18 November 2013

ဝါယာကြိုး ရှော့ခ်ဖြစ်၍ မီးလောင်မှု ဖြစ်ပွား

တောင်ကြီး    နိုဝင်ဘာ  ၁၂
ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ ဈေးပိုင်းရပ်ကွက်  စဝ်စံထွန်းလမ်း မ/---- လှသီရိ အရုပ်နှင့် ဖန်စီအရောင်းဆိုင်ကို ယမန်နေ့ ည ၉ နာရီခွဲက မီးလောင်မှုတစ်ခု ဖြစ်ပွားသည်။
ဖြစ်စဉ်မှာ လှသီရိ ဆိုင်ရှင်ဖြစ်သူ ဦးဝင်းကိုက ဈေးပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်မျိုးထွဋ် ပိုင်ဆိုင်သည့် သုံးထပ်အာရ်စီ မြေညီထပ်(၂၄x၃၆)ပေ အိမ်အောက်ထပ်ကို ငှားရမ်းပြီး ဆိုင်ဖွင့်လှစ်ထားကြောင်း၊  ၎င်းငှားရမ်းထားသည့် ဆိုင်အောက်ထပ်ကို  ပိတ်ပြီး ၎င်းနေအိမ်သို့အပြန် ဆိုင်ခန်း၏ မီးချောင်းတစ်ချောင်း ဖွင့်လှစ် ထားရှိခဲ့ရာ  ပြင်ပ ဓာတ်အားလိုင်းနှင့် တိုက်ရိုက်သွယ်တန်း ထားသော လျှပ်စစ် ဝါယာကြိုး၏ နေအိမ် အတွင်းရှိ ပင်မဓာတ်အား ခုံမှ အပူလွန်ကဲ၍ မီးအားမြှင့်စက်သို့ ကူးစက် လောင်ကျွမ်းခဲ့ရာ နယ်မြေခံ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကွက်နေ ပြည်သူများက ဝိုင်းဝန်း ငြှိမ်းသတ်ရာ ည ၁ဝ နာရီ ၁ဝ မိနစ်တွင် မီးငြိမ်းသွားသည်။
မီးလောင်မှုကြောင့် ဆုံးရှုံးမှု တန်ဖိုးမှာ ငွေကျပ် ၅ဝဝဝဝဝ ခန့်ဖြစ်ပြီး မီးလောင်မှုကြောင့် လူထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်းနှင့်လျှပ်စစ်မီး ပေါ့ဆသုံးစွဲသူ ဦးဝင်းကိုအား ပုဒ်မ-၂၈၅၊ (ပ)၂၉၁/၂ဝ၁၃ အရ အရေးယူ ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။   
refind;http://www.myawady.net.mm

No comments:

Post a Comment