11 November 2013

တန်ဆောင်တိုင်ဖွင့်ပွဲအောင်မြင်စွာကျင်းပပြီးစီး

တောင်ကြီးမြို့၊ နိုဝင်ဘာလ ၁၁
တောင်ကြီးမြို့တွင် တောင်ကြီးတန်ဆောင်တိုင်ပွဲတော်အား မနေ့ကဖွင့်လှစ်ခဲ့ပြီး ပွဲစရက်တွင်
လူများစည်ကားခဲ့ကြောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ၀န်ကြီးချုပ်မှ စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးခဲ့ပြီး
မီးကြည်၊ မီးပန်းများ ပေါက်ခြင်း၊ မီးပုံးပျံငယ်များအလုံး (၁၀၀၀)ခန့်လွှတ်တင်ခြင်းများဖြင့် ဖွင့်လှစ်ခဲ့ပြီး
ဖြစ်ကြောင်းသတင်းရရှိပါသည်။
တန်ဆောင်တိုင်ပွဲတော်တွင် ကုမ္ပဏီများလာရောက်မှုနည်းပါးသော်လည်း၊ ဧည့်သည်များလာရောက်မှုမှာ
တိုးတက်လာခဲ့ပါသည်။ မီးပုံးပျံများအနေဖြင့် ပြိုင်ပွဲဝင် စိန်နားပန်၊ (၃၄)လုံး၊ ညမီးကြီး (၆၈)လုံးနှင့် နေ့လွှတ်
မီးပုံးပျံ (၂၈၄)လုံးလွှတ်တင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။
ပုဂ္ဂိလိကအနေဖြင့် MIKKO မှ ဗိုလ်ချုပ်အောင်ဆန်းပန်းခြံအတွင်း မီးထွန်းရုပ်ဖိတ်ခေါ်ပြိုင်ပွဲများပြုလုပ်ပြီး
ပထမဆု (၅၀၀၀၀၀)ကျပ်၊ ဒုတိယဆု (၃၀၀၀၀၀)ကျပ်နှင့် တတိယဆု (၂၀၀၀၀၀)ကျပ်ချီးမြှင့်သွားမည်ဖြစ်
ကြောင်းသတင်းရရှိပါသည်။
HAK

No comments:

Post a Comment