(၂၅-၈-၂၀၁၃)ရက်နေ့၊ (၀၉၀၀)နာရီအချိန်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊
အမှတ်(၄)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ဓမ္မာရုံတွင်
မြို့နယ်အုပ်ချုပ်ရေးမှူးဦးဆောင်သည့် မြို့နယ်စီမံခန့်ခွဲရေးကော်မတီ၊
မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ၊
မြို့လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးကော်မတီတို့ပူးပေါင်း၍
အေးသာယာမြို့ရှိ ရပ်ကွက် (၁၂)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများ၊
အထောက်အကူပြုကော်မတီများ၊ ရပ်မိရပ်ဖများစုစုပေါင်းအင်အား (၈၀)ဦးခန့်နှင့်
တွေ့ဆုံဆွေးနွေးရာ (၁၂၀၀)နာရီအချိန်တွင် ပြီးဆုံးခဲ့ပါသည်။
(၁၃၀၀)နာရီအချိန်တွင် တောင်ကြီးမြို့နယ်၊ နန်းဟူးကျေးရွာ အုပ်စု၊
ပေါမူကျေးရွာ၊ ပေါမူဘုန်းတော်ကြီးကျောင်း၌ နန်းဟူး၊ နန်းဟောင်း၊ လွယ်တော်၊
မင်္ဂလာ၊ ဘန့်ကွေးကျေးရွာအုပ်စုများမှ အထောက်အကူပြုကော်မတီများ၊
ရပ်မိရပ်ဖများ စုစုပေါင်းအင်အား (၆၀) ဦး
နှင့်တွ့ဆုံဆွေးနွေးရာ(၁၅၃၀)နာရီအချိန်တွင်ပြီးဆုံးခဲ့ပါကြောင်းနှင့်ဆွေးနွေးရာ၌
ရပ်ကွက်/ ကျေးရွာအုပ်စု စီးပွားရေး၊လူမှုဖွံ့ဖြိုးတိုးတက်ရေး၊
ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ပေါင်းစပ်ညှိနိုင်း ဆောင်ရွက်သွားရန်
ဆွးနွေးဆောင်ရွက်ခဲ့ပြီးရပ်ကွက်/ကျေးရွာအုပ်စုအထောက်အကူပြုကော်မတီများမှ ပြန်လည် ဆွေးနွေး
တင်ပြခြင်းများ ဆောင်ရွက်ခဲ့ပါသည်။
No comments:
Post a Comment