30 August 2013

အင်းလေး ဖောင်တော်ဦးဘုရား ၂၁ ဌာန ဒေသစာရီ ကြွချီရာ ရေလမ်းကြောင်း တစ်လျှောက် နုန်း သဲ အမှိုက်သရိုက် ကြိုတင် ရှင်းလင်း

  အင်းလေး ဖောင်တော်ဦးဘုရား ၂၁ ဌာန ဒေသစာရီ ကြွချီရာ ရေလမ်းကြောင်း တစ်လျှောက် နုန်း သဲ အမှိုက်သရိုက် ကြိုတင် ရှင်းလင်း
ညောင်ရွှေ   သြဂုတ်  ၂၉
ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေး ဖောင်တော်ဦး ဘုရားသည် နှစ်စဉ်နှစ်တိုင်း အင်းလေးဒေသ ပတ်ဝန်းကျင် ကျေးရွာများရှိ ၂၁ ဌာနသို့ ဒေသစာရီ ကြွချီ လှည့်လည် အပူဇော်ခံသည်မှာ အစဉ်အလာ တစ်ရပ်ဖြစ်သည်။
ထိုသို့ လှည့်လည် အပူဇော်ခံရာတွင် မြန်မာနိုင်ငံ အတွင်းရှိ အနယ်နယ် အရပ်ရပ်မှ ဘုရားဖူး ဧည့်သည်များ၊ နိုင်ငံခြားသား ခရီးသည်များလည်း လာရောက် ဖူးမြော် လေ့လာကြသည်။
ယခုနှစ်တွင်လည်း အောက်တိုဘာ ၅ ရက် (သီတင်းကျွတ် လဆန်း ၁ ရက်)တွင် ကျောင်းတော်ကြီးမှ အင်းလေးဒေသ ပတ်ဝန်းကျင် ကျေးရွာများရှိ ၂၁ ဌာနသို့ ဒေသစာရီ ကြွချီ အပူဇော်ခံမည် ဖြစ်သည်။
ထိုသို့ ဖောင်တော်ဦးဘုရား လှည့်လည် အပူဇော်ခံရန် ဒေသစာရီ ကြွချီရာ ရေလမ်း တစ်လျှောက်တွင် အခက်အခဲမရှိ အဆင်ပြေ ချောမွေ့စွာ ကြွချီနိုင်ရေး အတွက် ရေလမ်းတစ်လျှောက် နုန်း၊ သဲများကို စက်ယန္တရား ကြီးများဖြင့် တူးဖော်ခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်း ဖယ်ရှားခြင်း၊ ဖောင်တော် ဆိုက်ကပ်ရာ နေရာများ၌ တံတား ပြုပြင်ခြင်း များကို ညောင်ရွှေမြို့နယ် ဆည်မြောင်းဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ညောင်ရွှေမြို့နယ် အုပ်ချုပ်ရေးမှူး၊ ဖောင်တော်ဦး ဘုရား ဂေါပကအဖွဲ့များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူ များမှ ဦးဆောင်၍ မိမိတို့ ကဏ္ဍအလိုက် ကြိုတင်ပြုပြင် ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။
http://www.myawady.net.mm

No comments:

Post a Comment