11 November 2013

ရန်ကုန်မြို့နှင့် တောင်ကြီးမြို့များတွင် STUDY ABROAD-SIM ပညာရေး ဆွေးနွေးပွဲ ကျင်းပမည်

ရန်ကုန်   နိုဝင်ဘာ   ၉
AsiaOne.com တို့၏ ''Asia-One People's Choice Awards'' မှ
The Best Private School in Singapore ကို ငါးနှစ်ဆက်တိုက် ရရှိထားသော Singapore Institute of Management (SIM), SIM Global Edu-cation (SIM GE) မှ ပညာရေး ဆွေးနွေးပွဲကို ရန်ကုန်မြို့ STUDY ABROAD ရုံးခန်းတွင် နိုဝင်ဘာ ၂၂ ရက် (သောကြာနေ့) နှင့် တောင်ကြီးမြို့ Cherry Queen Hotel ၌ နိုဝင်ဘာ ၂၄ ရက် (တနင်္ဂနွေနေ့) တွင် မွန်းလွဲ ၁ နာရီမှ ညနေ ၃ နာရီ အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
SIM GE သည် Australia, United Kingdom (UK), United State (USA) နှင့် Switzerland နိုင်ငံတို့ရှိ အထင်ကရ တက္ကသိုလ်ကြီးများနှင့် ချိတ်ဆက်ထားပြီး ထိုတက္ကသိုလ်ကြီးများမှ ဘွဲ့များကို SIM GE တွင် ရယူ နိုင်သည်။
ဘွဲ့ကြိုတွင် International Business, Management, Co-mputer Science, Internation-al Trade, Accounting, Bank-ing, Hospitality Management, Finance, Economic အစရှိသော မေဂျာရပ်များကို သင်ယူနိုင်သည်။ ထို့ပြင် ဘွဲ့လွန် အတွက် Masters Programs များကိုပါ သင်ယူနိုင်သည်။
STUDY ABROAD-SIM ပညာရေး ဆွေးနွေးပွဲတွင် SIM ကျောင်း တာဝန်ခံများမှ ကျောင်းဝင်ခွင့်နှင့် ပတ်သက်သော အချက်အလက်များ၊ သင်ယူနိုင်သော ဘာသာရပ်များ၊ Partner Universities များ အကြောင်းနှင့် ပညာသင်ဆုများ အကြောင်းကို ထည့်သွင်း ပြောကြားသွားမည် ဖြစ်သည်။
စိတ်ဝင်စားသော မိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အသေးစိတ် စုံစမ်း သိရှိလိုပါက STUDY ABROAD Informa-tion Centre ဒိုင်းမွန်းကွန်ဒို၊ တိုက်(အေ) (၁၁ လွှာ) အခန်းအမှတ် (၁၁ဝ၃) ပြည်လမ်း (မေတ္တာဦး ဆေးခန်းအနီး) ကမာရွတ်မြို့နယ် ဖုန်း-ဝ၉-၅၁၅၁ဝဝ၈ နှင့် ဝ၉-၇၃၂၄၂၄ဝ၄ တို့သို့ ကြိုတင် စာရင်းပေးသွင်း နိုင်ကြောင်း သတင်း ရရှိသည်။
Aသူ
http://www.myawady.net.mm

No comments:

Post a Comment