21 August 2013

တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံပွဲကျင်းပ

refind; peace moon
၂၀-၈-၂၀၁၃
ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစ၀်အောင်မြတ်သည်ပြည်နယ်လွှတ်တော်ဥက္ကဌ၊ ပြည်နယ်ဥပဒေချုပ် ၊ပြည်နယ်တရားသူကြီးချုပ်၊ပြည်နယ်စာရင်းစစ်ချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဌများ၊ပြည်နယ်၊ခရိုင်၊မြို့နယ် ဌာနဆိုင်ရာများ
စီမံခန့်ခွဲရေးကော်မတီ ၊ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီနှင့် စည်ပင်သာယာရေးကော်မတီများ၊လူမှုရေးအဖွဲ့အစည်းများပါဝင်သော
လူထုတွေ့ဆုံပွဲတစ်ရပ်ကိုဩဂုတ် ၂၀ ရက်၊ နေ့လည်၁ နာရီ တွင်တောာင်ကြီးမြို့၊မျြိုတော်ခန်းမတွင် ကျင်းပခဲ့သည်။အစိုးရသစ်အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ စီမံဆောင်ရွက်ခဲ့သည်မှာ လပေါင်း ၃၀ကျော်ကာလရှိခဲ့ပြီဖြစ်ကြောင်း၊ပြည်သူများ ရွေးချယ်ခဲ့သည့် အစိုးရဖြစ်သလို၊ ပြည်သူများကိုယ်တိုင်လည်း ပါဝင်ရွေးချယ်ခံနိုင်သည့် စနစ်ဖြစ်ကြောင်း၊ ကောင်းမွန်သော အုပ်ချုပ်မှုစနစ်၊ သန့်ရှင်းသောအစိုးရ ဖြစ်ရေးသည် အဆင့်ဆင့်တွင် တာဝန်ရှိကြောင်း၊ပြည်သူများ၏ လူမှုဘ၀ နေ့စဉ်နှင့်အမျှ လွယ်ကူလျင်မြန် အဆင်ပြေမှသာလျှင် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး၊ ဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း၊ ခရိုင်နှင့် မြို့နယ်များတွင် စီမံခန့်ခွဲရေးကော်မတီ ၊ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီနှင့် စည်ပင်သာယာရေးကော်မတီများဖြင့် ဖွဲ့စည်းဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါကော်မတီများကလည်း လစဉ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တစ်လလျှင် နှစ်ကြိမ်တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ကြရန် လူထု
တွေ့ဆုံပွဲ အခမ်းအနားတွင် အဖွင့်အမှာစကား၌ ထည့်သွင်းပြောကြားသွားကြောင်း သိရသည်။
https://www.facebook.com/linnlet.linnlet?hc_location=stream

No comments:

Post a Comment