25 August 2013

အမေရိကန် ပြည်ထောင်စုတွင် အမျိုးသား တစ်ဦး ခုနစ်လွှာ အထပ်မြင့်မှ ပြုတ်ကျ သော်လည်း အသက်ဘေးမှ လွတ်

 အမေရိကန် ပြည်ထောင်စုတွင် အမျိုးသား တစ်ဦး ခုနစ်လွှာ အထပ်မြင့်မှ ပြုတ်ကျ သော်လည်း အသက်ဘေးမှ လွတ်မြောက်
ဝါရှင်တန်   သြဂုတ်   ၂၄
အမေရိကန် ပြည်ထောင်စု ပင်ဆယ်ဗေးနီးယား ပြည်နယ် ဖီလာဒဲဖီးယားမြို့ ရစ်တန်ဟောက်စ် ရင်ပြင်ရှိ အဆောက် အအုံတစ်ခု၏ အထပ်မြင့် ခုနစ်လွှာမှ သြဂုတ် ၂၂ ရက်  မွန်းလွဲ ၂ နာရီ
ဝန်းကျင်က ပြတင်းပေါက် သန့်ရှင်းရေး သမားတစ်ဦး ပြုတ်ကျ ခဲ့သော်လည်း အသက်ဘေးမှ လွတ်မြောက် ခဲ့ကြောင်း သိရသည်။
အဆိုပါ သန့်ရှင်းရေး သမားသည် Rittenhouse Claridge အဆောက်အအုံရှိ အထပ်မြင့်  ခုနစ်လွှာ အပြင် ဘက်တွင် ပြတင်းပေါက်ကို ဆိုင်းကြိုး အသုံးပြု၍ သန့်ရှင်းရေး ပြုလုပ် နေစဉ် ပြုတ်ကျ ခဲ့ခြင်း ဖြစ်ကြောင်း ဖီလာဒဲဖီးယား ရဲတပ်ဖွဲ့က ပြောကြား ခဲ့သည်။
၎င်း သန့်ရှင်းရေး သမားသည် အမှိုက်အိတ်ကြီး တစ်ခုပေါ် ပြုတ်ကျ ပြီးမှ မြေပြင် ပေါ်သို့    ပြုတ်ကျ ခဲ့ခြင်း ဖြစ်ဟန် တူကြောင်း၊ ယင်းနောက်တွင် အရေးပေါ် ဌာနသို့ မိမိက အကြောင်း ကြားခဲ့ကြောင်း မျက်မြင် တစ်ဦးက ပြောကြား ခဲ့သည်။ အထပ်မြင့်မှ ပြုတ်ကျ ခဲ့သော အဆိုပါ သန့်ရှင်းရေး သမားသည် သတိ မေ့သွားခြင်း မရှိကြောင်း၊  ဆေးဘက် အဖွဲ့၏ အကူ အညီဖြင့်  ဆေးရုံသို့ ပို့ဆောင် ပေးခဲ့ကြောင်း ယခုအခါ ၎င်း၏ အခြေ အနေမှာ  စိတ်ချ ရသော အနေ အထားတွင် ရှိကြောင်း သိရသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ သန့်ရှင်း ရေးလုပ်ရာတွင် အသုံးပြုသော ပစ္စည်းများ စိတ်ချ ရမှုရှိ၊ မရှိကို စစ်ဆေးရန် မြို့တော် စစ်ဆေးရေး အဖွဲ့က အဆိုပါ နေရာသို့ လာရောက် စစ်ဆေး ခဲ့ကြကြောင်း မီးသတ်ဌာန၏ ပြောကြားချက် အရ သိရသည်။
(အင်တာနက်)
http://www.myawady.net.mm

No comments:

Post a Comment