
တောင်ကြီး သြဂုတ် ၂၂
မြန်မာနိုင်ငံတွင် နှစ်စဉ် ကျင်းပသည့်
အကြီးမားဆုံး မီးပုံးပျံပွဲ တစ်ခုဖြစ်သော ရှမ်းပြည်နယ် (တောင်ပိုင်း)၏
အထင်ကရ ပွဲတော် တန်ဆောင်တိုင် မီးပုံးပျံ ပြိုင်ပွဲတွင် အသုံးပြုသည့်
စက္ကူ၊ ယမ်း၊ ကန့်နှင့် အခြားဓာတု ပစ္စည်းများမှာ ယခင်ကထက် ဈေးနှုန်း
မြင့်တက် သွားကြောင်း သိရသည်။
အဆိုပါ မီးပုံးပျံသုံး စက္ကူများမှာ
ညမီးကျည် မီးပုံးပျံတွင် အသုံးပြုသော ဆီစိမ်စက္ကူ ဖြစ်ပြီး ၂၂ လက်မ
တစ်ချပ်လျှင် ယခင် ငွေကျပ် ၂ဝဝ အောက် ပေါက်ဈေးရှိရာက ယခုအခါ ငွေကျပ် ၂၃ဝ
မှ ၂၈ဝ အထိ မြင့်တက်သွားကာ စိန်နားပန် မီးပုံးပျံတွင် အသုံးပြုသော
စက္ကူပါးချပ်များမှာ ၂၂ လက်မ ပတ်လည်တစ်ချပ်လျှင် ငွေကျပ် ၁၅ဝ ရှိခဲ့ရာမှ
ယခုအခါ ငွေကျပ် ၁၈ဝ မှ ၂ဝဝ အထိ မြင့်တက်ခဲ့သည်။ ပွဲတော် နီးကပ်လာပါက
အဆမတန် ဈေးမြင့်တက်မည် စိုးသဖြင့် မီးပုံးပျံ ဝါသနာရှင် များသည် ယခု
လဆန်းပိုင်းမှ စတင်၍ ပစ္စည်းများ ဝယ်ယူ စုဆောင်းလျက် ရှိကြောင်း တောင်ကြီး
မီးပုံးပျံ ပြုလုပ်သူ များထံက သိရသည်။
လူငယ်များပြုလုပ်သည့် တိရစ္ဆာန်ရုပ်
မီးပုံးပျံ၏ ခြေချောင်းများ၌ ကပ်ရသော စက္ကူပါး ၂၅ လက်မတစ်ချပ်လျှင် ယခု
ငွေကျပ် ၃ဝ အထိ ဝယ်ယူ နေရ သည်ဟု မီးပုံးပျံ ပြုလုပ်သူ လူငယ်တစ်ဦးက
ပြောကြားခဲ့သည်။
မီးပုံးပျံသုံး ဆက်စပ်ပစ္စည်း အများစုကို
တရုတ် နိုင်ငံထွက် ပစ္စည်းများဖြင့် အသုံးပြုနေရပြီး ယမ်းစိမ်းများကို
ရှမ်းပြည်နယ် (မြောက်ပိုင်း)မှ မှာယူရသဖြင့် သယ်ယူ စရိတ်များနှင့်
ပေါင်းလိုက်ပါက ယခင်ဈေး များထက် နှစ်ဆခန့် များပြားနေကြောင်း သိရသည်။
''တောင်ကြီး မီးပုံးပျံပွဲကို နိုင်ငံခြား
ဧည့်သည်တွေ ယခင်နှစ်ထက် ပိုလာနိုင်တယ်။ ဘာကြောင့်လဲ ဆိုတော့ မြန်မာ
နိုင်ငံက မီးပုံးပျံ ပွဲတော်ဟာ အာဆီယံ နိုင်ငံတွေထဲမှာ အကြီးဆုံး
ပွဲတော်အဖြစ် သတ်မှတ်လို့ ရတဲ့အပြင် ခရီးသွားတွေ အတွက် အမြင်ဆန်းများ ရရှိ
စေနိုင်ပါတယ်'' ဟု မီးပုံးပျံ ဝါသနာရှင် ဦးတင့်ဆန်းက ပြောကြားခဲ့သည်။
No comments:
Post a Comment