
ရန်ကုန် သြဂုတ် ၂၁
မိုဘိုင်းလ်ဖုန်း အသုံးပြုသူများ အနေဖြင့်
ဖုန်းငွေဖြည့်ကတ်များ ဝယ်ယူ အသုံးပြုရာတွင် ငွေဖြည့်ကတ် error များကြောင့်
သုံးစွဲသူများ အနေဖြင့် အခက်အခဲများ ရှိနေကြောင်း ဖုန်းအရောင်း
ဆိုင်များနှင့် ဖုန်းသုံးစွဲသူ များထံက စုံစမ်းသိရသည်။
မိုဘိုင်းလ်ဖုန်း သုံးစွဲသူများ အနေဖြင့်
ဖုန်းအတွင်းသို့ ငွေဖြည့်ရန် ငွေဖြည့်ကတ်များ ဝယ်ယူ အသုံးပြုရာတွင်
ကတ်အတွင်း ဖုန်းဘီလ် မပါရှိခြင်းများ ဖြစ်နေကြောင်း သိရသည်။
''ဖုန်းငွေဖြည့်ကတ် တွေထဲမှာ ပိုက်ဆံ
မပါလာတာ တွေရှိတယ်။ ငွေဖြည့်ကတ်ကို ဆိုင်က ဝယ်တယ်။ ပြီးရင် ခဲခြစ်ပြီး
ငွေဖြည့်တယ်။ ဒါပေမဲ့ ငွေဖြည့်လို့ မရဘူး။ ဖြည့်တဲ့ငွေ ပမာဏ တက်မလာဘူး။
ဆိုင်ကို သွားပြန် ပြောတော့လည်း ငွေဖြည့်ကတ်ဖိုး ပိုက်ဆံပြန် မပေးဘူး။
အခုနောက်ပိုင်း ငွေဖြည့်ကတ် ဝယ်ရင် ဝယ်တဲ့ ဆိုင်မှာပဲ တစ်ခါတည်း ခဲခြစ်ပြီး
ငွေဖြည့်တယ်'' ဟု ကိုယ်တိုင် တွေ့ကြုံဖူးသူ တစ်ဦးက ပြောကြားခဲ့သည်။
မိုဘိုင်းလ်ဖုန်း ကိုင်ဆောင်
အသုံးပြုသူများ အနေဖြင့် ငွေဖြည့်ကတ် ဝယ်ယူ အသုံးပြုရာတွင် အထက်ပါ
ဖြစ်စဉ်များကို အထူးပင် ဂရုပြုသင့်ကြောင်း ငွေဖြည့်ကတ် ဝယ်ယူရာတွင်လည်း
ဝယ်ယူသည့် ဆိုင်တွင်ပင် ငွေတစ်ခါတည်း ခဲခြစ်ငွေဖြည့် သွင်းသင့်ကြောင်း
၎င်းက ဆက်လက် ပြောကြားခဲ့သည်။
''ငွေဖြည့်ကတ် error ဖြစ်တာက ဆိုင်မှာ
တစ်ခါတည်း ငွေဖြည့်လို့ error ဖြစ်ရင် လဲပေးလို့ ရတယ်။ ဆိုင်ကနေ
ဝယ်သွားတယ်။ အိမ်ရောက်ပြီး error ဖြစ်လို့ လာပြောရင် လဲပေးလို့ မရဘူး။
အိမ်ရောက်မှ အခြားဖုန်းထဲကို ငွေဖြည့်ပြီး
error ဝင်တာပါလို့ ဆိုင်ကို လိမ်ရင်ဘယ်လို လုပ်မလဲ'' ဟု 7 Star ဖုန်း
အရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ထက်နေ
http://www.myawady.net.mm


























![အရမ်းကောင်းလို့ ကျနော် ဘာသာပြန်ပေးလိုက်ပါတယ်
ဖြစ်ရပ်မှန်မဟုတ်ပါ :)
ကျေးဇူးပြု၇်ျ ဖတ်ပေးပါ
လူတစ်ယောက်က သူ့ ရဲ့ ကားအသစ်ကို ပေါလစ်တိုက်နေတယ်
အဲဒီအချိန်မှာ သူ့ ရဲ့ ၆နှစ်အရွယ်သားလေးဟာ ကျောက်ခဲနဲ့ ကားရဲ့ ဘေးခြမ်းမှာ ခြစ်လိုက်တယ်။
သူတော်တော်စိတ်ဆိုးသွားပြီသူ့ သားရဲ့ လက်ကို ဂွနဲ့ သတိမထားမိပဲ အချက်ပေါင်းများစွာ ထုရိုက်မိသွားတယ်
ဆေးရုံးရောက်တော့ သားလေးရဲ့ လက်ချောင်လေးတွေဟာ ကျိုးကြေကုန်လို့ မတတ်သာပဲအကုန်ဖြတ်လိုက်ရရှာတယ်
ဖခင်ကိုတွေ့ တော့ နာကျည်းနေတဲ့မျက်ဝန်းတွေနဲ့  “ဖေဖေ သားရဲ့ လက်ချောင်းတွေ ပြန်ပေါက်လာဦးပါ့မလား”လို့ မေးရှာတယ်
ဖခင်ဟာအရမ်းခံစားသွားရပြီး ပြောစရာစကားတွေပျောက်ဆုံးသွားတယ်
ဒါနဲ့ သူ့ ကားဆီကိုပြန်သွားပြီး သူ့ ရဲ့ ကားအသစ်ကိုအချက်ပေါင်းများစွာကန်တယ်
မောပန်းပြီး ကားအနားမှာငုတ်တုတ်ထိုင်ရင်း သူ့ ရဲ့ သားငယ်ခြစ်ထားတဲ့ ခဲခြစ်ရာကို ကြည့်မိတယ်။ အဲဒီမှာ ရေးထားတာက.... “ဖေဖေကိုချစ်တယ်”တဲ့။ ။
သူဘယ်လိုမှမခံစားနိုင်ပဲ နောက်တစ်နေ့ မှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်လိုက်တယ်
ဒေါသနဲ့ ချစ်ခြင်းမေတ္တာမှာ အကန့် အသတ်ဆိုတာမရှိဘူး
အချစ်ကိုသာရွေးချယ်ပြီး လှပပြီး နှစ်လိုဖွယ်ကောင်းတဲ့ဘ၀ကိုသာရွေးချယ်ပါ
အရာဝတ္ထုဆိုတာအသုံးပြုဖို့ ၊ လူဆိုတာချစ်ဖို့ ။
ဒါပေမယ့် ယနေ့ လောကကြီးရဲ့ ပြသနာက လူတွေကိုအသုံးပြုပြီး အရာဝတ္ထုတွေကို ချစ်နေကြတယ်
ဒီနေ့ ကစပြီး စိတ်ထဲမှာ သတိထားပြီး မှတ်သားသွားပါ
အရာဝတ္ထုတွေဆိုတာ အသုံးပြုဖို့ ၊ လူတွေဆိုတာ ချစ်ဖို့ ပါ
ဒီစာပိုဒ်လေးကိုတော့ ဘာသာပြန်တာထက်စာရင် မူရင်း အင်္ဂလိပ်လိုက ပိုပြီး အနှစ်သာရ ရှိလို့ မပြန်တော့ပါဘူး (Watch your thoughts; they become words. Watch your words; they become actions. Watch your actions; they become habits. Watch your habits they become character;Watch your character; it becomes your destiny.)
ဒီစာပိုဒ်လေးကို မ Share လို့ လဲ ဘာမှထူးထူးခြားခြားပြောင်းလဲသွားမှာမဟုတ်ပါဘူး
ဒါပေမယ့် Share ခဲ့မယ်ဆိုရင် တစ်ခြားတစ်ယောက်ယောက်ရဲ့ ဘ၀ ကို သင်ပြောင်းလဲကောင်းပြောင်းလဲပေးနိုင်လိမ့်မယ်
မူရင်းလင့်ခ်။ https://www.facebook.com/photo.php?fbid=535434856506488&set=a.216361541747156.49225.215948021788508&type=1&relevant_count=1
@[100006115360577:2048:စတီ ဗင်]](https://fbcdn-sphotos-b-a.akamaihd.net/hphotos-ak-ash3/s526x296/8852_1395392277341271_1584082276_n.jpg)
