25 August 2013

လမ်းကြိတ်စက် တိုက်မိ၍ လမ်းအင်ဂျင်နီယာ တစ်ဦး သေဆုံး

မုံရွာ  သြဂုတ်  ၂၃
စစ်ကိုင်းတိုင်း ဒေသကြီး မုံရွာမြို့တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီ ၂၅ မိနစ်က လမ်းအင်ဂျင်နီယာ အမျိုးသမီး တစ်ဦး လမ်းကြိတ်စက် တိုက်မိ၍ သေဆုံး ခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မုံရွာမြို့ မုံရွာတောင် ရပ်ကွက် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အနီး ဗိုလ်ချုပ်လမ်း၌ မြင်းခြံမြို့နယ် မြစ်သာကျေးရွာနေ ယာဉ်မောင်းမြင့်မောင် ၂၉ နှစ်(ဘ)ဦးအေးဝင်း မောင်းနှင်သည့် လမ်းကြိတ်စက်သည် လမ်းပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်နေစဉ် နောက်ပြန် မောင်းနှင်စဉ် လမ်းအလယ်၌ စာရင်းမှတ်နေသည့် မုံရွာမြို့နယ် မြေနဲကျေးရွာမှ ရွှေတောင်ကုမ္ပဏီ ဝန်ထမ်းဖြစ်သော ထွေးထွေးအိကျော် ၃၂ နှစ် (ဘ)ဦးကျော်ညွန့်အား တိုက်မိရာ ဒဏ်ရာများ ပြင်းထန်စွာ ရရှိပြီး သေဆုံးသွားကြောင်း သိရသည်။ အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ မုံရွာမြို့အမှတ်(၁) ရဲစခန်းမှ မြင့်မောင်အား ယာဉ်(ပ) အမှတ် ၁ဝ၆/၂ဝ၁၃၊ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃ဝ၄-ကအရ အမှုဖွင့် အရေးယူ ထားကြောင်း သိရသည်။ 
http://www.myawady.net.mm

No comments:

Post a Comment