25 August 2013

ကမ္ဘောဒီးယားတွင် တင့်ဖျက်မိုင်း ပေါက်ကွဲမှုကြောင့် လယ်သမား ခြောက်ဦး သေဆုံး

 ကမ္ဘောဒီးယားတွင် တင့်ဖျက်မိုင်း ပေါက်ကွဲမှုကြောင့် လယ်သမား ခြောက်ဦး သေဆုံး
ဖနွမ်းပင် သြဂုတ် ၁၅
ကမ္ဘောဒီးယား နိုင်ငံ၏ အနောက်မြောက်ပိုင်း Preah Vihear ပြည်နယ်တွင် တင့်ဖျက်မိုင်းဟောင်း တစ်လုံး ပေါ်သို့ လယ်ထွန်စက်တစ်စီး တက်နင်းမိရာမှ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး
လယ်သမားခြောက်ဦးမှာ နေရာ တွင်ပင် ပွဲချင်းပြီး သေဆုံးကာ တစ်ဦးမှာ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ် ရဲချုပ်က သြဂုတ် ၁၅ ရက်တွင် အတည်ပြု ပြောကြားခဲ့သည်။
အဆိုပါ ပေါက်ကွဲမှုသည် Chom-ksan ခရိုင်ရှိ တောအုပ် အတွင်း၌ ဒေသစံတော်ချိန် ည ၇ နာရီတွင် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ပြည်နယ် ရဲချုပ်၏ ပြောကြားချက် အရ ယခု ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သော သစ်တောသည် ယခင်က စစ်မြေပြင်ဟောင်း တစ်ခုဖြစ်ပြီး မြေမြှုပ်မိုင်းများ တူးဖော် ရှင်းလင်းခြင်း မပြုလုပ်ရ သေးကြောင်း သိရသည်။ ဇူလိုင် ၃၁ ရက်ကလည်း နိုင်ငံ အနောက်မြောက်ပိုင်း Oddor Meanchey ပြည်နယ်တွင် ကျွဲလှည်း တစ်စီးသည် တင့်ဖျက်မိုင်းကို တက်နင်းမိပြီး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လှည်းပေါ်၌ ပါလာသည့် သားအဖ သုံးဦးမှာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ယခု ပေါက်ကွဲမှုသည် ဒုတိယ အကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။ ကမ္ဘောဒီးယား နိုင်ငံတွင် လွန်ခဲ့သော ဆယ်စုနှစ် သုံးခု အတွင်းက ဖြစ်ပွားခဲ့သည့် စစ်ပွဲများနှင့် ပြည်တွင်းစစ်များကြောင့် မြေမြှုပ်မိုင်းပေါင်း ၄ သန်းမှ ၆ သန်းအထိ ရှိကြောင်း သိရသည်။ နိုင်ငံ၏ မြေမြှုပ်မိုင်း ရှင်းလင်းရေး စင်တာ၏ ထုတ်ပြန်ချက် အရ မြေမြှုပ်မိုင်းပေါင်း ၃ ဒသမ ၁ သန်းခန့်ကို ရှင်းလင်း ဖျက်ဆီးနိုင်ခဲ့ပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိနေသေးသော မိုင်းများကို ၂ဝ၂ဝ ပြည့်နှစ်တွင် အပြီးသတ် ရှင်းလင်းနိုင်ရန် အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ သန်း ၅ဝ ခန့် လိုအပ်မည် ဖြစ်ကြောင်း သိရသည်။
http://www.myawady.net.mm

No comments:

Post a Comment