27 August 2013

အောင်ပန်း- ပင်းတယ- ရပ်စောက် လမ်းပိုင်းရှိ ရာသီဥတုကြောင့်ပျက်စီးနေသော တံတား ကျောက်စီ မြေထိန်းနံရံ တည်ဆောက်

အောင်ပန်း- ပင်းတယ- ရပ်စောက် လမ်းပိုင်းရှိ ရာသီဥတုကြောင့်ပျက်စီးနေသော တံတား ကျောက်စီ မြေထိန်းနံရံ တည်ဆောက်
တောင်ကြီး    သြဂုတ်  ၂၅
ရှမ်းပြည်နယ် ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ  ပင်းတယမြို့နယ် အတွင်းရှိ အောင်ပန်း-ပင်းတယ- ရပ်စောက် လမ်းပိုင်း မိုင်တိုင်အမှတ်
(၁၇/၆) နှင့်(၁၇/၇) ကြားတွင် ရာသီဥတုဒဏ်ကြောင့် ပျက်စီး ယိုယွင်းနေသော ကုလားမ တံတား တံတားအမှတ် (၄/၁၈) ကို ယခုလအတွင်း ပင်းတယမြို့နယ် ဆောက် လုပ်ရေး ဦးစီးဌာန ကွင်းအင်ဂျင်နီယာက ကြီးကြပ်၍ ကျောက်စီမြေထိန်းနံရံ တည်ဆောက်လျက် ရှိသည်။
အဆိုပါ တံတားသည် ကျောက်စီ တံတားဖြစ်ပြီး အောင်ပန်း-ပင်းတယ- ရပ်စောက်လမ်းအတွက် အရေးပါသော လမ်းကူးတံတား တစ်ခု ဖြစ်သည်။ ယခုအခါ   တံတား၏ မြေသားနံရံများ ရေချောင်း အတွင်းသို့ ပြိုကျနေခြင်းကြောင့် ကျောက်စီ မြေထိန်းနံရံနှင့် တောင်နံရံတို့ကို ပြန်လည်ပြုပြင် တည်ဆောက် ထိန်းသိမ်းထားပြီး တံတားကိုအသစ်ပြန်လည် တည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ် ဆောက်လုပ်ရေး ဦးစီးဌာန တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

No comments:

Post a Comment