ တောင်ကြီးမြို့ တိုးချဲ့ရေပေးဝေရေး နားယောင်းမှ ရတနာသီရိသို့ ရေရောက်ရှိ မှု အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ရတနာသီရိ အမှတ်(၉)အခြေခံပညာ
အထက်တန်း ကျောင်း ခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးများ၊ မြို့မိမြို့ဖများ၊ ရေရရှိရေး ကော်မတီများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။ အခမ်းအနားသို့ နား ယောင်း ရေစက်ရုံမှ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က စက်ခလုတ်နှိပ် ဖွင့်လှစ်၍ အမွှေးနံ့သာ ရည်များ ပက်ဖျန်းပေး ကာ ပြည်နယ် ဝန်ကြီးချုပ်က အဖွင့် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းလှဝင်းက  ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့ မှာ  အကျယ်အဝန်း စတုရန်းမိုင် ၁၃ ဒသမ ၉၆ ကျယ်ဝန်းပြီး ရပ်ကွက်၂၂ ရပ်ကွက်၊ အိမ်ခြေ ၂၁၆၈၅ နှင့် လူဦးရေ ၁၃၁၁၉၇ ဦးရှိကာ တစ်ရက်ခန့်မှန်း ရေလိုအပ်ချက်မှာ ဂါလန် ၂၆ ဒသမ ၂၃ သိန်း ရှိပြီး တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ဌာန အနေဖြင့် ထီသိမ်၊ ထီသိမ်ကျောက်တန်းရေထွက်၊ ပါမိုးနဲ၊ ရေထွက်ဦး၊ တောင်ကျောင်းကြီးရေထွက် တို့မှ ထွက်ရှိသော ရေ များနှင့် နားယောင်းရေထွက်မှ ထွက်ရှိသော ရေများကို ရေစုကန်များသို့ အဆင့်ဆင့် တင်ပို့၍ ရတနာသီရိ၊ ပြည်တော်သာ၊ ချမ်းမြသာစည်၊ စဝ်စံထွန်းရပ်ကွက် နေပြည်သူများအား ရေကောင်းရေသန့် ဖူလုံစွာ သုံးစွဲနိုင်ရေး ဆောင်ရွက်နိုင်မှု တို့ကို ရှင်း လင်း ပြောကြားခဲ့ကြောင်း သိရသည်။    

No comments:

Post a Comment