11 November 2013

ခမ်းရွှေဝါထွန်း ကုမ္ပဏီမှ Solar System.LED မီးလင်းရေး စနစ်သုံးပစ္စည်း ပေးအပ် လှူဒါန်း

ခမ်းရွှေဝါထွန်း ကုမ္ပဏီမှ Solar System.LED မီးလင်းရေး စနစ်သုံးပစ္စည်း ပေးအပ် လှူဒါန်း
တောင်ကြီး  နိုဝင်ဘာ  ၈
ရှမ်းပြည်နယ် တောင်ကြီးမြို့ သစ်တောရပ်ကွက် ရုံးကြီးလမ်း အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌  ယမန်နေ့ မွန်းလွဲ ၁ နာရီက ခမ်းရွှေဝါထွန်း ကုမ္ပဏီမှ Solar System.LED မီးလင်းရေး စနစ်သုံး ပစ္စည်းအစုံ ၂ဝ လှူဒါန်းခြင်း အခမ်းအနား ကျင်းပရာ ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ရှမ်းပြည်နယ် ဝန်ကြီးများ၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့  အတွင်း ရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခမ်းရွှေဝါထွန်း ကုမ္ပဏီမှ အလှူရှင် များ တက်ရောက် ကြသည်။
အခမ်းအနားတွင် ခမ်းရွှေဝါထွန်း ကုမ္ပဏီမှ ဒေါ်နန်းကြယုံ(ခ) ဒေါ်နန်းရွှေမြတ်က Solar System.LED မီးလင်းရေး စနစ်သုံး ပစ္စည်းများနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး Solar System.LED မီးလင်းရေး စနစ်သုံး ပစ္စည်းအစုံ ၂ဝ ကို ပေးအပ်လှူဒါန်းရာ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ ရှမ်းပြည်နယ် စိုက်ပျိုးရေးနှင့် မွေးမြူရေးဝန်ကြီး ဦးစိုင်းဆာလူက လက်ခံ ရယူကာ ကျေးဇူးတင် စကားပြန်လည် ပြောကြားကြောင်း သိရသည်။
http://www.myawady.net.mm

No comments:

Post a Comment