29 January 2014

အဝေရာမီးပုံးပျံကွင်း၏ အချို့ သောအကြောင်းအရာ

ယနေ့ facebook စာမျက်နှာတွင် ဖော်ပြထားသော တောင်ကြီးမြို့ မီးပုံးပျံကွင်း ပြသာနာအား လူငယ်ကွန်ယက်များ နှင့် အစ်ကိုတော်များပူးပေါင်း၍ အဖြေရှာ နည်းလမ်းရှာကြရန်လိုအပ်နေပါပြီ မြို့ခံလူထုများမှလဲ ပူးပေါင်းမည်ဟု ယုံကြည်ပါသည် တောင်ကြီးမြို့၏ မီးပုံးပျံကွင်းကိုသော်လည်ကောင်း မြို့ပိုင်မြေမှ တစ်လက်မကိုမျှသော်လည်ကောင်း ထိပါးခံရခြင်းသည် မည်သို့မျှလက်သင့်ခံ အပ်သောကိစ္စမဟုတ်ပါ တောင်ကြီးမြို့ မီးပုံးပျံကွင်းသည် တောင်ကြီးသူ တောင်ကြီးသားများ၏ နှလုံးသာဖြစ်ပါသည် အသက်လဲဖြစ်ပါသည် ထို့ကြောင့် မိမိတို့၏ အသက်ကို ရန်မူလာသည်ကို ကာကွယ်ရန် တောင်ကြီးသား တောင်ကြီးသူများ၏ စုပေါင်းအင်အား ဖြင့်သာ ကာကွယ်နိုင်မည်ဖြစ်သည် .. .... " အဝေရာမီးပုံးပျံကွင်းအား စစ်တပ်ပိုင်ကွင်းအဖြစ် လုံးဝလက်မခံနိုင်ပါ " " အဝေရာမီးပုံးပျံကွင်းသည် တောင်ကြီးမြို့လူထုပိုင်သော ပြည်သူပိုင်ကွင်းဖြစ်သည် " " တောင်ကြီးမြို့ မီးပုံးပျံကွင်းအား ၀ိုင်းဝန်းကာကွယ်ကြပါစို့ " " မီးပုံးပျံကွင်းပြန်လည်ရရှိရေး ဒို့အရေး " တောင်ကြီးသူ၊ တောင်ကြီးသားများ အားလုံးပူးပေါင်းပါဝင်ပေးကြပါလို့ တိုက်တွန်းလိုက်ပါရစေ ခုထဲက အကြံဥာဏ်များ နည်းလမ်းများရှာထားပေးကြပါဗျ ( ဒီပိုစ့်ကိုအားလုံးရှဲပေးထားကြပါ ) စသည်ဖြင့် ရေးသား ထားသည်ကိုတွေ့ ရှိနေရပါသည်။
ယင်းတောင်ကြီးမြို့ တန်ဆောင်တိုင်ပွဲတော်ပြိုင်ပွဲကွင်း၊ အဝေရာမီးပုံးပျံကွင်း၏ မူရင်းသမိုင်းကြောင်းအား ကျွန်တော် စုံစမ်းမိသမျှ သိသမျှတင်ပြရန်မည်ဆိုလျှင် အဆိုပါကွင်းသည် ယခင်ကတည်းက အမှတ် (၂၁၂) ဆက်သွယ်ရေးတပ်ရင်းပိုင်မြေကွက်ဖြစ်ပြီး၊ ၄င်းအတွင်းတွင် အခြေခံပညာမူလတန်းကျောင်းလေး တစ်ကျောင်းရှိခဲ့ပါသည်။ ထိုစဉ်က ရပခတိုင်းမှူး ဗိုလ်ချုပ်သောင်းအေးမှ မီးပုံးပျံပွဲတော်အား စူဠာမုနိရှေ့   ကွင်းငယ်လေးတွင် ကျင်းပနေသည်မှာ နေရာကျဉ်းမြောင်းသည့်အတွက် ပွဲလာပြည်သူ များ သွားလာရေး ခက်ခဲခြင်းများကြောင့်လည်းကောင်း၊ မီးပုံးပျံမီးလောင်ကျလျှင် ပြေးရန်နေရာနည်းပါးခြင်းကြောင့် လည်းကောင်း၊ နေရာကျယ်ပြန့် သည့်ကွင်းအသစ်ရှာဖွေရန် တန်ဆောင်တိုင်ပွဲတော်ဖြစ်မြောက်ရေး
ကော်မတီများဖြင့် ဆွေးနွေးရှာဖွေရာ နောက်ဆုံးတွင် ကျောင်းကြီးစုရပ်ကွက်၊ မြို့   အစွန်ရှိ အမှတ် (၂၁၂) ဆက်သွယ်ရေးတပ်ရင်းပိုင်၊ တက္ကသိုလ်မြေအနောက်ဘက်ကပ်လျှက် (ယခုအဝေရာမီးပုံးပျံကွင်းအား)
 ရွေးချယ်ဆုံးဖြတ်ခဲ့ကြပါသည်။ ယင်းမြေကွက်ပေါ်ရှိ အမကကျောင်းလေးအား အနောက်ဘက်တောင်စောင်း
 ပေါ်ပြောင်းရွှေ့  ခဲ့ပြီး၊ ထိုစဉ်က အနောက်ဘက်တောင်ကုန်းပေါ်တွင် အိမ်ခြေအနည်းငယ်သာရှိခဲ့ပါသည်။ 
၂၀၀၅ ခုနှစ်တွင် အရှေ့  မုဒ်ဦးအား ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် စည်ပင်သာယာရေးတို့  မှ တာဝန်ခံ ဆောက်လုပ်ခဲ့ပြီး၊ မြေညှိခြင်း၊ ကွင်းပြင်ခြင်းများအားဆောင်ရွက်ကာ အန္တရာယ်ကင်း 
ရှင်းရေး၊ မြေနှုတ်ခြင်းများ လည်း မြို့နယ်သံဃနာယကအဖွဲ့ ၊ ပြည်နယ်သံဃနာယကအဖွဲ့၊ သံဃာတော်များ
မှ ပရိတ်တရားတော်ရွတ်ဖတ်ခြင်းများပြုလုပ်ခဲ့ကြပြီး၊ ၂၀၀၅-၂၀၀၆ ခုနှစ်မှ စတင်၍ တန်ဆောင်တိုင်ပွဲ
တော်အားပြောင်းရွှေ့   ကျင်းပခဲ့ကြောင်းသိရှိရပါသည်။ ယခုကျင်းပလာခဲ့သည်မှာ (၈)နှစ်ခန့်   ရှိပြီဖြစ်ပြီး
နိုင်ငံခြားသားများလာရောက်မှုလည်းမြှင့်တက်လာခဲ့ကာ၊ အဆိုပါနေရာဝန်းကျင်တွင် နေအိမ်များပြည့်နှက်
လာခဲ့ပြီးဖြစ်ကာ၊ ကံကြီးရပ်ကွက်မှာလည်း လူနေထူထပ်လာပြီးဖြစ်ပါသည်။ အဆိုပါကွင်းအတွင်းတွင် ရှမ်းပြည်နယ်နေ့ အခမ်းအနား၊ ပြည်ထောင်စုနေ့အခမ်းအနား၊ လွတ်လပ်ရေးနေ့  အခမ်းအနား စသည့် နိုင်ငံတော်အထိမ်းအမှတ်အခမ်းအနားများကျင်းပပြုလုပ်ခြင်းနှင့် မိဘပြည်သူများမှ ကား၊ ဆိုင်ကယ်အမောင်းသင်ခြင်းစသည်တို့   အတွက် အသုံးပြုခဲ့ကြပါသည်။ 
              အမတ်ကြီး ဒေါ်အောင်ဆန်းစုကြည်လာစဉ်တုန်းက ခွင့်ပြုမိန့်  တောင်းခံခြင်းသည် သက်ဆိုင်ရာ သို့   တင်ပြခဲ့သော်လည်း ၊ ယင်းမြေပြင်၏ တာဝန်ရှိ၊ (၂၁၂)တပ်ရင်းနှင့် ညှိနှိုင်းပါက ရနိုင်မည်ဟု ကျွန်တော်
အနေဖြင့်ထင်မြင်မိပါသည်။ 
HAK

28 January 2014

ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် မကွယ်လွန်မှီ တလအကျော်မှာ ပြောခဲ့သော စကားများ

ပြည်ထောင်စုနေ. နီးလာတာကြောင့် ပြည်ထောင်စုနှင့် ပတ်သက်ပြီး တောင်တန်းဒေသ နယ်ကိစ္စနဲ.ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် မကွယ်လွန်မှီ တလအကျော်မှာ ပြောခဲ့သော စကားတွေဟာ နောင်လာ နောက်သားတွေအတွက်လေးနက်တဲ့ တွေးခေါ်စရာ စဉ်းစားစရာ မေးစရာတွေအဖြစ် တန်ဘိုးကြီးမားတဲ့ သမိုင်းအထောက်အထားအဖြစ် ကျန်ရစ်နေဆဲပါ။
ကျွန်တော်တို. တင်သွင်းတဲ့အကြံဥာဏ်တွေ ဒါတွေကို သဘောမကျလို ဆိုလျှင် သဘောမတူတဲ့အတိုင်း တောင်တန်းနယ်ဘက်ဆိုင်ရာ ကိုယ်စားလှယ်တွေဟာ သဘောရှိ ဗမာပြည်နှင့် မပေါင်းဘဲ နေချင် နေနိုင်ပါတယ်။

၁၉၄၇ ခု ဇွန်လ ၁၆ ရက်နေ. တိုင်းပြုပြည်ပြု လွှတ်တော်အစည်းအဝေးတွင်း ပြောကြားခဲ့သော ဗိုလ်ချုပ်အောင်ဆန်း၏ “လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင် မြန်မာနိုင်ငံတော်အတွက် ရေးဆွဲမည့် ဖွဲ.စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနှင့် ပတ်သက်သည့် လမ်းညွှန်ပြဌာန်းချက်အဆို Directive Resolution မှ ကောက်နှုတ်ချက်။

မူလ ပထမတုန်းက ကျွန်တော်တင်သွင်းရမယ့် အဆိုဟာ ဖဆပလ ပဏာမ ညီလာခံတုန်းက ဆုံးဖြတ်ခဲ့တဲ့ အဆိုဘဲဖြစ်ပါတယ်။ သို.သော်လဲ ဒီအဆိုကို ဖတ်ကြည့်တဲ့အခါ ပြင်စရာလိုနေတဲ့ အချို.အချက်အလက်တွေကို တွေ.ရပါတယ်။ ဖဆပလ ညီလာခံတုန်းကနေပြီးတော့ ရိုက်ပြီး ဝေထားတဲ့ စာအုပ်ရှိပါတယ်။ ဒီအထဲမှာ ကြည့်မယ်ဆိုရင် တွေ.ရပါလိမ့်မယ်။ အဲဒီ ဆုံးဖြတ်ချက်မူကို ကျွန်တော်ပြင်ဆင်ထားပါတယ်။ ပြင်ဆင်ထားတာကတော့ နိဒါန်းစကားချီးမှာ တောင်တန်းဒေသများနှင့် ကရင်နှီနယ်များ အပါအ၀င်ဖြစ်သော မြန်မာနိုင်ငံတော်သူ နို်င်ငံတော်သားတို.၏ ကိုယ်စားလှယ်များသည် တိုင်းသူပြည်သားတို.၏ အာသီသ ဆန္ဒနှင့် လျော်ညီစွာ နိုင်ငံတော် ဖွဲ.စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို စီစဉ်ရေးဆွဲရန် အလို.ငှာ စုံညီစုဝေးရုံလောက်ကလွဲပြီး တခြားသဘောမပါဝင်အောင် ပြင်ဆင်ထားပါသည်။

“ယခု (State) ဆိုတဲ့ နိုင်ငံတော်ကြီးကို ကျွန်တော်တို. ဗမာပြည်မှာ မဖွဲ.စည်းမိကြသေးပါဘူး။ အဲဒီတော့ ဒီဖွဲ.စည်းမယ့် နိုင်ငံတော်မှာ ဘယ်နယ်တွေ ဘယ်နယ်တွေ ပါမယ်ဆိုတာ ကျွန်တော်တို. ကျကျနန သတ်မှတ်ပြီးသား မဖြစ်နိုင်သေးပါဘူး။ ယခု ကျွန်တော် ဆွေးနွေးရန်အချက်ဟာ နိုင်ငံတော် ဖွဲ.စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေသည် မြန်မာပြည်ထောင်စု နိုင်ငံတော်ဟု ခေါ်တွင်စေသော အချုပ်အခြာ အာဏာပိုင် သမတနိုင်ငံ ဖွဲ.စည့်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ဖြစ်ရမည်ဆိုတဲ့ အချက်ကိုသာ ဆွေးနွေးရန် ဖြစ်ပါသည်။

“ မြန်မာပြည်ထောင်စု နိုင်ငံဆိုတာ ကျွန်တော် အထူး ရှင်းပြောစရာမလိုပါဘူး။ ဒီနိုင်ငံတော်ကို ပြည်ထောင်တွေ စုပြီး ထားမယ်ဆိုတဲ့ သဘောလောက်ပါဘဲ။ ပြည်ထောင်စု နိုင်ငံတော်ဆိုကတည်းက ကျွန်တော်တို. အခု ဖွဲ.စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေဟာ ( Unitary Constitution) လူတမျိုးထဲဆိုတဲ့ နိုင်ငံမျိုးမဟုတ်ဘဲနှင့် လူမျိုးပေါင်းစုံ ပြည်ထောင်စု နိုင်ငံတော်ဆိုတဲ့ အဓိပ္ဗါယ်ရောက်သွားပါတယ်။

“ အဲဒီတော့ ကျွန်တော်ကနေပြီး ပြည်ထောင်စု နိုင်ငံတော်အဖြစ် ဖွဲ.စည်းအပ်တယ်လို. အဆိုတင်သွင်းတဲ့ကိစ္စမှာ ယခုကြွရောက်လာတဲ့ အမတ်မင်းများက ဗမာနိုင်ငံတော်ကို ဒီလိုပြည်ထောင်စုနိုင်ငံတော်အဖြစ်နဲ. ဖွဲ.စည်းအပ်တယ်လို.ဆိုတဲ့ အခြေခံမူဟာ သင့် မသင့် ကို ဒီလွတ်တော်ကြီးက စဉ်းစားဘို.ပါဘဲ။ ကျွန်တော်တို. အခု ဖြစ်နေတဲ့ ဗမာပြည်ရဲ့ အခြေအနေတွေကို ထောက်လို.ကြည့်ရင် ကျွန်တော်တို. နိုင်ငံတော်ကို ပြည်ထောင်စု နိုင်ငံတော်အဖြစ်နဲ. ဖွဲ.စည်း ထည်ထောင်မှသာလျှင် သင့်တော် လျှောက်ပတ်ပါလိမ့်မယ်လို. ယူဆတဲ့အတိုင်း ဒီအခြေခံသဘောထားကို ဒီအဆိုထဲမှာ ထည့်သွင်းပြီး ဒီမှာ တင်ပြထားခြင်းအားဖြင့် ယခု တိုင်းပြုပြည်ပြု လွတ်တော်ကို ကြွရောက်လာတဲ့ တောင်တန်းဒေသသားများက ကိုယ်စားလှယ်အမတ်များဟာ
ပြည်ထောင်စု နိုင်ငံတော်တွင် သူတို. သက်ဆိုင်ရာနယ်များ ပါဝင်ပြီးသား ဖြစ်သွားမလား ဆိုပြီး သံသယရှိနေတယ်လို. ကျွန်တော်သိရပါတယ်။ အဲဒီတော့ ဒီကိစ္စနှင့်ပတ်သက်လို. တိတိလင်းလင်း ရှင်းချင်တာကတော့ ဗမာပြည်ထောင်စု နိုင်ငံတော်လို. ခေါ်တွင်ဘို.ဆိုပြီးတော့ အဲဒီအထဲမှာ တင်ပြထားပေမယ့် ဒီပြည်ထောင်စု နိုင်ငံတော်ထဲမှာ ဘယ်နယ်တွေပါပြီး ဘယ်နယ်တွေ ပါရမယ်လို. သတ်မှတ်ထားခြင်း မရှိသေးပါဘူး။



“ သည်တော့ တောင်တန်းဒေသကနေပြီး တက်ရောက်လာကြတဲ့ ကိုယ်စားလှယ်တွေဟာ ဘာမှ ဒီကိစ္စနှင့် ပတ်သက်ပြီး စိုးရိမ်စရာ အလျှင်းမရှိပါဘူး။

“ ပြည်ထောင်စု မြန်မာနိုင်ငံတော်ထဲမှာ ကိုယ်ပါချင်မှ ကိုယ့်နယ်ဆိုင်ရာကနေပြီး ပါချင်မှ ပါနိုင်တာဘဲ။

“ ဒီ တိုင်းပြူပြည်ပြု လွတ်တော် မဖွဲ.စည်းမီအခါမှာ တိုင်းပြုပြည်ပြု လွတ်တော်ဖွဲ.စည်းရန် ကျွန်တော်တို. သဘောတူညီချက်တွေ စာချုပ် အမျိုးမျိုး ချုပ်တဲ့အခါတုန်းက တောင်တန်းဒေသက ကိုယ်စားလှယ်များနဲ. ကျွန်တော်တို. ချုပ်ဆိုခဲ့တဲ့ စာချုပ်အရဆိုရင်ဖြစ်စေ၊ နောက်ပြီးတော့ တောင်တန်းဒေသဆိုင်ရာ စုံစမ်းရေး အစီရင်ခံစာမှ ထောက်ခံချက်များကို ကျွန်တော်တို. လက်ခံလာသည့်အတိုင်းဖြစ်စေ အဲသည်လို လက်ခံထားတဲ့ စာသဘောတင်မကဘဲ ( Not only the Letter of agreement) ဒီစာသဘောကို ကျွန်တော်တို. သဘောတူညီ လာခဲ့ဒါတင်မကဘဲ ကျွန်တော်အဖို.မှာ ဆိုလို.ရှိရင် ( The Spirit of the agreement) သဘောတူညီလာခဲ့တဲ့ တကယ့် အရင်းခံ သဘောတရားကို လက်ခံပြီး ဒီအတိုင်းဘဲ တိုင်းပြုပြည်ပြု လွတ်တော်မှာ လုပ်ပါဆိုတာ တောင်တန်းနယ်ဆိုင်ရာ ကိုယ်စားလှယ်များ တိတိလင်းလင်း နားလည်စေချင်ပါတယ်။

“ ကျွန်တော်တို. ပေးပြီးသား ကတိ၊ နားလည်ပြီးသား သဘော တူညီချက်တွေကို နယ်ချဲ.သမားတွေလို ကျွန်တော်တို. ဖောက်ဖျက်ခြင်း မလုပ်ပါဘူး၊“ အဲဒီလို ပေးပြီးသား ကတိနဲ. နားလည်ပြီးသား သဘောတူညီချက်တွေကို ဖောက်ဖျက်မလားလို. သံသယရှိခဲ့တဲ့လူတွေဟာ ဥက္ကဌမင်း ခွင့်ပြုချက်အရ ပြောရရင် ကျွန်တော်ရဲ့ ( Sense of honour, sense of self-respect, sense of pride) တို.ကို စော်ကားတယ်လို. ကျွန်တော်ယူဆပါတယ်။

“ အဲဒီတော့ ကျွန်တော်တို. ပေးပြီးကတိ၊ နားလည်ပြီးသား သဘောတူညီချက်အရ တောင်တန်းနယ်တွေက ကိုယ်စားလှယ်တွေဟာ တိုင်းပြုပြည်ပြု လွတ်တော်ထဲ ရောက်လာတဲ့အခါ သေသေချာချာ နားလည်စေချင်တာက ဘယ်နည်းနှင့်မှ ကျွန်တော်တို. ဗမာလူများစုဖြစ်တဲ့ လူတွေဟာ ခင်ဗျားတို.ကို အတင်းအားဖြင့် ကျွန်တော်တို. ပြည်ထောင်စုထဲကို မသွင်းပါဘူး။

“ သဘော မတူဘဲ မနေနိုင်တဲ့ အခြေအနေမျိုးကို လက်တလုံးခြား လိမ်တဲ့နည်းနဲ.လဲ ကျွန်တော်တို. မလုပ်ပါဘူးဆိုတာ အတိအလင်း နားလည်စေချင်ပါတယ်။“ ဒီနေရာမှာ ကျွန်တော် ထပ်ရှင်းချင်တာက တနေ.တုန်းက ကျွန်တော်ဆီ စာတစောင် ရောက်လာပါတယ်။ အမှန်စင်စစ်က ကျွန်တော်တို. တောင်တန်းနယ် ကိုယ်စားလှယ်များ ပြောလို.လား ဒီလိုမှမဟုတ်ရင်လဲ တောင်တန်းနယ်ဆိုင်ရာ ညွှန်ကြားရေးဝန်က သူ.ဖာသာ အနေသာကြီး မြင်းကမလှုပ် ခုံကလှုပ်တာလား ဒါတော့ ကျွန်တော် မပြောတတ်ဘူး။

“ သို.သော်လဲ သူ.ဆီကတဆင့်နေပြီးတော့ တောင်တန်းဒေသ ဆိုင်ရာ ကိစ္စနှင့် ပတ်သက်ပြီး တိုင်းပြုပြည်ပြု လွတ်တော်မှာ ဆွေးနွေးတဲ့အခါ အင်မတန် စိုးရိမ်ကြောင်းကြနေတဲ့အကြောင်း ကျွန်တော် စာတစောင်ရပါတယ်။

“ ဒီတိုင်းပြုပြည်ပြု လွတ်တော်ရုံးကလဲ ရသလား မပြောတတ်ဘူး။ အဲဒီစာထဲမှာ ဘာ ပါသလဲဆိုရင် ကျွန်တော် မှတ်မိသလောက် ပြောရရင် တောင်တန်းနယ်ဆိုင်ရာ ကိစ္စအရပ်ရပ် ကို ဒီတိုင်းပြုပြည်ပြုလွတ်တော်ကနေပြီး ဆုံးဖြတ်တဲ့အခါ ဆိုင်ရာဆိုင်ရာနယ်ရဲ့ ကိုယ်စားလှယ်များ စုရုံးသဘောတူညီချက် မရဘဲနှင့် တိုင်းပြုပြည်ပြု လွတ်တော်ကနေပြီး မဆုံးဖြတ်နိုင်ဘူးဆိုတာ ကျွန်တော်တို. တောင်တန်းနယ် စုံစမ်းရေးအဖွဲ.တုန်းက ထောက်ခံချက် ပေးခဲ့ပါတယ်။ အဲဒါလဲ အမှန်စင်စစ် ကျွန်တော်တို. အကြံပေးတဲ့အတိုင်း ထည့်ခဲ့ခြင်း ဖြစ်ပါတယ်။



“ အဲဒီမှာဆိုရင် ဆိုင်ရာကိုယ်စားလှယ်တော် အချင်းချင်း လူများစု-လူနည်းစု မဖြစ်ဘဲနဲ. သဘောကွဲလွဲတဲ့ နေရာမှာ ညီတူ မျှတူ သဘောကွဲလွဲနေကြရင် ဘယ်လိုနည်းနဲ. တိုင်းပြုပြည်ပြု လွတ်တော်က နေပြီး ဆုံးဖြတ်မလဲဆိုတဲ့ ဒီမေးခွန်းကို တောင်တန်းနယ်ဆိုင်ရာ ကိုယ်စားလှယ်တော်တွေဟာ ဒီလိုတော့ လာမမေးကြပါဘူး။



“ သို.သော်လည်း မဆိုင်တဲ့ တောင်တန်းနယ်ဆိုင်ရာ ဌာန ညွှန်ကြားရေးဝန်ကနေပြီး နှိုးဆော်ချက်အရ ဘုရင်ခံမင်မြတ်ကြီးကနေပြီး စိတ်ပူပြီး မေးတယ်။ ကျွန်တော့်သဘောမှာ ဒါဟာ စည်းကမ်း နည်းလမ်း မမှန်ဘူးလို. ယူဆတယ်။ ဘာဖြစ်လို.လဲဆိုရင် ယခုပြောဆိုနေခြင်းဟာလဲ တောင်တန်းနယ် ဆိုင်ရာ ကိုယ်စားလှယ်များကနေပြီးတော့ အင်္ဂလိပ်သွားကပ်တယ်လို. ကျွန်တော် မဆိုလိုပါဘူး။



“ သို.သော် ဒီ တိုင်းပြုပြည်ပြု လွတ်တော်က ဆုံးဖြတ်တဲ့ ကိစ္စမှာ အင်္ဂလိပ်ရဲ့ အကာအကွယ်ကို ငါတို.တော့ဖြင့်ယူမှ ချမ်းသာရာရမယ်လို. ထင်ရင် ကျွန်တော် ရှင်းရှင်းလေး ပြောချင်ပါတယ်၊ အင်္ဂလိပ်ဟာ အမှန်စင်စစ် အနှေးနှင့် အမြန် သူ လက်အောက်ခံ တိုင်းနိုင်ငံတွေက ထွက်သွားရတော့မှာဘဲ။ ဘယ်လိုဘဲဖြစ်ဖြစ် ဒီလိုဖြစ်နေပြီ။



“ ကမ္ဘာ. အလားအလာ ကြီးထဲမှာ ဒီလို စိတ်ထားတွေ ရှိတဲ့လူတွေဟာ ကိုးကွယ်ရာ ဘယ်နည်းနဲ.မှ ရှိမှာ မဟုတ်ဘူးဆိုတာကို ကျွန်တော် သတိပေးပါတယ်။ ကျွန်တော်တို. တိုင်းပြုပြည်ပြုလွတ်တော် အကြောင်း ပြောရရင် အင်္ဂလိပ်ရဲ့ အကူအညီနဲ.မှ ဒီတိုင်းပြုပြည်ပြု လွတ်တော်ကို လာပြီးတော့ သြဇာ မပေးနိုင်ဘူးဆိုတာကို သိစေချင်တယ်။



“ ဒီတိုင်းပြည်ပြု လွတ်တော်မှာ တောင်တန်းဒေသဆိုင်ရာ ကိစ္စတွေကို စဉ်းစားဆွေးနွေးတဲ့အခါမှာ ခင်ဗျားတို. သက်ဆိုင်ရာ တောင်တန်းနယ် ကိုယ်စားလှယ် အချင်းချင်း ဘယ်သူ. ဘယ်သူမှ မဲမသာဘဲ တူနေကြတယ် ဆိုရင် ဒီလွတ်တော်ထဲမှာ ဖဆပလ အမတ်အများဆုံးဖြစ်တဲ့အတိုင်း အများဆုံးရဲ့ ခေါင်းဆောင်အဖြစ် ကျွန်တော် တိတိလင်းလင်း ကတိပေးလိုတာက ခင်ဗျားတို. အချင်းချင်း အဲဒီလို ဘယ်သူ.ဘယ်သူကိုမှ မဲမသာဘဲနှင့် မဲပြိုင်နေကြတဲ့အခါမှာ ကျွန်တော်တို. ဒီတိုင်းပြုပြည်ပြု လွတ်တော်ကနေပြီးတော့ အတင်းဖိပြီးတော့ မဆုံးဖြတ်စေဘူး ဆိုတာကို ကျွန်တော် ကတိပေးပါတယ်။



"အဲဒီတော့ တောင်တန်းနယ်ဆိုင်ရာ ကိစ္စနှင့်ပတ်သက်ပြီးတော့ ကျွန်တော်တို.ရဲ့ စေတနာဟာ အင်မတန် ရှင်းပါတယ်။


မှန်သော လမ်းကို လျှောက်လှမ်းနိုင်ပါစေ ဒေါ်အောင်ဆန်းစုကြည်


လတ်တလော နိုင်ငံရေး လောကမှာ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ ဖြစ်ရေး အတားအဆီးဖြစ်နေတဲ့ အခြေခံဥပဒေ ၅၉/စ လုံးကို ပြင်ဆင်နိုင်ရေးအတွက် ရောယောင်ပြီးတသွယ်၊ တည့်တည့်ကြီး တစ်မျိုးကြိုးစားလာတာ တွေ့ရပါတယ်။၅၉/စ လုံးကို ပြင်ဖို့အရေးအတွက် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ဟာ ညာသံပေးပြီး ပြင်ဖို့ ဖိအားပေးသလို အပြောအဆိုလေးတွေလည်းေ တွ့ရပါတယ်။ဒီမှာ တစ်ခု သတိထားမိတာက ယခင်အချိန်တွေတုန်း ကပြည်သူ့အသံကိုကြားချင်ပါတယ် ၊ ပြည်သူတွေကို ချစ်ပါတယ်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ ၅၉/စ ပြင်ဆင် ရေးအတွက် လုံးဝ ဆန္ဒမပြုပါဘူးဆိုတဲ့ ပြည်သူတွေကို ဘာကြောင့်လစ်လျူရှုထားသလဲ ဆိုတာ မေးခွန်းထုတ်စရာဖြစ်
ပါတယ်။ထို့အတူပဲ မီဒီယာ တွေဟာ အမှန်တရားဘက်တော်သားဖြစ်ဖို့အတွက် ဆောင်ရွက်ရမယ့် အနေအထားကနေ ပြီးတော့ စိတ်ခံစားချက်တွေနောက်လိုက်ပြီး အတိုက်အခံနဲ့ လက်နက်ကိုင်တွေရဲ့ လက်ကိုင်တုတ်မီဒီယာတွေ ဖြစ်မှန်း မသိ ဖြစ်နေတော့တာပါပဲ။

၅၉/စ နဲ့ ပတ်သတ်ပြီး အသံတွေ တညံညံ ကြားကတည်း က ကျွန်တော် က ၅၉/စ လုံးကို ဖတ်ကြည့်ဖြစ်တယ် အထူးသဖြင့်လေ့လာကြည့်ဖြစ်ပါတယ်။ ပုဒ်မ ၅၉/စ က ဒီလိုဆိုပါတယ်

-ပုဒ်မ ၅၉(စ) မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘတစ်ပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီးတစ်ဦးဦးသော်လည်းကောင်း၊ ထိုတရားဝင်သားသမီး တစ်ဦးဦး၏ ဇနီးသို့မဟုတ် ခင်ပွန်းသော် လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူးသစ္စာ
တော်ကိုခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူမျာသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူသော် လည်းကောင်း ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ။ လို့ဆိုထားတာပါ။

ကျွန်တော် အမြင်အနေနဲ့ ပြောရရင် ဒါဟာ တစ်ဦးတစ်ယောက်အတွက်ရယ်လို့ ရည်စူးထားတာ မျိုး လို့ ယူဆလို့ မရပါဘူး။ဘာကြောင့်လဲဆိုတော့ မြန်မာ နိုင်ငံလို လူဦးရေပေါက်ကွဲမှု ဖြစ်နေတဲ့ နိုင်ငံနှစ်ခု (တရုတ် နဲ့ အိန္ဒိယ)ကြားမှာ ရှိတဲ့ နိုင်ငံတစ်ခု အနေနဲ့ ၅၉/စ လို ဥပဒေမျိုး မရှိရင် ဘယ်လိုဖြစ်သွားမည်လဲ မေးကြည့်စရာပင်လိုမည်မထင်ပါ။ဒါကိုပဲ အတိုက်အခံ လုပ်ပြီး ပြင်ဖို့ အစိုးရကို အတိုက်အခံလုပ်နေတဲ့သူ တွေကို တွေ့ရင် ကျွန်တော် မေးကြည့်ချင်ပါတယ်မြန်မာနိုင်ငံမှာ
ဒေါ်အောင်ဆန်းစုကြည်တစ်ယောက်ပဲ သမ္မတဖြစ် မှရမလား ။ သူမရှိရင် မဖြစ်ဘူးဆိုတာ ဟာ ကိုယ့်စိတ်က ထင်နေတာ ။ သူမရှိရင် မဖြစ်ဘူး၊ ငါမရှိရင် မဖြစ်ဘူးဆိုတာ သင်္ချိုင်းပဲ ရှိပါလိမ့်မယ်။

ကျွန်တော် ဒီ ၂၀၁၄ အစလောက်မှာ ပိုပြီးသတိထားမိတာတစ်ခု ရှိပါတယ်။ဒါဟာ ဘာလဲ ဆိုတော့ ၅၉/စ ပြင်ဖို့ ဆိုပြီး လော်ဘီ တော်တော်လုပ်လာတာတွေ့ရတယ်။ ခါတော်မှီ မီဒီယာတွေကလည်း အချွန်နဲ့ မတယ် ။ ဘယ်မှာတော့ ၉၅ % ထောက်ခံနေပါပြီ ဘာညာပေါ့။ ဒါနဲ့ ဒီ ၂၀၁၄ နှစ်ဦး ပိုင်း အတွင်းမှာ ဒီတစ်လပိုင်းအတွင်းမှာ ၅၉/စ လုံးကို သဘောမတူလို့ဆိုပြီး ဆန္ဒပြမှု ၄ ခါ ပြုလုပ်ခဲ့ကြပါတယ်။

ပထမ ဆုံး ဇန်န၀ါရီလ လ ၃ ရက်နေ့မှာ ၅၉/စ ပယ်ဖျက်ရေးဆိုပြီး လူ ဦးရေ ၇၀ ခန့် က ဗန္ဓုလ ပန်းခြံလမ်းမှာ ဆန္ဒပြခဲ့ကြပါတယ်။

ဒုတိယအကြိမ် ဇန်န၀ါရီလ ၄ ရက်နေ့မှာပဲ ၅၉/စ ပယ်ဖျက်ရေးဆိုပြီး လူ ဦးရေ ၁ ဦးတိတိ ခန့် က ပခုက္ကူမှာ ဆန္ဒပြခဲ့ပါတယ်။

တတိယအကြိမ် ဇန်န၀ါရီလ ၄ ရက်နေ့မှာပဲ ၅၉/စ ပယ်ဖျက်ရေးဆိုပြီး လူ ဦးရေ ၁ ဦးတိတိ ခန့် က နေပြည်တော်မှာ ဆန္ဒပြခဲ့ပါတယ်။

စတုတ္ထအကြိမ် ဇန်န၀ါရီလ ၂၄ ရက်နေ့မှာပဲ ၅၉/စ ပယ်ဖျက်ရေးဆိုပြီး လူ ဦးရေ ၅၀ ဦး ခန့် က တခြမ်းပဲဗလီရှေ့မှာ ဆန္ဒပြခဲ့ပါတယ်။
အဲ့ဒီမှာ ထူးဆန်းတာ က NLD ပါတီ နဲ့ မီဒီယာတွေ ထုတ်လွှင့်နေသလို ၉၅ % ထောက်ခံပါတယ် ဆိုတာ ထည့်စဉ်းစားစရာပါ။ ဆန္ဒပြပွဲ ၄ ကြိမ်းလုံးအားလုံးပေါင်းမှာရှိတဲ့ လူ စုစုပေါင်း ၁၂၂ ဦးဟာ သန်း ၆၀ သော ပြည်သူကို ကိုယ်စားပြုသလား ။ နောက်ပြီးတော့ လူအင်အားအများဆုံး ဖြစ်တဲ့ ပထမ အကြိမ်နဲ့ စတုတ္ထအကြိမ်မှာ ဘာကြောင့် လူအင်အားများနေသလဲဆိုတာ ပြက္ခဒိန်ကို သေချာကြည့်မိတော့
သောကြာ နေ့တွေ ဖြစ်နေတာ တိုက်ဆိုင်တာလား ။ တိုက်တိုက်ဆိုင်ဆိုင်လုပ်တာလား ဆိုတာ မေးခွန်းထုတ်ချင်စရာပါပဲ။


အချုပ်အနေနဲ့ ရေးရရင်ဖြင့် မြန်မာ နိုင်ငံ လို နိုင်ငံတစ်ခု အတွက် ဟာ ၅၉/စ ကဲ့သို့ ဥပဒေ တစ်ရပ်ဟာ မရှိမဖြစ် သော ဥပဒေ တစ်ခု ပါ။ ဒါကြောင့်ကိုယ်သမ္မတ ဖြစ်ရေး တစ်ခုတည်း အတွက်နဲ့ သန်း ၆၀ ရဲ့ အနာဂါတ်နဲ့ မလဲစေချင်ပါဘူး။ဒေါ်အောင်ဆန်းစုကြည်သမ္မတ မဖြစ်လည်း အခြားအခြားသော လုပ်နိုင်မယ့် ကဏ္ဍတွေမှာ နိုင်ငံအတွက် ပါဝင်ဆောင်ရွက်ပေးနိုင်မယ်လို့ မျှော်လင့်သလို ဆုလည်းတောင်းပါတယ်။

မှန်သော လမ်းကို လျှောက်လှမ်းနိုင်ပါစေ ဒေါ်အောင်ဆန်းစုကြည်

ဦးကြည်ဝင်း
refind; http://www.oppositeyes.info/2014/01/blog-post_2651.html#more

သဘာဝအရင်းအမြစ်စီမံခန့်ခွဲရေးအလုပ်ရုံဆွေးနွေးပွဲကျင်းပပြီးစီး

တောင်ကြီးမြို့နယ်၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်းအဝေးခန်းမ၌(၁၆-၁-၂၀၁၄)ရက်နေ့နှင့်(၁၇-၁-၂၀၁၄)ရက်နေ့တို့တွင် (၀၉၀၀)နာရီမှ (၁၆၁၅)နာရီအချိန်အထိ (Mercy Corps)ဂရုဏာမြန်မာ (KMSS- TGI) အဖွဲ့မှလူတိုင်းအကျုံးဝင်သော သဘာဝအရင်းအမြစ်စီမံခန့်ခွဲရေး (Interest Based Negonation) အလုပ်ရုံ ဆွေးနွေးပွဲသင်တန်းဖွင့်လှစ် ကျင်းပရာ အဆိုပါသင်တန်းသို့ တောင်ကြီးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ် ရေးမှူး  ဦးဆောင်သော ဌာနဆိုင်ရာများနှင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး (၂၁)ဦး၊ဟိုပုံးမြို့နယ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆောင်သော ဌာနဆိုင်ရာ (၈)ဦး ကလောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး  ဦးဆောင်သော ဌာနဆိုင်ရာ (၄)ဦး၊ စုစုပေါင်း (၃၄)ဦး တက်ရောက် ခဲ့ပြီး အဆိုပါဆွေးနွေးပွဲ၌ သဘာဝ အရင်းအမြစ်အသုံးပြုမှု စီမံန့်ခွဲမှုစသည်တို့နှင့်ပတ်သက်သော တင်းမာမှုများကိုလျော့ချနိုင်ရန်၊ သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှုနှင့် သက်ဆိုင်သောပုဂ္ဂိုလ်များအတွင်း ဆက်သွယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးတက်လာစေရန်၊ သဘာဝအရင်းအမြစ်စီမံခန့်ခွဲမှုနှင့်ဆိုင်သော ဆုံးဖြတ်ချက်များတွင် လူထုပူးပေါင်းပါဝင်မှု တိုးတက်လာရန်၊ ရပ်ရွာလူထုနှင့်အစိုးရအကြားယုံကြည်မှု  တိုးမြှင့်ပေးရန်နှင့် ပြဿနာများ၊ ပဋိပက္ခများကို ဝိုင်းဝန်းအဖြေရှာခြင်းဖြင့် ပြေလည်နိုင်ကြောင်း မျှော်မှန်းချက် များအား ဆွေးနွေးခဲ့ကြပါသည်။
http://taunggyitownship-gad.blogspot.com

18 January 2014

ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ

 ပအိုဝ်း အမျိုးသား အဖွဲ့ချုပ် ဥက္ကဋ္ဌဖလား ဘောလုံးပြိုင်ပွဲ ကျင်းပ
တောင်ကြီး  ဇန်နဝါရီ  ၁၇
ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းအမျိုးသား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖလား (၁၄) ကြိမ်မြောက် အကြီးတန်း၊ အငယ်တန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲကို
ယမန်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့နယ် ကျောက်တလုံးကြီး မြို့နယ်ခွဲ နောင်ကားကျေးရွာ အားကစားကွင်း၌ ကျင်းပရာ အငယ်တန်း အသင်း ဗိုလ်လုပွဲတွင် ပုံလောဝ်အသင်းနှင့် အောင်ဆုဗွေ အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ပုံလောဝ်အသင်းက ၃ဂိုး-၁ဂိုးဖြင့် အနိုင်ရရှိကာ ဆုပေးပွဲကို ဆက်လက် ကျင်းပသည်။
အဆိုပါ ပြိုင်ပွဲတွင် ပထမဆုရ ပုံလောဝ်အသင်းကို  ဒိုင်းဆုနှင့် ငွေကျပ် ငါးသိန်း၊  ဒုတိယဆုရ အောင်ဆုဗွေ အသင်းအား ငွေကျပ်သုံးသိန်းကို ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးခွန်ထွန်းမောင်နှင့် တာဝန်ရှိသူများက ဆုများကို ပေးအပ်ချီးမြှင့် ကြသည်။
ထို့နောက် မွန်းလွဲ ၁ နာရီတွင် အကြီးတန်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲ ယှဉ်ပြိုင်ကစားကြရာ မိုးဗြဲအသင်းမှ လွယ်မော်တန် အသင်းကို ၁ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး ဆုပေးပွဲကို ဆက်လက်ကျင်းပရာ ပထမဆုရ မိုးဗြဲ အသင်းကို ဆုဖလားနှင့် ငွေကျပ် ၁ဝ သိန်း၊ ဒုတိယဆုရ လွယ်မော်တန် အသင်းအား ငွေကျပ် ငါးသိန်းကို ပအိုဝ်းအမျိုးသား ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ် ချီးမြှင့်သည်။
အဆိုပါ အခမ်းအနားသို့ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိ သူများ၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့်  ပြိုင်ပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌနှင့် ကော်မတီ ဝင်များ၊ ပြိုင်ပွဲဝင် အသင်းများနှင့် ဒေသခံတိုင်း ရင်းသားများ တက်ရောက်ကြည့်ရှု အားပေးကြကြောင်း သိရသည်။
refind; http://www.myawady.net.mm

17 January 2014

ရှင်ဥပဂုတ်အကြောင်း တစေ့တစောင်း

ရှင်ဥပဂုတ်ရှင်းတမ်း
================
ကျွန်တော်တို့ဗုဒ္ဓဘာသာ လူမျိုးတွေမှာ အတော်များများက
ထေရ၀ါဒ ဗုဒ္ဓဘာသာ ကို ကိုးကွယ်နေရဲ့သားနဲ့ အယူမှား အမှတ်မှားတွေ
အများကြီးရှိနေပါတယ် ။ တကယ် တော်၍ ထက်မြတ်သော ပါဠိစာပေများကို
နိုင်နင်းသော ဘုန်းတော်ကြီးများက ပြောတာတောင် လက်မခံနိုင်တဲ့
ဗုဒ္ဓဘာသာဝင်တွေ အများကြီးပါ ။ ကျွန်တော်တို့အားလုံးက လူသားတွေပါ
ကျွန်တော်တို့ကိုးကွယ်တဲ့ ဘာသာကို ဆန်းစစ်နိုင်တဲ့ အသိဥာဏ်တွေရှိပြီးသားပါ ။
လောက သဘာဝ တရားနဲ့ယှဉ်ပြီး ငါတို့ ကိုးကွယ်မှုတွေက တကယ်ရော
ထေရ၀ါဒ စစ်မှန်ရဲ့ လား ငါတို့ ဗုဒ္ဓမြတ်စွာ ဟောကြားခဲ့တဲ့ လမ်းစဉ်တွေရော
ဟုတ်ရဲ့လားဆိုတာ စိစစ်သူ အတော်နည်းပါတယ် ။
ဘုန်းတော်ကြီးတွေ ဓမ္မကထိကတွေထဲက အမုန်းခံကာ ထေရ၀ါဒသာသနာ
မှာ အတုအယောင်တွေ ပပြောက်ဖို့ တွန်းအားပေးခဲ့ပေမယ့်
ရှေးရိုးစွဲနေသော လူ့အတ္တသမားများကြောင့် စစ်မှန်သောထေရ၀ါဒကို
လက်ခံကျင့်သုံးသူ တစ်နေ့ထက်တစ်နေ့ နည်းပါးလာပါတယ် ။
အင်မတန် ကြောက်တတ်သော မြန်မာလူမျိုးများအတွက် ခြောက်နိုင်သော
မဟာယန ဗုဒ္ဓဘာသာ ရဲ့ အယူအဆတွေ လွှမ်းမိုးခဲ့သည်မှာ
ယနေ့ထက်တိုင်ပါပင် ။ ကျွန်တော်ဒီနေ့ ပြောချင်တာလေးက
ဗုဒ္ဓဘာသာတွေ အလွဲကြီးလွဲနေတဲ့ ရှင်ဥပဂုတ် ဆိုတဲ့ အကြောင်းလေးပါ ။
စာဖတ်နေသူတွေထဲမှာ ယုံကြည်သူတွေလည်းပါမယ် ၊ မယုံကြည်သူတွေလည်းပါမယ် ၊
ဒွိဟ ဖြစ်နေသူလည်း များမယ် ကျွန်တော့်အသက် ၂၀ အတွင်းမှာ
ဒီအကြောင်းအရာကိုကျွန်တော်အတော်လေး လေ့လာခဲ့ပြီးမှ
ဒီစာကိုရေးလိုက်ရတာပါ ။ တစ်ဦးတစ်ယောက်ရဲ့ဟောပြောချက် ကို
မှန်တယ်ဆိုပြီး ပြောနေခြင်းမဟုတ်ပါ ။ စာဖတ်သူတွေ
ယုံကြည်ရမယ် ၊ လက်ခံရမယ်လို့ မဆိုလိုပါ မိမိအတွေးနဲ့
မိမိ စဉ်းစားဆုံးဖြတ်လိုက်ပါ ။အဲလိုတွေးဖို့အတွက် ဒီဆောင်းပါးက အထောက်အကူပြုမှာပါ ။
ဒီစာရေးလို့ ကျွန်တော့်အတွက် လူမုန်းပိုများလာမှာ သိရက်နဲ့
ထေရ၀ါဒ သာသနာ အတွင်းမှာ တကယ်ကိုးကွယ်မှုလွဲနေမှုတွေအတွက်
ဆန်းစစ်သုံးသပ်နိုင်အောင် ရေးလိုက်ရတာပါ ။

အင်းလေးကန် ပြုပြင်ထိန်းသိမ်းရေး ကန်အောက် ကျေးရွာများ ကန်ချဲ့ထွင်လမ်း ရှင်းမှုများ ပြုလုပ်

 အင်းလေးကန် ပြုပြင်ထိန်းသိမ်းရေး ကန်အောက် ကျေးရွာများ ကန်ချဲ့ထွင်လမ်း ရှင်းမှုများ ပြုလုပ်
ရန်ကုန် ဇန်နဝါရီ  ၁၅
အင်းလေးကန် ရေလမ်းကြောင်း ကောင်းမွန်ရေး အတွက်
အင်းလေးကန် အောက်ပိုင်းရှိ ကန်အောက် ကျေးရွာများဖြစ်သည့် လယ်သစ်၊ သပြေပင်၊ မင်းချောင်း အစရှိသည့် ကျေးရွာများ၌ ကန်ချဲ့ထွင်လမ်းရှင်းမှု လုပ်ငန်းများ ဆောင်ရွက်ကြသည်။
''ကန်အောက် ကျေးရွာတွေဖြစ်တဲ့ လယ်သစ်၊ သပြေပင်၊ မင်းချောင်း အစရှိတဲ့ ကျေးရွာတွေကနေ ရေလမ်းကြောင်း ရှင်းလင်းရေး အနေနဲ့ ဆောင်ရွက်တာပါ၊ အင်းလေးကန်ကို ကိုယ်နိုင်သလောက် ပြုပြင် ထိန်းသိမ်းတဲ့ သဘောပါ''ဟု အင်းလေးကန် မောင်နှမများအဖွဲ့မှ တာဝန်ရှိ သူ တစ်ဦးက ဆိုသည်။
အင်းလေးကန်မှာ သက်တမ်း နှစ် ၅ဝ အတွင်း ကန်ရေ ဆိုးဆိုးရွားရွား ခန်းခြောက်လာခြင်းကြောင့် ကမ္ဘာလှည့် ခရီးသွားများအား ဆွဲဆောင်နိုင်သည့် ခရီးစဉ် (Destination) တစ်ခု ဆုံးရှုံးမည်ကို မြန်မာ ခရီးသွား လုပ်ငန်းများမှ စိုးရိမ်နေကြောင်းကိုလည်း သိရသည်။
အင်းလေးကန်မှာ နိုင်ငံခြား ခရီးသွား ဧည့်သည်များအား ဆွဲဆောင်သော (Tourist Attraction) နေရာဖြစ်ပြီး မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဝင်ငွေရရှိရေးတွင် အရေးပါသည့် တောင်ပေါ် ကန်ကြီးတစ်ခု ဖြစ်ကြောင်း သိရသည်။
မိုးမြင့်ကျော်
http://www.myawady.net.mm

ကျောက်တိုင်ကွင်းအတွင်း ရှိုးပွဲကျင်းပ



ဒီနေ့၊ (၁၇-၁-၂၀၁၄)ရက်နေ့၊ ညနေ (၆၀၀)ကျော်မှစတင်ပြီး၊
တောင်ကြီးမြို့၊ ကျောက်တိုင်ကွင်းအတွင်း မေတ္တာရှင်အခမဲ့ကုသိုလ်ဖြစ် ကုတင် (၁၀၀)ဆန့်ဆေးရုံတည်
ဆောက်ရန် ရန်ပုံငွေပွဲဖြစ်သော မေတ္တာ၊ စေတနာ ပန်းဥယျာဉ်၊ တောင်ကြီးမေတ္တာရှင်နှင့် Dagon တို့မှ
ပူးပေါင်းကျင်းပသည့် ရှိုးပွဲကျင်းပပြုလုပ်ခဲ့ကြောင်း၊ အဆိုပါပွဲတွင် ဘိုဖြူ၊ ဟဲလေး၊ Rဇာနည်၊ ဖြူဖြူကျော်သိန်း
Bobby Soxer တို့မှ သီဆိုဖျော်ဖြေသွားခဲ့ကြကြောင်း လာရောက်ကြည့်ရှုအားပေးသူများပြားခဲ့ပြီး ကားများ၊ ဆိုင်ကယ်များအမှတ် (၁)အခြေခံပညာအထက်တန်းကျောင်းတစ်ဝိုက်နှင့် ဘောလုံးကွင်းပတ်လည် စီ ကားပြည့်ကျပ်ခဲ့ကြောင်း ဟာသ သရုပ်ဆောင် ဒိန်းဒေါင်း ၊ ခင်လှိုင် တို့၏ ဟာသအစီအစဉ်များကိုလည်း
အခမဲ့လာရောက်ကြည့်ရှု လှူဒါန်းနိုင်ပါကြောင်း သတင်းရရှိပါသည်။
HAK

မောင်တော အကြမ်းဖက်ခံရမှု ရဲအရာရှိတစ်ဦး ပျောက်ဆုံးနေဆဲ

 sittwe-riot-police2-b305
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း မွတ်စလင်ကျေးရွာမှာ ပြီးခဲ့တဲ့ရက်ပိုင်းက ကင်းလှည့်နေတဲ့ရဲတပ်သားတွေ အကြမ်းဖက်ခံရပြီး တပ်ကြပ်ကြီးအဆင့်ရှိ ရဲအရာရှိတစ်ဦး လက်နက်နဲ့ အတူ ပျောက်ဆုံးနေတယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က RFA ကို ဒီကနေ့ ပြောပါတယ်။
အဲဒီ ဖြစ်စဉ်နဲ့ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေးနဲ့ မှတ်တမ်းပြုစုရေးဆပ်ကော် မတီ အတွင်းရေးမှူး ဦးဝင်းမြိုင်က RFA ကို အခုလိုပြောပါတယ်။
"ဒီမှာ လုံခြုံရေးသွားလာနေတဲ့သူတွေကို ဘာမှလည်းမဟုတ်ဘဲနဲ့ ရန်ပြုတိုက်ခိုက်တယ်ဆို တာကတော့ သိပ်တော့မကောင်းဘူးပေါ့၊ ဒီနေ့သတင်းရသလောက်တော့ ဖေ့စ်ဘွတ်တွေ သတင်းတွေမှာရေးထားတာကတော့ သေတယ်လို့တော့ ရေးတာပေါ့၊ ဒါပေမယ့် ကျနော်တို့ အစိုးရအနေနဲ့ကျတော့ အလောင်းမတွေ့မချင်း ကျနော်တို့က သေတယ်လို့က ပြောလို့မရသေး ဘူးလေ၊  လက်တွေ့တော့ ပျောက်ဆုံးတယ်လို့ပဲ ကျနော်တို့က ပြောထားသေးတယ်၊ လူလည်းမတွေ့သေးဘူး၊ လက်နက်လည်း ပြန်မရသေးဘူးဆိုတော့ ဆက်ပြီးတော့ ရှာတုန်းပဲရှိပါသေးတယ်"
ဇန်န၀ါရီလ ၁၃ ရက်နေ့က ည ၉ နာရီလောက်က ခရေမြိုင်ကျေးရွာရဲကင်းက လုံခြုံရေးနဲ့   ကျေးရွာတာဝန်ရှိသူတွေ ဒုချီရားတန်းကျေးရွာအနီးမှာ ကင်းလှည့်နေစဉ် အဲဒီရွာက မွတ်စလင် ၇၀ လောက်က အုပ်စုလိုက်ဝိုင်းခဲ့ကြတဲ့အတွက် လုံခြုံရေးအဖွဲ့တွေ ထွက်ပြေးပြီး လုံခြုံရေး အဖွဲ့ကိုဦးဆောင်လာတဲ့ ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးခဲ့တာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ကြောင့် ဒုချီးရားတန်းကျေးရွာက မွတ်ဆလင် ၃၀ လောက်ကို ရခိုင်ပြည်နယ် အစိုးရက စစ်ဆေးမေးမြန်းနေတယ်လို့လည်း သိရပါတယ်။
အခုလို မောင်တော အကြမ်းဖက်ခံရမှုအတွင်း တပ်ကြပ်ကြီးအဆင့်ရှိ ရဲအရာရှိတစ်ဦး ပျောက်ဆုံးနေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦး ဖြစ်သူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
 
refind; http://www.rfa.org/burmese

HIV ဝေဒနာရှင်ကိုယ်တိုင် HIV AIDS ပညာပေးဆွေးနွေးဝိုင်းကို တောင်ကြီးမြို့တွင် ကျင်းပ

ခွန်ထီးခမ်း | ဇန်န၀ါရီ ၁၄ ရက်၊ ၂၀၁၄ | တောင်ကြီးတိုင်းမ်



မြန်မာတစ်နိုင်လုံး တစ်ကိုယ်တော်စက်ဘီးနင်းပြီး အသက်သုံးဆယ်ငါးနှစ်ရှိ HIV ရောဂါ (၉) နှစ်တိတိခံစားရသူ မောင်စရကို က HIV AIDS နှင့် ပတ်သက်၍ ပညာပေးဟောပြောပွဲကို ဇန်န၀ါရီလ ၁၄ ရက် ကောင်ရွေလူမှုလှုပ်ရှားဆောင်ရွက်ရေးကွန်ယက်ရုံးတွင် လူငယ် သုံးဆယ်ကျော်နှင့် တွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့ဟု သိရသည်။

“တစ်နိုင်ငံလုံး လိုက်လံပြီး ဒေသပေါင်း ၂၅၈ နေရာလောက်သွားဖို့ပြင်ဆင်ထားပါတယ်။ တစ်နှစ်လောက်ကြာမယ်လို့တော့ ခန့်မှန်းထားပါတယ်” ဟု မောင်စရကိုက ပြောပါသည်။

ယခုတောင်ကြီးမြို့ရောက်သည့်ချိန်ထိ မိုင်ပေါင်း ၁၄၂၀ ထိစက်ဘီးစီးနင်းလာခဲ့ပြီး ဖြစ်ပြီး ဇန်န၀ါရီ ၁၅ ရက်နေ့တွင် တောင်ကြီးမှ ကက္ကူဘုရား၊ တဆင့် ဘန်းယဉ်၊ ဟိုပုံး သို့ခရီးဆက်ရန်ရှိသည် ဟုသိရသည်။

ဆွေးနွေးဖလှယ်ဝိုင်းတွင် မောင်စရကိုက HIV ရောဂါ သည် မြန်မာနိုင်ငံ သဘောင်္သားတစ်ဦးမှ ၁၉၈၈ ခုနှစ်တွင် စတင်တွေ့ရှိခဲ့သည်။ HIV ရောဂါသည် အမျိုးမျိုးကူးစက်နိုင်သော်လည်း ပတ်ဝန်းကျင်ရှိ လူအများစု က HIV ရောဂါဝေဒနာရှင်တွေကို လိင်ဆက်ဆံမှုကြောင့်၊ မူးယစ်ဆေးဝါးသုံးစွဲမှုကြောင့် စသည့် စရိတ္တပျက်သောသူများဟု သာထင်မြင်လေ့ရှိသည်။

အခြားကူးစက်နိုင်သော သွေးသွင်းခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း၊ မိခင်မှကလေး စသောကူးစက်နိုင်သော လုပ်ဆောင်မှုများကြောင့် ကူးစက်နိုင်သော်လည်း လူအများက HIV ဝေဒနာရှင်များကို ခွဲခြားမှုများပြားနေသည် အဆိုးမြင်နေဟု သိရသည်။

လပွတ္တာမှာရှိသည့် ၁ နှစ်ခွဲကလေးတစ်ယောက်သည် မိခင်ရော၊ ဖခင်ကပါ HIV ပိုးမရှိသော်လည်း အဲကလေးက HIV ပိုး ရှိနေသည်။ “အဲဆိုအဲကလေးက လိင်အပျော်အပါး လိုက်စားလို့လား” ဟု မောင်စရကို ကပြောသည်။ အမှန်မှာ ကလေးသည် သွေးလွန်တုပ်ကွေးဖြစ်ရာမှ Window Period သွေးကိုသွေးသွင်းမိသောကြောင့် ရောဂါကူးစက်ခံရခြင်းဖြစ်သည်။ ဘုန်းကြီးတစ်ပါးသည်လည်း HIV ရောဂါခံစားရပြီး ပျံလွန်တော်မူသွားခဲ့သသည်။



“ဒီဆွေးနွေးမှု မတိုင်ခင်ထိ တော့ HIV ဝေဒနာရှင်တစ်ဦးက သူတို့မကောင်းတာလုပ်လို့ အပျော်ပါးလိုက်လို့ပဲ အတွေးထဲမှာရှိနေတယ်။ ခုတော့ HIV ဝေဒနာရှင်တစ်ယောက်ဟာ တစ်ခြား ဓါးတို့ သွေးသွင်းခြင်းမှတစ်ဆင့်လည်း ကူးနိုင်တာကိုလည်း စဉ်းစားမိလာတယ်။ သူတို့ကို နှစ်သိမ့်ရမဲ့နည်းလမ်းတွေလည်းရလာတယ်” ဟု ဆွေးနွေးပွဲ တက်ရောက်လာသူ ခွန်အောင်က ပြောသည်။

မောင်စကိုရက လူငယ်များကို မိမိပတ်ဝန်းကျင်ရှိလူများကို HIV နှင့်ပတ်သက်ပြီး ပြန်လည် ဝေမျှခြင်းများပြုလုပ်ရန် နှင့် ရောဂါမကူးစက်ရအောင် ဆင်ခြင်တုံတရားများဖြင့် နေရန်တိုက်တွန်းသွားသည်။

မိမိပတ်ဝန်းကျင်တွင် HIV ဝေဒနာရှင်များတွေ့ရှိပါက အများသိမှာစိုးသဖြင့် တိုးတိုးတိတ်တိတ်မကုပဲ အစိုးရမှ အခမဲ့ ဖြန့်ဝေပေးသည့် ဆေးခန်းများကို သွားရောက်ပြသရန်နှင့် ဆေးပုံမှန်သောက်သုံးပါက သက်သမ်းစေ့ နေနိုင်ကြောင်း ပြောခဲ့သည်။ မြန်မာနိင်ငံဟာ HIV ကူးစက်ခံရမှုမှာ ၂၀၁၂ ခုနှစ် နှစ်သိန်းနှင့်ခုနှစ်ထောင်ထိရှိသော်လည်း အေစိုးရ၏ ဆေးဝါးပေးနိုင်မှုသည် ယခုချိန်ထိ ၄၃ ရာခိုင်နှုန်းထိသာ ထောက်ပံ့နိုင်ပြီး လာမည့် ၂၀၁၅ ခုနှစ်တွင် ၈၆ ရာခိုင်နှုန်းထိ တိုးမြှင့်နိုင်ရန် ကျန်းမာရေးဋ္ဌာကစီစဉ်ကြောင်း ကြော်ငြာထားသည် ဟုသိရသည်။

“နောက်နှစ်တွေမှာ အစိုးရရဲ့ ကျန်းမာရေးဋ္ဌာနမှာ တရားဝင်လုပ်ပြီးတော့ တစ်နိုင်လုံးရှိ မူလတန်းကျောင်းအစ တက္ကသိုလ်ထိ ပညာပေးအစီအစဉ်များ ပြုလုပ်နိုင်ဖို့ ကြိုးစားသွားမည်” ဟု စရကို ကမိမိ၏ အနာဂါတ်လုပ်ငန်းစဉ်ကို ပြောပြပါသည်။

မောင်စရက တစ်နိုင်လုံးခရီးသွားနိုင်ဖို့ စက်ဘီး နှင့် ဒေသအလိုက်အချိန်အဆက်များကို ရန်ကုန်နာရေးကူညီမှုအသင်း ဦးကျော်သူတို့ကထောက်ပံ့ပြီး သူငယ်ချင်းမိတ်ဆွေများ၊ ဒေသခံ အဖွဲ့အစည်းများကလည်း ကူညီပေးသည်။ ARV ဆေးများကို တစ်နှစ်စာ သောက်သုံးရန်အတွက် မင်္ဂလာတောင်ညွန့်မြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း ထောက်ပဲ့ပေးသည် ဟုသိရသည်။

8 January 2014

သတင်းထောက်အား-ရဲဝန်ထမ်းဟောင်းမိသားစုဝင်မှ ရိုက်နှက်

တောင်ကြီး၊၈-၁-၂၀၁၄။

၎-၁-၂၀၁၄၊အချိန်ည၈း၃၀ ခန့် တွင်တောင်ကြီးမြို့ ၊ကျောင်းကြီးစုရပ်ကွက် ၊အနောက်မြို့ ပတ်လမ်း၊နေ သျှမ်းသံတော်ဆင့်သတင်းထောက်၊ရှမ
်းမလေး(ယိင်းတိုင်း) အားဆီဆိုင်မြို့ နေ ၊
စိုင်းပြည့်ဖြိုးထွန်း(ဖခင်ရဲဝန်ထမ်းဟောင်း)က ကိုယ်ထိလက်ရောက်ရိုက်မှုတစ်ခုဖြစ်ခဲ့ ပါသည်ဟု
ရှမ်းမလေးကပြောပြသည်။

``ည၈နာရီခွဲ အိမ်ပြန်လာတဲ့ အချိန်မှာ၊အိမ်ထဲကိုချောင်းကြည့်ပြီးရပ်နေတဲ့ လူတစ်ယောက်ကို
တွေ့ ရတယ်၊မိမိဘာသာအိမ်ထဲဝင်လာစဉ်၊ဘာကြည့်တာလဲ လို့ ပြောပြီးရိုက်လိုက်တယ်၊
ဘာနဲ့ မှန်းတော့သေချာမသိပေမဲ့ ပါးဘယ်ဘက်ခြမ်းမှာပေါက်ပြဲသွားတယ်၊ရိုက်ပြီးထွက်ပြေးရန် လုပ်ချိန်မှာ အတင်းဆွဲဖမ်းထားပြီး၊အကူအညီတောင်းခံသဖြင့်မိမိမောင်နှင့်၊အိမ်နားဝန်းကျင်မှ လူများရောက်လာပြီး၊အကူအညီပေးသဖြင့် တရားခံကိုဖမ်းဆီးပြီး၊ရဲစခန်းသို့ ပို့ နိုင်ခဲ့ သည်။
ဒါပေမဲ့ ရဲ များက ရဲဝန်ထမ်းဟောင်းသားဖြစ်နေသဖြင့်ကျေအေးခိုင်းပြီး၊ ယခုထက်ထိ နစ်နာမှုအတွက် ထိထိရောက်ရောက်ဆောင်ရွက်ခြင်းမရှိပဲ၊ပါးမှဒဏ်ရာပျောက်သည့်အထိ ၊အချိန်ဆွဲထားတယ်လို့ ထင်တယ်``ဟုရှမ်းမလေးကပြောသည်။

ထိုကိစ္စကိုအမှုဖွင့်ထားပြီးဆေးရုံမှ ဆေးစာများလည်းသက်သေရှိကြောင်းယင်းကပြောပါသည်။

လေးကြီး(ရှမ်းပြည်)

ကားဈေးတွေကျနေပြီ

ဇန်န၀ါရီလ ၇ ရက်၊ ၂၀၁၄ ခုနှစ်

ကားဝယ်ရောင်းဈေးကွက်အတွင်းမှာ ဇန်န၀ါရီ ပထမပတ်လောက်မှာ စတင်ကာ အပ်ကားစလစ်ဈေးများကျဆင်းလာပြီး

ကားဈေးတွေကျဆင်းလာတယ်လို့သိရပါတယ်။

အရင်က ယာဉ်အိုဟောင်းတွေ အပ်နှင်းရာမှာ အက္ခရာအလိုက်အပ်နှင်းရာတာဖြစ်ပြီး အခုတော့
သက်တမ်းအလိုက် အပ်နှင်းရာမှာ ဖြစ်တာကြောင်း စလစ်ဈေးတွေကျဆင်းလာတာဖြစ်ပါတယ်။

ကားစလစ်ဈေးတွေကတော့၉၀၀န်းကျင်လောက်သာ ရှိတော့ပေမဲ့ နောက်ပိုင်းအအပ်စလက်ခံတာနဲ့ ၈၀/၇၀ လောက်ထိကျသွားဖို့ရှိတယ် လို့ဆိုပါတယ်။

CIF ပိုင်းမှာ တော့ အသစ်ထွက်တဲ့ CIF အရ ၁၃၀၀စီစီ ကားတွေကတော့ ဈေးငြိမ်နေပြီး ၁၅၀၀စီစီ နဲ့ ၁၈၀၀ စီစီကားထဲကအချို့တော့
ဈေးကျလာတယ်ကာ

ကား အ၀ယ်ပိုင်းအနေနဲ့တော့ အ၀ယ်အေးနေပြီး နှစ်အစလည်းဖြစ်တာမို့ CIF အပိုင်းအနေနဲ့ တည်ငြိမ်အောင် စောင့်ဆိုင်းလျက်ရှိကြတယ်လို့ သိရပါတယ်။

အိမ်၊ ခြံ၊ မြေ ဂျာနယ်

နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဘဏ္ဍာရေးကော်မရှင် (၁/၂ဝ၁၄) အစည်းအဝေးသို့ တက်ရောက် အမှာစကား ပြောကြား

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဘဏ္ဍာရေးကော်မရှင် (၁/၂ဝ၁၄) အစည်းအဝေးကို ယနေ့ နံနက် ၁ဝ နာရီတွင် နိုင်ငံတော်သမ္မတ အိမ်တော်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်းပသည်။

ယင်းအစည်းအဝေးသို့ ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ ဘဏ္ဍာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသော ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဒုတိယသမ္မတ ဦးဥာဏ်ထွန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စု ရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တင်ပြချက်များနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတက လိုအပ်သည်များကို ဖြည့်ဆည်းမှာကြားပြီး နိဂုံးချုပ် အမှာစကားပြောကြားခဲ့ရာ နိဂုံးချုပ်အမှာစကားတွင်
နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်နေကြသည့် ဝန်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေး များကိစ္စနှင့် ပတ်သက်၍ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေ၊ ရငွေနှင့် သုံးစွဲရမည့်ငွေ၊ ဘတ်ဂျက် အခြေအနေပေါ်မှာ တွက်ချက်ပြီး အခါအားလျော်စွာ တိုးမြှင့်ထောက်ပံ့ပေးသွား မှာဖြစ်ကြောင်း ကျွန်တော်ပြောကြားခဲ့ ပါတယ်။ ဒီလိုနိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့် ထောက်ပံ့ကြေးများ တိုးမြှင့်ပေးနိုင်ရန် အတွက် နိုင်ငံတော်၏ ဘဏ္ဍာငွေ အခြေအနေ၊ ငွေကြေးဖောင်းပွမှုနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်နိုင်မှု အလားအလာ၊ ဖြစ်ပေါ် ရိုက်ခတ် လာနိုင်သည့် အကျိုးသက်ရောက်မှုများစသည့် အခြေအနေ အကြောင်းအရာများကို စဉ်းစားသုံးသပ် တွက်ချက် ဆောင်ရွက်ခဲ့ပါတယ်။ ၂၀၁၃-၂၀၁၄ ခု၊ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုအစိုးရ အနေဖြင့် နိုင်ငံ့ဝန်ထမ်းများရဲ့ လစာနှင့်စရိတ်၊ ပင်စင်လစာနှင့် ဆုကြေးများကို တိုးမြှင့်သတ်မှတ်ပေးခဲ့ပါတယ်။ ယခုလာမည့် ဘဏ္ဍာရေးနှစ်အရအသုံး ခန့်မှန်းခြေငွေစာရင်းတွင်လည်း နိုင်ငံ့ဝန်ထမ်းများ၏ လစာငွေကို ကျပ် ၂၀၀၀၀ တိုးမြှင့်ပေးရန်နှင့် ပင်စင်လစာနှင့် ဆုကြေးများကိုလည်း အချိုးကျတိုးမြှင့်ပေးရန် ထည့်သွင်း လျာထား ပါကြောင်း ပြောကြားလိုပါကြောင်း ပြောကြားသွားခဲ့ပါသည်။

အပြည့်အစုံဖတ်ရှု နိုင်ရန်နှိပ်ပါ။
refind; http://www.president-office.gov.mm

လန်ပိကျွန်းအနောက်ဘက် လခြမ်းအော်တွင် ကမ်းတင်သေဆုံးနေသော ဝေလငါးအား တွေ့ရ


လန်ပိကျွန်း အနောက်ဘက်တွင် သေဆုံးလျက်တွေ့ရသော ၄၆ ပေအရှည်ရှိ ဝေလငါးကြီးအားအရိုးချရန် တစ်နှစ်ခန့် ကြာမည်ဖြစ်ပြီး မြိတ်တက္ကသိုလ် အဏ္ဏ၀ါသိပ္ပံဌာနမှ သွားရောက်လေ့လာနေ

တနင်္သာရီတိုင်း ဒေသကြီး၊ ဘုတ်ပြင်းမြို့နယ် အတွင်းရှိ လန်ပိကျွန်းအနောက်ဘက် လခြမ်းအော်တွင် ၂၀၁၄ ခုနှစ် ဇန်န၀ါရီ ၃ ရက်က အရှည် ၁၆ ပေ လုံးပတ် ပေ ၂၀ ကျော်ရှိသော ဝေလငါးကြီးတစ်ကောင် ကမ်းတင်သေဆုံးလျက် ရှိကြောင်း သိရသည်။

အဆိုပါ ဝေလငါးကြီးအား လန်ပိကျွန်း သစ်တောဌာနတွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးက တွေ့ရှိခဲ့ပြီး မြန်မာ့ရေတပ်မှ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။ ဝေလငါးကြီးမှာ အမဖြစ်ပြီး မသေဆုံးမီက ဝေလငါးကြီး နှစ်ကောင်ညှပ်လျက် လန်ပိကျွန်းတန်းဘက်သို့ ထွက်သွားကြောင်း တံငါသည်တချို့ တွေ့ရှိခဲ့ကြောင်း သိရသည်။

“ဝေလငါးကြီးကို တခြားဝေလငါးကြီး နှစ်ကောင်ကတွဲပြီး ကူးခပ်သွားတာ တွေ့ရ တယ်လို့ တံငါသည်တွေက ပြောတယ်။ အဲဒီနောက်မှာ ငါးကြီးကို ကမ်းစပ်မှာလာထားခဲ့ဟန် ရှိပါတယ်။ ဝေလငါးကြီးကို ၀ါးကျွန်းမှာ သဲမြှုပ်ပြီး အရိုးချရဦးမှာပါ။ အချိန်တစ်နှစ်လောက် ယူရပါမယ်။ အရင်ကလည်း နှစ်ကောင်ကို ဒီလိုပဲ တွေ့ရပြီးပါပြီ။ လောင်းလုံးဘက်မှာ တစ်ကောင်တွေ့ရပြီး အရိုးကို အဏ္ဏ၀ါသိပံ္ပ ပြတိုက်မှာ ပြသထားပါတယ်။ နောက်တစ်ကောင်ကတော့ ပုလောမြို့နယ်ဘက်မှာ တွေ့ရတာပါ။ အဲဒီအရိုးကိုတော့ ရန်ကုန်ကို ပို့ပေးခဲ့ပါတယ်။ အခုတွေ့ရတဲ့ ဝေလငါးကြီးကို အရိုးချပြီး အထက်က ညွှန်ကြားတဲ့အတိုင်း ဆောင်ရွက်မှာပါ” ဟု ငါးဦးစီးမှတာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

အဆိုပါ ဝေလငါးကြီးအား မြိတ်တက္ကသိုလ် အဏ္ဏ၀ါသိပ္ပံဌာနမှ ဒေါက်တာနန်းမြဟန် ဦးဆောင်သော အဖွဲ့မှာ သွားရောက်လေ့လာနေကြောင်း သိရသည်။ ဝေလငါး တွေ့ရှိသော လခြမ်းအော်ကျွန်းသည် ဘုတ်ပြင်းမြို့မှ စက်လှေဖြင့် ရှစ်နာရီခန့် မောင်းနှင်ရပြီး လှိုင်းလေကြီးသဖြင့် ထိုကျွန်းမှ စက်လှေဖြင့် နှစ်နာရီခန့် မောင်းနှင်ရသော အနီးဆုံးကျွန်း ဖြစ်သည့် ၀ါးကျွန်းသို့ သယ်ဆောင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

“အဲဒီငါးကြီးကို လန်ပိကျွန်းသစ်တော ထိန်းသိမ်းရေးဌာနမှ ကိုတင်မောင်ဝင်းက ကျွန်းတွေ လိုက်ကြည့်ရင်းနဲ့တွေ့လို့ ကျွန်တော်တို့ဆီကို အကြောင်းကြားခဲ့တာပါ။ ငါးကြီးက ကြီးလွန်းတော့ သူ့ကိုသယ်ဖို့အတွက် ငါးဖမ်းပိုက်တွေ ပို့ပေးထားတယ်။ ငါးကိုယ်လုံးကို ပိုက်တွေနဲ့ပတ်ပြီး လှေနဲ့ ဆွဲလာပြီးတော့ အဲဒီကျွန်းနဲ့ အနီးဆုံး ၀ါးကျွန်းမှာ အရိုးချမယ်လို့တော့ ပြောတာပဲ” လို့ ကော့သောင်းခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

(ဓာတ်ပုံ-ဇော်မိုးဦး (မြိတ်)၊ ရဲမြင့်ဝင်း (ကော့သောင်း)

 refind; https://www.facebook.com/ElevenMediaGroup

အမျိုးသမီးများအတွက် ကျောက်ချဉ်အစွမ်း

 
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကျန်မာရေး ကိစ္စမှာ ၀န်ပိုတွေ ရှိကြပါတယ်။ အခု ကျမတင်ပြမယ့် အမျိုးသမီး ကျန်းမာရေးနဲ့ပတ်သက်တဲ့ အကြောင်းမှာ ကျောက်ချဉ်နဲ့ပတ်သက်ပြီး အစွမ်းထက်မြက်မှု တချို့ပါ။
ကျောက်ချဉ်လို့ ပြောလိုက်ရင် မြန်မာစာဖတ် ပရိသတ်တိုင်း သိနားလည်ပြီး ဖြစ်နေပါလိမ့်မယ်။ လူတိုင်း၊ ပစ္စည်းတိုင်းမှာ သူ့ တန်ဘိုး ကိုယ်စီ အသီးသီး ရှိတတ်ကြစမြဲဖြစ်တာမို့ ကျောက်ချဉ်ကလည်း သူ့အစွမ်းက သီးခြားရှိပါတယ်။
ကျောက်ချဉ်ကို Alum လို့ ခေါ်ပြီး အလူမီနီယမ် ဆာလဖိတ်၊ ပိုတက်ဆီယမ် ဆာလဖိတ်တို့ပါဝင်တဲ့ ဓာတု တွင်းထွက် တမျိုး ဖြစ်ပါတယ်။
ကျောက်ချဉ်ဟာ အမျိုးသမီးတွေအတွက် အသုံးအတည့်ဆုံးတခုလို့ ပြောရင် မမှားပါဘူး။ မိန်းမပျိုက အစ၊ ကိုယ်ဝန်မရနိုင်လို့ ကလေးလိုချင်နေတဲ့ အိမ်ထောင်သည် အလယ်၊ သွေးဆုံးနေတဲ့ အမျိုးသမီးတွေ အဆုံး ကျောက်ချဉ်က အလွန်အသုံးဝင်ပါတယ်။

အမျိုးသမီးကျန်းမာရေးမှာ အမျိုးသမီးတိုင်း မိန်းမကိုယ်သန့်ရှင်းရေးဟာ အလွန်အရေးကြီးပါတယ်။ အမျိုးသမီးတွေ ကိုယ်နံ့ ထွက်တာ၊ စိတ်လက် မလန်းဆန်းပဲ သွက်လက်မှု မရှိဖြစ်နေတာတွေဟာ၊ ယားယံတတ်တာတွေဟာ မိန်းမကိုယ် သန့်ရှင်းရေးကိစ္စနဲ့ တိုက်ရိုက်ပတ်သက်ပြီး အဆိုပါကိစ္စ မှာ ကျောက်ချဉ်က အလွန်အသုံးတည့်ပါတယ်။
ဒီအပြင် ခုခေတ်မှာ နာမည်ကြီးနေပြီး ကာကွယ်ဆေးတွေ ငွေကုန်ခံ ထိုးနေရတဲ့ သားအိမ်ခေါင်း ကင်ဆာ လိုမျိုး မဖြစ်ပွားအောင် ဟန့်တား ကာကွယ်နိုင်မှုမှာ ကျောက်ချဉ်ဟာလည်း အကျိုးအလွန်ရှိပါတယ်။
ကိုယ်ဝန်ကို ကျန်းမာစွာ လွယ်လိုသူ အိမ်ထောင်ရှင် အမျိုးသမီးတွေ အတွက် လည်း ကျောက်ချဉ်က အစွမ်း ထက်ပါတယ်။ ကလေးမရလို့ စိတ်ညစ်နေရ သူများအတွက်လည်း အလွန် အသုံးတည့်ပါတယ်။
ဒီအပြင် ရာသီလာချိန် ခေါင်းကိုက်တာ၊ ကိုယ်လက် အဆစ်အမြစ်ကိုက်ခဲတာ၊ သွေးလန့်တတ်တာ၊ ရာသီ မမှန်ပဲ လာရန် ခက်ခဲတာတွေအတွက်လည်း ကျောက်ချဉ်က အသုံးဝင်ပါတယ်။

ပြီးတော့ သွေသား သန့်ရှင်းပြီး အသားအရေ စိုပြေမှုတွေကိုလည်း ကျောက်ချဉ်က စွမ်းဆောင်စေပါတယ်။ချွေးပေါက်ကျယ်တာအစ ဒွါရပေါက်တွေလည်း ကျယ်တာကိုလည်း ကျဉ်းစေ တဲ့ သတ္တိရှိပါတယ်။
ကျောက်ချဉ်ကို အသုံးပြုပုံကတော့ အင်တုံတခု သို့မဟုတ် ပလပ်စတစ် ဇလုံကြီး တခုထဲမှာ ကျောက်ချဉ် ကို သင့်တင့်တဲ့ ပမာဏ ထည့်ပြီး ပျော်ဝင် သည်ထိ စောင့်ပါ။ ပြီးရင် အမျိုးသမီးများအနေနဲ့ မိမိရဲ့ မိန်းမကိုယ်ကို အဆိုပါ ဇလုံတွင်း ကျောက်ချဉ် ရေဖြင့် တနေ့လျှင် ၁၅ မိနစ်လောက် စိမ်ပေးပါ။
လုပ်နည်းလုပ်ဟန်က အင်မတန် ရိုးစင်းပြီးလွယ်ပေမယ့် နေ့စဉ်ပုံမှန် လုပ်ဆောင်ပေးခြင်းဆိုတဲ့အရာကို အမျိုးတော်တော် များများမှာ အခက်အခဲတွေ့တတ်ကြပါတယ်။ ဒါကိုတော့ သတိပြုစေချင်ပါတယ်။
နေ့စဉ် ၁၅ မိနစ်တာ ကိုယ့်ကျန်းမာရေးအတွက် အချိန်ပေးပြီး ကျောက်ချဉ်ရေ စိမ်ပေးခြင်းကြောင့် ရရှိ လာမယ့် ရလာဒ်က ကြီးမားလှပါတယ်။
ပျိုမေတို့မှသည် သက်ကြီးရွယ်အို အမျိုးသမီးကြီးတွေအထိ အသုံးတည့်ပြီး အကျိုးရှိတဲ့ နည်းလမ်း တခု လည်းဖြစ်ပါတယ်။ ငွေကုန်ကျေးကျလည်း အလွန်နည်းပြီး ခက်ခဲမှုလည်း မရှိပါဘူး။

Myanmar Model

refind; Shan-News

တောင်ကြီးမြို့၊ မြစံပယ်ခန်းမတွင် သစ္စာပြတင်း အနုပညာပြပွဲကျင်းပခဲ့

၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် တောင်ကြီးမြို့၊ ပြည်တော်သာရပ်ကွက်၊ မြစံပယ် ခန်းမတွင်  "သစ္စာပြတင်း အနုပညာပြပွဲ ၂ဝ၁၄"   ပြပွဲအားဇန်နဝါရီလ ၄ ရက်ကနေ ၆ ရက်နေ့အထိ သုံးရက်ကြာ ပန်းချီအနုပညာလက်ရာများ ပြသခဲ့ကြောင်း၊ အဆိုပါ ပြခန်းတွင် ဗိုလ်ချု ပ်အောင်ဆန်း၏
ပန်းချီ၊ သရုပ်ဖော်ပန်းချီ၊ မော်ဒန်ပန်းချီ များအား ဆီဆေး၊ ရေဆေးများဖြင့်လည်းကောင်း၊ နိုင်ငံ့အာဇာနည်
များ၏ သမိုင်းဝင်ပုံများအားလည်းကောင်း ပြသထားရှိပြီး၊ အ၀င်/အထွက်ပေါက်တွင် ဗိုလ်ချုပ်ပုံနှင့်
 ဒေါ်အောင်ဆန်းစုကြည်တို့၏  ပုံများအားအသင့်ချထားပေးပြီး စိတ်ကြိုက်ဆေးရောင်စုံချယ်သရန် ဆောင်
ရွက်ထားပေးကြောင်း တွေ့ရှိရပါသည်။
HAK

တောင်ကြီးမြို့ တိုးချဲ့ရေပေးဝေရေး နားယောင်းမှ ရတနာသီရိသို့ ရေရောက်ရှိမှု အထိမ်းအမှတ် အခမ်းအနား ကျင်းပ

တောင်ကြီး  ဇန်နဝါရီ  ၇
ရှမ်းပြည်နယ် စည်ပင်သာယာရေး ကော်မတီ တောင်ကြီးမြို့ တိုးချဲ့ရေပေးဝေရေး နားယောင်းမှ ရတနာသီရိသို့ ရေရောက်ရှိ မှု အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲက ရတနာသီရိ အမှတ်(၉)အခြေခံပညာ
အထက်တန်း ကျောင်း ခန်းမ၌ကျင်းပရာ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ် ဝန်ကြီးများ၊ မြို့မိမြို့ဖများ၊ ရေရရှိရေး ကော်မတီများ၊ ဒေသခံ တိုင်းရင်းသား ပြည်သူများ တက်ရောက်ကြသည်။ အခမ်းအနားသို့ နား ယောင်း ရေစက်ရုံမှ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့က စက်ခလုတ်နှိပ် ဖွင့်လှစ်၍ အမွှေးနံ့သာ ရည်များ ပက်ဖျန်းပေး ကာ ပြည်နယ် ဝန်ကြီးချုပ်က အဖွင့် အမှာစကား ပြောကြားသည်။
ဆက်လက်၍ ရှမ်းပြည်နယ် စည်ပင်သာယာရေး ဝန်ကြီး ဦးစိုင်းလှဝင်းက  ရှမ်းပြည်နယ်၏ မြို့တော်ဖြစ်သော တောင်ကြီးမြို့ မှာ  အကျယ်အဝန်း စတုရန်းမိုင် ၁၃ ဒသမ ၉၆ ကျယ်ဝန်းပြီး ရပ်ကွက်၂၂ ရပ်ကွက်၊ အိမ်ခြေ ၂၁၆၈၅ နှင့် လူဦးရေ ၁၃၁၁၉၇ ဦးရှိကာ တစ်ရက်ခန့်မှန်း ရေလိုအပ်ချက်မှာ ဂါလန် ၂၆ ဒသမ ၂၃ သိန်း ရှိပြီး တောင်ကြီးမြို့နယ် စည်ပင်သာယာရေး ဌာန အနေဖြင့် ထီသိမ်၊ ထီသိမ်ကျောက်တန်းရေထွက်၊ ပါမိုးနဲ၊ ရေထွက်ဦး၊ တောင်ကျောင်းကြီးရေထွက် တို့မှ ထွက်ရှိသော ရေ များနှင့် နားယောင်းရေထွက်မှ ထွက်ရှိသော ရေများကို ရေစုကန်များသို့ အဆင့်ဆင့် တင်ပို့၍ ရတနာသီရိ၊ ပြည်တော်သာ၊ ချမ်းမြသာစည်၊ စဝ်စံထွန်းရပ်ကွက် နေပြည်သူများအား ရေကောင်းရေသန့် ဖူလုံစွာ သုံးစွဲနိုင်ရေး ဆောင်ရွက်နိုင်မှု တို့ကို ရှင်း လင်း ပြောကြားခဲ့ကြောင်း သိရသည်။    

3 January 2014

တောင်​ကြီးတွင်​လွတ်​လပ်​​ရေး​နေ့အတွက်​ကြိုတင်​ပြင်​ဆင်

တောင်​ကြီးမြို့၂၀၁၃ဇန်​နဝါရီလ ၃ရက်
၆၆ နှစ်​​မြောက်​လွပ်​လပ်​​ရေး​နေ့အခမ်းအနားကျင်းပနိုင်​​ရေး
ကြိုတင်​ပြင်​ဆင်​မှုများပြုလုပ်​​ဆောင်​ရွက်​လျှက်​ရှိပါသည်​။
အ​ဝေရာမီးပုံးပျံကွင်းအတွင်း မြို့နယ်​အ​ထွေ​ထွေအုပ်​ချုပ်
ရေးဦးစီးဌာန၊ စည်​ပင်​သာယာ​ရေးအဖွဲ့၊ ​မြန်​မာနိုင်​ငံရဲ
တပ်​ဖွဲ့တို့မှ​ ပြင်​ဆင်​​ဆောင်​ရွက်​လျှက်​ရှိ​ကြောင်းသတင်း
ရရှိပါသည်​။ လွတ်​လပ်​​ရေး​နေ့တွင်​ ရပ်​ကွက်​များမှလည်း
ပျော်​ပွဲရွှင်​ပွဲများ စည်​ကားသိုက်​မြိုက်​စွာ ကျင်းပသွားမှာ
ဖြစ်​​ကြောင်းသတင်း​ရရှိပါသည်​။
HAK

Published with Blogger-droid v2.0.10

2 January 2014

မြို့မ ဈေးကြီးတွင် မီးလန့်မှုဖြစ်ပွား

၂၀၁၄ဇန်နဝါရီလ ၂ ရက်
တောင်ကြီးမြို့၊ မြို့မ ဈေးကြီးအတွင်း ည၂၀း၀၀နာရီ အချိန်​ ဝါယာရှော့ ဖြစ်၍
မီးလန့်မှုဖြစ်ပွားခဲ့ကြောင်း၊ ဈေးသူဈေးသားများမှလည်း
စိုးရိမ်ပြီး ဈေးရှေ့သို့လာရောက်စောင့်ကြည့်မှုများရှိခဲ့ကြောင်း
ဝါယာရှော့ဖြစ်ပွား၍ မီးသတ်သို့အ ကြောင်းကြားမှုကြောင့်
မီးသတ်ယာဉ် ၂ စီးရောက် ရှိလာ သော်လည်း မီးသတ်
ရန်မလိုအပ်ခဲ့ကြောင်း၊ တာဝန် ရှိသူများမှ ဈေးအတွင်း
သေချာအောင် လိုက်လံစစ်ဆေး ဆောင် ရွက်ခဲ့ကြောင်း
သတင်းရ ရှိပါသည်။
HAK

Published with Blogger-droid v2.0.10

ဗိုက်ချပ်စေမည့် 10 မိနစ်စာ လေ့ကျင့်ခန်း

 ဗိုက်ချပ်စေမည့် 10 မိနစ်စာ လေ့ကျင့်ခန်း
အားကစားအတွက် အချိန် မပေးနိုင်တဲ့ ပျိုမေများ အတွက် တစ်နေ့ ဆယ်မိနစ်စာ အချိန်ပေးရုံနဲ့ ဗိုက်သား သိသိသာသာ ကျစ်လစ် လှပစေမှာပါ။
ဒီလေ့ကျင့်ခန်း လေးကို Good Housekeeping (Digital Edition) မှ ထုတ်နှုတ် ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒီလေ့ကျင့်ခန်းရဲ့ အနှစ်သာရကတော့ ဗိုက်မှာရှိတဲ့ DeepTransverse Abdominalis ကြွက်သားကို ကျစ်လစ်စေတာ ဖြစ်ပါတယ်။ ခေါင်းအုံး တစ်လုံးကို ခေါင်းအောက်မှာထား၊ စာအုပ် တစ်အုပ်ကို ဗိုက်ပေါ်တင်၊ ဗိုက်ကိုကျောနဲ့ ကပ်တဲ့အထိ လေကို တဝကြီး ရှူထုတ်လိုက်တဲ့ အခါမှာ စာအုပ် နစ်ဝင်သွားတဲ့ နေရာဟာ DeepTransverse muscle ရှိတဲ့နေရာ ဖြစ်ပါတယ်။ ကစားနည်း အသေးစိတ်ကို ကြည့်ကြ ရအောင်နော်။
လေ့ကျင့်ခန်း (၁)
ကြမ်းပြင်ဆီသို့ မျက်နှာမူ၍ ကိုယ်ကို ဆန့်တန်း ထားပါ။ ကိုယ်ရဲ့ အလေးချိန်သည် တံတောင်နှင့် ခြေဖျားပေါ်တွင် ရှိပါစေ။ ထိုအနေအထားကို စက္ကန့် ၁၀ မှ ၂၀ အထိ ထိန်းထားပေး ရမှာဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၂)
(A) လူကို ဘေးဆောင်း အနေအထားနှင့် ဆန့်ထားပြီး ဘယ်ခြေကျင်းကို ညာခြေကျင်း ပေါ်သို့ ချိတ်ပါ။ ကိုယ်ကို ညာလက်ဖြင့် ထောက် ထားပြီး ဘယ်ဘက် လက်ကို ဦးခေါင်း အနောက်တွင် ထားပါ။
(B) ဝမ်းဗိုက်ကြွက်သားကို သုံး၍ ဘယ်တံတောင်ကို ကြမ်းပြင်နှင့် မျင်းပြိုင် အနေအထားသို့ ရောက်အောင် ဆွဲယူပါ။
တစ်ဘက်ကို ၆ ကြိမ်စီ ပြုလုပ်ပေးရမှာ ဖြစ်ပါတယ်။
လေ့ကျင့်ခန်း (၃)
(A) ပထမဆုံး ကြမ်းပြင်ပေါ်သို့ ခြေဖဝါးချ၍ ထိုင်ပါ။ ထို့နောက် ဗိုက်ကြွက်သားကို သုံး၍ ခြေကိုကြမ်းပြင်နဲ့ လွတ်တဲ့ အနေအထားသို့ မတင်လိုက်ပါ။ ခါးဆန့်နေပါစေ။
(B) ကိုယ်အပေါ်ပိုင်းကို တစ်ဖက်သို့လှည့်ယူပြီး လက်နှစ်ဘက်ကို ကြမ်းပြင်နှင့် ထိပါ။ ဘက်မပြောင်းခင် ၈ ကြိမ်မှ၁၀ ကြိမ်ပြုလုပ်ပေးရပါမယ်။
လေ့ကျင့်ခန်း (၄)
(A) ကိုယ်ကို ကြမ်းပြင်ပေါ်သို့ လှဲလျက်၊ ဒူးကို ရင်ဘတ်နှင့် ထိအောင် ကွေးပြီး ခြေထောက်မပြေ စေရန် လက်ဖြင့် ထိန်းထားပါ။
(B) အသက်ရှူ၊ ဗိုက်ကိုရှပ်၍ ထိုင်ရက်အနေအထားသို့ ရောက်အောင် ဆွဲထူပါ။ ကိုယ်အလေးချိန်ဟာ၊ မြီးညောင်ရိုး နေရာမှာ ရှိပါစေ။
ဒီအတိုင်း ၅ ကြိမ်မှ ၁၀ ကြိမ်ပြုလုပ်ပေးပါ ။
လေ့ကျင့်ခန်း (၅)
(A) ပက်လက် အနေအထားနှင့် ဒူးကိုကွေးပြီး လက်နှစ်ဘက်ကို ခေါင်းအောက်တွင် ထားပါ။
(B) ညာခြေကို ဆန့်ရင်း ကိုယ်အပေါ်ပိုင်းကို ဘယ်ဘက် ဒူးဆီသို့လှည့်ပါ။ ဘက့်ပြောင်း၍ ဘယ်ခြေကိုဆန့် ညာဒူးဆီသို့လှည့်ပါ။
တစ်ဖက် ကို ၁၀ကြိမ်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။
** အထက်မှာ ဖော်ပြထားတဲ့ လေ့ကျင့်ခန်း (၁) မှ (၅) ကို ဆယ်မိနစ် အတွင်း (၂) ခေါက်ပြည့်အောင် ဆက်တိုက် ပြုလုပ် ပေးရမှာပါ။ တစ်ပတ်ကို ၃ကြိမ်ပဲ ပြုလုပ်ပေးရမှာမို့၊ နေ့တိုင်းလုပ်ဖို့ အဆင်မပြေတဲ့ ပျိုမေတွေ အတွက်လည်း အသုံးဝင် လိမ့်မယ် ထင်ပါတယ်။
ပျိုမေတွေ ကျန်းကျန်းမာမာနှင့် သာယာပျော်ရွှင်တဲ့ နေ့ရက်တွေကို ပိုင်ဆိုင် နိုင်ကြပါစေရှင်။
မြတ်ကြည် (သနပ်ခါးမေ)
credit to Shwe Beauty
http://www.myawady.net.mm

နာရေး ကူညီမှုအသင်း (ရန်ကုန်)မှ တောင်ကြီးမြို့၌ နယ်လှည့် အခမဲ့ဆေးကုသ ပေးမည်

န်ကုန် ဇန်နဝါရီ ၁
နာရေးကူညီမှု အသင်း (ရန်ကုန်) Mobile Clinic မှ ရှမ်းပြည်နယ် တောင်ကြီးမြို့သို့ ဇန်နဝါရီ ၅ရက်တွင် သွားရောက်၍ အခမဲ့ ဆေးကုသ ပေးမည် ဖြစ်ကြောင်း နာရေးကူညီမှု အသင်းမှ သိရသည်။ အဆိုပါ အခမဲ့ ဆေးကုသပေးခြင်းကို သွားအထူးကု ဆရာဝန်ကြီးများ၊ အရေပြား အထူးကု ဆရာဝန်များနှင့် အထွေထွေ ရောဂါ အထူးကု ဆရာဝန်များ ပါဝင်သော ဆရာဝန် ရှစ်ဦးခန့်က လစဉ်တစ်လ နှစ်ကြိမ် သွားရောက် ကုသပေးလေ့ ရှိကြောင်း ယင်းအသင်း၏ အုပ်ချုပ်ရေး တာဝန်ခံ တစ်ဦးက ပြောကြား ခဲ့သည်။
''ဝေးလံတဲ့ ဒေသကျေးရွာ တွေမှာ ဆေးရုံ၊ ဆေးပေးခန်း ဆိုတာသိပ်မရှိဘူး။ ရှိရင်လည်း ရွာနဲ့ အလှမ်းဝေးလို့ မသွားဘဲ ဆေးမြီး တိုနဲ့ ကုသ နေကြတယ်။ အဲဒီလို ဒေသတွေမှာ သွားရောက် ကုသတဲ့ အခါ တစ်နေ့ကို လူဦးရေ ၆ဝဝ ကျော်၊ ၇ဝဝနီးပါး ရှိတယ်။ ရောဂါ အခြေအနေကို ကြည့်ပြီး ရွာမှာ ကုသလို့ရတဲ့ လူနာကို ကျေးလက် ကျန်းမာရေး စောင့်ရှောက်ရေး အဖွဲ့နဲ့ တိုင်ပင်ပြီး လိုအပ်တာ မှာကြား ပေးတယ်။ ရောဂါရင့်တဲ့ လူနာမျိုး ဆိုရင် ရန်ကုန်က သုခ ကုသိုလ်ဖြစ် ဆေးခန်းမှာ ကုပေး ပါတယ်'' ဟု ၎င်းက ထပ်မံ ရှင်းပြခဲ့သည်။
ယင်းနာရေး ကူညီမှု အသင်း (ရန်ကုန်) Mobile Clinic အဖွဲ့သည် ကျန်းမာရေး ဆိုင်ရာ ကိစ္စရပ်များ ခက်ခဲသည့် ဒေသများတွင် လစဉ်ပုံမှန် နှစ်ကြိမ် ဆေးကုသမှုများ အခမဲ့ ဆောင်ရွက်မှုများ အပြင် လိုအပ်သော ဆေးဝါးများကို တစ်လစာပေး၍ ကုသ ပေးလျက် ရှိကြောင်း သိရသည်။
သိုက်ရာဇာ
http://www.myawady.net.mm

လျှပ်စစ်ဝါယာရှော့ခ်ဖြစ် ဂိုဒေါင်တစ်လုံး မီးလောင်မှု ဖြစ်ပွား

တောင်ကြီး   ဇန်နဝါရီ   ၁
ရှမ်းပြည်နယ်  (တောင်ပိုင်း) တောင်ကြီးမြို့ ကန်အောက်ရပ်ကွက် ခတ္တာလမ်း နယ်မြေ (၁) အိမ်အမှတ်(၂၂၈) နမ်းခေမော လျှပ်စစ်ပစ္စည်း
အရောင်းဆိုင် ပိုင်ရှင်  ဦးအိုက်ထွန်း(ဘ) ဦးအိုက်မောင်ခန့်၏ လျှပ်စစ်ပစ္စည်းများ ထားသိုသည့်ဂိုဒေါင် (သွပ်မိုး၊ ပျဉ်ကာ) အတွင်း   တပ်ဆင်ထားသည့် ဝါယာကြိုးမှ တစ်ဆင့် ယနေ့နံနက် ၁ နာရီခွဲတွင် ဝါယာရှော့ခ် ဖြစ်ကာ မီးလောင်မှု ဖြစ်ပွားခဲ့သည်။
အဆိုပါ မီးလောင်မှုအား တောင်ကြီးမြို့  မီးသတ်ဌာနမှ မီးသတ်ယာဉ် ခြောက်စီး၊ အေးသာယာ မီးသတ်ဌာနမှ မီးသတ်ယာဉ် တစ်စီး၊ ရွှေညောင် မီးသတ်ဌာနမှ မီးသတ် ယာဉ်တစ်စီး၊ မြို့နယ် စည်ပင်ဌာနမှ ရေသယ်ယာဉ် နှစ်စီး၊ ပုဂ္ဂလိက ရေသယ်ယာဉ် နှစ်စီး၊ ပုဂ္ဂလိက ထော်လာဂျီ ရေသယ်ယာဉ် ငါးစီးဖြင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်နေ ပြည်သူများဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ရာ နံနက် ၂ နာရီခွဲတွင် မီးငြိမ်းသွားခဲ့သည်။
အဆိုပါ မီးလောင်မှုကြောင့် ငွေကျပ် သိန်း ၃ဝ ခန့် ဆုံးရှုံးခဲ့ပြီး မီးလောင်မှုကြောင့် ဦးအိုက်ထွန်း အား တောင်ကြီးမြို့မ ရဲစခန်းမှ မမစ(တက)၏ (ပ) ၈/၂ဝ၁၄ ပြစ်မှုပုဒ်မ ၂၈၅ အရ အမှုဖွင့် ဆောင်ရွက်လျက် ရှိကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm

လက်လုပ်မိုင်းဗုံး ပြုလုပ်ပြီး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး အနီးတွင် ဖောက်ခွဲရန် ထားရှိခဲ့သည်ဟု သံသယ ရှိသူ များ စစ်ဆေး

၂၀၁၄
ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး အနီးတွင် ဖောက်ခွဲရန် လက်လုပ်မိုင်းဗုံး ပြုလုပ်ပြီး ထားရှိခဲ့သည်ဟု သံသယ ရှိသူများကို ဖမ်းဆီးစစ်ဆေး နေပြီဖြစ်ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး လှိုင်တင့်က ဒီဇင်ဘာ ၃၀ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
အဆိုပါ ပြစ်မှုကျူးလွန်သည်ဟု သံသယ ရှိသူများကို ခေါ်ယူစစ်ဆေးနေသည့် အဆင့်သာရှိနေပြီး ပါဝင်ပတ်သက်မှု မရှိသူများကိုလည်း ပြန်လည် လွှတ်ပေးနေကြောင်း သိရှိရသည်။

“ကျွန်တော်တို့ အနေနဲ့ ဒီဖြစ်စဉ်ကို ဖိဖိစီးစီး ကိုင်တွယ်ဆောင်ရွက် နေတယ်။ ထပ်မံပြီးတော့ မဖြစ်ပွား အောင်လည်း ရဲလုပ်ငန်းတွေအရ ပြင်ဆင်ထားပြီး ဖြစ်တယ်။ မသင်္ကာလို့ ခေါ်ယူစစ်ဆေးတဲ့ တချို့လူတွေဆိုရင် စစ်ဆေးတဲ့ အခါမှာ ခက်ခဲမှုတွေရှိတယ်။ အခုလက်ရှိ စစ်ဆေးလို့ ရရှိတဲ့ အချက်အလက်တွေကို သတင်းထုတ်ပြန်ပေးဖို့ စောပါသေးတယ်။ အခုသံသယရှိလို့ စစ်ဆေးတဲ့ သူတွေထဲမှာ ကျူးလွန်သူ ပါဝင်တယ် ဆိုတာကတော့ ပြောဖို့စောပါသေးတယ်” ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ဒုတိယရဲမှူးကြီး လှိုင်တင့်က ဆိုသည်။

ဖြစ်စဉ်မှာ တောင်ကြီးမြို့ စိန်ပန်းရပ်၊ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး အရှေ့ဘက် ပြည်တော်အေးလမ်းမဘေး၊ လမ်းသွယ်စည်ပင် ဆောက်လုပ်ရေး လုပ်ငန်းခွင်နှင့် လူငယ်ထိန်းသိမ်းရေး မိဘမဲ့ ဂေဟာကြားရှိ လမ်းဘေး ရေမြောင်းငယ်အတွင်း လက်လုပ်မိုင်း တစ်ခုကို ဒီဇင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းတွင် တွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာမှ ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း သိရသည်။

ယင်းလမ်းဘေး ရေမြောင်းငယ် အတွင်း၌ မသင်္ကာဖွယ် ပလတ်စတစ်ထုပ် တစ်ခုကို တွေ့ရှိခဲ့ရသည်ဟု စည်ပင်ဝန်ထမ်း တစ်ဦးမှ သတင်းပေး တိုင်ကြားချက်အရ သက်ဆိုင်ရာမှ သွားရောက် စစ်ဆေးရာတွင် အဆိုပါ လက်လုပ်မိုင်းကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

EMG

(ဒီဇင်ဘာ ၂၅ ရက်က တောင်ကြီးမြို့တွင် တွေ့ရှိခဲ့သည့် လက်လုပ်မိုင်းဗုံးကို ကာကွယ်ထားမှုအား တွေ့ရစဉ်)

refind;Oppositeye myanmar

Published with Blogger-droid v2.0.10

အစုလိုက် မေးခိုင်ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်း အသိပညာပေး ဆွေးနွေး

တောင်ကြီး ဒီဇင်ဘာ  ၃ဝ
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ သစ်တောရပ်ကွက် မြန်မာနိုင်ငံ ဆရာဝန်များ အသင်းရုံးခန်းမ၌ အစုလိုက် မေးခိုင် ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းအသိပညာပေး ဆွေးနွေးပွဲကို  ယမန်နေ့ နံနက် ၉ နာရီက ကျင်းပရာ
အခမ်းအနားတွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ မျိုးထွန်းက အသိပညာပေး ရှင်းလင်း ပြောကြားသည်။ ထို့ နောက် ပြည်နယ်ကျန်းမာရေး ဦးစီးဌာနမှူး  ဒေါက်တာ သန်းထွဋ်ဦးက လုပ်ငန်းဆောင်ရွက်မည့် အစီအစဉ်ကို  ရှင်းလင်း တင်ပြသည်။ ဆက်လက်၍ ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်၊ ပြည်နယ်ဝန်ကြီးများ၊ ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ သန်းထွဋ်ဦးနှင့် တာဝန်ရှိသူတို့က အစုလိုက်မေးခိုင်ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်း အသိပညာပေး ဆွေးနွေးပွဲနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သတင်း ရရှိသည်။
http://www.myawady.net.mm

စွမ်းအင် သယံဇာတနှင့် ဓာတ်သတ္တုဆိုင်ရာ ဆပ်ကော်မတီ အဖွဲ့ဝင်များ ညှိနှိုင်းဆွေးနွေး

တောင်ကြီး  ဒီဇင်ဘာ  ၃ဝ
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ သစ်တောရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ပြည်ထောင်စု အစိုးရအဖွဲ့ စီးပွားရေးကော်မတီ၊ စွမ်းအင် သယံဇာတနှင့် ဓာတ်သတ္တုဆိုင်ရာ ဆပ်ကော်မတီ
အဖွဲ့ဝင်များနှင့် ပြည်နယ် အ ဆင့် ဆပ်ကော်မတီ အဖွဲ့များ၊ ကုမ္ပဏီလုပ်ငန်းရှင်များ ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးခြင်း အခမ်းအနားကျင်းပရာ စွမ်းအင်သယံ ဇာတနှင့် ဓာတ်သတ္တုဆိုင်ရာ ဆပ်ကော်မတီဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်ဇော်နှင့် အဖွဲ့ဝင်များ၊ ရှမ်းပြည် နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးများ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသမှ တာဝန်ရှိသူများ၊ ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သတ္တုလုပ်ငန်းရှင်များ၊ ကုမ္ပဏီလုပ်ငန်းရှင် များနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ တက်ရောက်ကြသည်။ အခမ်းအနားတွင် စွမ်းအင်သယံဇာတနှင့် ဓာတ်သတ္တုဆိုင်ရာ ဆပ်ကော်မတီဥက္ကဋ္ဌ စွမ်းအင်ဝန်ကြီး ဌာန ဒုတိယဝန်ကြီးက အဖွင့်အမှာစကား ပြောကြားသည်။
ဆက်လက်၍ စွမ်းအင်သယံဇာတနှင့် ဓာတ်သတ္တုဆိုင်ရာ ဆပ်ကော်မတီ အတွင်းရေးမှူး စွမ်းအင်ဝန်ကြီးဌာန ညွှန်ကြားရေး မှူးက ဆပ်ကော်မတီ၏ လုပ်ငန်း ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြပြီး အဖွဲ့ဝင်များဖြစ်သော လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာန အင်ဂျင်နီယာချုပ်၊ သတ္တုတွင်း ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ စက်မှုဝန်ကြီးဌာန မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးနှင့် သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး တို့က မိမိတို့လုပ်ငန်း ကဏ္ဍအ လိုက် ရှင်းလင်း တင်ပြခဲ့ကြောင်း သိရသည်။
http://www.myawady.net.mm

1 January 2014

ခရမ်းချဉ်သီးက လေဖြတ် နိုင်ခြေကို လျှော့ချနိုင်

၂၀၁၃ ဒီဇင် ဘာလ
ခရမ်းချဉ်သီးဟာ လေဖြတ်နိုင်ခြေကို လျှော့ချနိုင်ကြောင်း လေ့လာမှု အသစ်အရ တွေ့ရှိခဲ့တာကို အာရုံကြော ဆိုင်ရာ ဂျာနယ်မှာ ဖော်ပြထားပါတယ်။ ခရမ်းချဉ်သီးမှာ လိုင်ကိုပင်း ခေါ်တဲ့ ဓာတ်တိုး ဆန့်ကျင် ပစ္စည်းတွေ များစွာ ပါဝင်ပါတယ်။
လေ့လာမှုအရ သွေးအတွင်း လိုင်ကိုပင်း ပမာဏ များစွာ ရရှိသူတွေဟာ လိုင်ကိုပင်း ပမာဏ နည်းစွာ ရရှိသူတွေထက် လေဖြတ်နိုင်ခြေ ၅၅ရာခိုင်နှုန်း လျော့နည်းကြောင်း တွေ့ရှိခဲ့ ပါတယ်။ လေ့လာသူတွေက ဖင်လန်နိုင်ငံမှ အသက်၄၆နှစ်နဲ့ ၆၅နှစ်ကြား အမျိုးသားပေါင်း ၁၀၃၁ ယောက်ကို ၁၂နှစ် ကြာအောင် လေ့လာ ခဲ့ရာမှာ တွေ့ရှိခဲ့ တာဖြစ်ပါတယ်။တခြားဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေဖြစ်တဲ့ အယ်လ်ဖာ ကယ်ရိုတင်း၊ ဘီတာ ကယ်ရိုတင်း၊ အယ်လ်ဖာ တိုကို ဖီရောနဲ့ ရက်တီနောတွေကိုလည်း လေ့လာမှုပြု ခဲ့ပေမယ့် သူတို့တွေဟာ လေဖြတ် နိုင်ခြေနဲ့ ဆက်စပ်မှု မရှိကြောင်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။
www.myawady.net.mm

Published with Blogger-droid v2.0.10