25 August 2013

ဟိုပုံးမြို့တွင် ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး အသိပညာပေး ဟောပြော

 ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး အသိပညာပေး ဟောပြော
တောင်ကြီး  သြဂုတ်  ၂ဝ
ရှမ်းပြည်နယ် ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ် လုံဟေးကျေးရွာအုပ်စု လုံဟေးကျေးရွာ၌ ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး ပညာပေး ဟောပြောပွဲကို ယမန်နေ့ နံနက် ၁ဝ နာရီခွဲက လုံဟေးဘုန်းတော်ကြီး ကျောင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် မြို့နယ် စည်းရုံးရေးမှူး ဦးအောင်သုခက အမှာစကား ပြောကြားပြီး မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ဝင်းက ဘိန်းစိုက်ပျိုးမှု ပပျောက်ရေးအတွက် ပညာပေး ဆွေးနွေးကာ လုံဟေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထီးနှင့် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် မြို့နယ်ကော်မတီ ဦးခွန်ခက်တို့က ဘိန်းစိုက်ပျိုးမှု ပပျောက်ရေး ထပ်ဆင့် ပညာပေး ဟောပြောသည်။
အဆိုပါ ဟောပြောပွဲသို့ ဟိုပုံးမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး မောင်မောင်ဝင်းနှင့် တပ်ဖွဲ့ဝင်များ၊ လုံဟေးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး ဦးထီး၊ ပအိုဝ်း အမျိုးသားအဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် လုံဟေးကျေးရွာအုပ်စု အတွင်းရှိ ကျေး ရွာနေ ပြည်သူ များ တက်ရောက်ကြကြောင်း သိရသည်။
http://www.myawady.net.mm

No comments:

Post a Comment