15 November 2013

တန်ဆောင်တိုင်ကွင်းအတွင်းမီးသတ်ကားမှ လူတစ်ဦးအားကြိတ်မိ

၂၀၁၃နို ၁၄
တောင်ကြီးမြို့၊တန်ဆောင်တိုင် မီးပုံးပျံကွင်းအတွင်း၊ ဒိုင်စင်နှင့်ပေ(၁၀၀)ခန့်အကွာ ယာဉ်မောင်းကိုဆန်းနိုင်  မောင်းနှင်သော ဒေါင်ဖန်းအမျိုးအစား မီးသတ်ယာဉ်သည် အဝေရာမီးပုံးပျံ
ကွင်းအတွင်းမှတာဝန်ပြီးဆုံး၍ မီးသတ်တပ်ဖွဲ့သို့ပြန်ရန် နောက်ဆုတ်ထွက်စဉ် မြက်ပေါ်တွင် အိပ်ပျော်နေသူ အသက်(၂၅)နှစ်ခန့် အမျိုးသားတစ်ဦး (တောင်ကြီးတက္ကသိုလ် ဥပဒေကျောင်းသား) အား နောက်ဘီးဖြင့် ကိုယ်ခန္ဓာ တစ်ခြမ်းအား တက်ကြိတ်မိရာ ၄င်းအား စစ်စံထွန်းဆေးရုံသို့ အရေးပေါ်ပို့ဆောင်ကုသခဲ့သော်လည်း  သေဆုံးသွားသဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်သူ ဆန်းနိုင်အား ရဲစခန်း တွင်အမှု ဖွင့်အရေးယူထားကြောင်း သတင်းရရှိပါသည်။
HAK

No comments:

Post a Comment