လူတစ်ယောက်က သူ့ ရဲ့ ကားအသစ်ကို ပေါလစ်တိုက်နေတယ်
အဲဒီအချိန်မှာ သူ့ ရဲ့ ၆နှစ်အရွယ်သားလေးဟာ ကျောက်ခဲနဲ့ ကားရဲ့ ဘေးခြမ်းမှာ ခြစ်လိုက်တယ်။
သူတော်တော်စိတ်ဆိုးသွားပြီသူ့ သားရဲ့ လက်ကို ဂွနဲ့ သတိမထားမိပဲ အချက်ပေါင်းများစွာ ထုရိုက်မိသွားတယ်
ဆေးရုံးရောက်တော့ သားလေးရဲ့ လက်ချောင်လေးတွေဟာ ကျိုးကြေကုန်လို့ မတတ်သာပဲအကုန်ဖြတ်လိုက်ရရှာတယ်
ဖခင်ကိုတွေ့ တော့ နာကျည်းနေတဲ့မျက်ဝန်းတွေနဲ့  “ဖေဖေ သားရဲ့ လက်ချောင်းတွေ ပြန်ပေါက်လာဦးပါ့မလား”လို့ မေးရှာတယ်
ဖခင်ဟာအရမ်းခံစားသွားရပြီး ပြောစရာစကားတွေပျောက်ဆုံးသွားတယ
ဒါနဲ့ သူ့ ကားဆီကိုပြန်သွားပြီး သူ့ ရဲ့ ကားအသစ်ကိုအချက်ပေါင်းများစွာက
မောပန်းပြီး ကားအနားမှာငုတ်တုတ်ထိုင်ရင်း သူ့ ရဲ့ သားငယ်ခြစ်ထားတဲ့ ခဲခြစ်ရာကို ကြည့်မိတယ်။ အဲဒီမှာ ရေးထားတာက.... “ဖေဖေကိုချစ်တယ်”တဲ့။ ။
သူဘယ်လိုမှမခံစားနိုင်ပဲ နောက်တစ်နေ့ မှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက
ဒေါသနဲ့ ချစ်ခြင်းမေတ္တာမှာ အကန့် အသတ်ဆိုတာမရှိဘူး
အချစ်ကိုသာရွေးချယ်ပြီး လှပပြီး နှစ်လိုဖွယ်ကောင်းတဲ့ဘ၀ကိုသာရွေ
အရာဝတ္ထုဆိုတာအသုံးပြုဖို့ ၊ လူဆိုတာချစ်ဖို့ ။
ဒါပေမယ့် ယနေ့ လောကကြီးရဲ့ ပြသနာက လူတွေကိုအသုံးပြုပြီး အရာဝတ္ထုတွေကို ချစ်နေကြတယ်
ဒီနေ့ ကစပြီး စိတ်ထဲမှာ သတိထားပြီး မှတ်သားသွားပါ
အရာဝတ္ထုတွေဆိုတာ အသုံးပြုဖို့ ၊ လူတွေဆိုတာ ချစ်ဖို့ ပါ
ဒီစာပိုဒ်လေးကိုတော့ ဘာသာပြန်တာထက်စာရင် မူရင်း အင်္ဂလိပ်လိုက ပိုပြီး အနှစ်သာရ ရှိလို့ မပြန်တော့ပါဘူး (Watch your thoughts; they become words. Watch your words; they become actions. Watch your actions; they become habits. Watch your habits they become character;Watch your character; it becomes your destiny.)
No comments:
Post a Comment