25 August 2013

အားကစား သိပ္ပံကျောင်းများ မော်လမြိုင်မြို့နှင့် တောင်ကြီးမြို့များတွင် ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားမည်

 အားကစား သိပ္ပံကျောင်းများ မော်လမြိုင်မြို့နှင့် တောင်ကြီးမြို့များတွင် ထပ်မံတိုးချဲ့ ဖွင့်လှစ်သွားမည်
ရန်ကုန်    သြဂုတ်    ၂၂
အားကစား ဝန်ကြီးဌာနသည် အားကစားနှင့် ကာယပညာ ပေါင်းစပ်၍ သင်တန်းကျောင်းများမှ  မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာရေး အတွက် အားကစားနှင့် ကာယပညာ
သိပံ္ပကျောင်းများကို မော်လမြိုင်နှင့် တောင်ကြီးမြို့များ၌ တိုးချဲ့ဖွင့်လှစ်နိုင်ရန် ကြိုးပမ်းလျက် ရှိကြောင်း သိရသည်။ ''အားကစားလောက ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အရင်က ရန်ကုန်နဲ့ မန္တလေးမှာပဲ ဒီလိုကျောင်းတွေရှိတာ။ မော်လမြိုင်ဆိုတော့ ကရင်၊ မွန်၊ တနင်္သာရီဘက်က ကလေးတွေ ခေါ်ယူ လေ့ကျင့်သင်ကြား ပေးနိုင်တာပေါ့။ တောင်ကြီးမှာ ဆိုရင်လည်း ရှမ်းပြည်နယ်ဘက်က အလားအလာရှိတဲ့ ကလေးတွေ မွေးထုတ်ပေးနိုင်မှာပါ'' ဟု အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ဆက်လက်ပြီး ၎င်းက ''အခုမော်လမြိုင်မှာ ဆောက်လုပ်ရေး လုပ်ငန်းစတင်နိုင်ဖို့  မြေနေရာ အတည်ပြုနိုင်ရေး ကြိုးပမ်းနေပါတယ်။ မြေနေရာ အတည်ပြုပြီးတာနဲ့ တည်ဆောက်ရေး လုပ်ငန်းတွေ စတင်မှာပါ။ မော်လမြိုင်ရော တောင်ကြီးပါ တစ်ပြိုင်နက်တည်း ဖွင့်လှစ်သွားမှာပါ။ အစောဆုံး ဖွင့်နိုင်အောင်လည်း ရည်ရွယ် ထားပါတယ်။ လက်ခံ သင်ကြားပေးမယ့် အားကစားနည်း အရေအတွက်ကို အတည်ပြုလို့ မရသေးပေမဲ့ အားကစားသမား အယောက် ၁၅ဝ သင်ကြားပေးနိုင်ရေး အတွက် ရည်မှန်းထားပါတယ်'' ဟု ၎င်းက ဆက်လက် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံတွင် မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွန်းလာရေး အတွက် အဓိက အခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည့် အားကစားနှင့် နည်းပညာပေါင်းစပ် သင်တန်းကျောင်းများမှာ ယခင်က ရန်ကုန်မြို့နှင့် မန္တလေး မြို့များတွင်သာ ဖွင့်လှစ် ထားရှိခဲ့သည်။
၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ်တွင် မန္တလေး အားကစားသိပံ္ပ၌ အားကစားနည်း (၂၅) နည်းတွင် ကျောင်းသား၊  ကျောင်းသူ စုစုပေါင်း ၅၃၂ ဦးရှိပြီး ရန်ကုန်၌ အားကစားနည်း (၂၂) နည်းတွင် ကျောင်းသားဦးရေ ၄၉၂ ဦး လေ့ကျင့် သင်ကြားပေးလျက် ရှိသည်။
မြန်မာ့လက်ရွေးစင် ဘောလုံးသမားများ ဖြစ်ကြသည့် ကျော်ကိုကို၊ ဒေးဗစ်ထန်နှင့် စိုးမင်းဦးတို့သည် အားကစားသိပံ္ပ (မန္တလေး) ကျောင်းထွက်များ ဖြစ်ကြကြောင်း သိရသည်။

No comments:

Post a Comment