Saturday, 02 November 2013
အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ် ဆန်တီအေးဂိုးမြို့နှင့်
မက္ကဆီကိုနိုင်ငံ တီဂျွမ်နာမြို့ တို့ကို ဆက်သွယ် ဖောက်လုပ်ထားပြီး
မူးယစ်ဆေးဝါး ကုန်ကူးရာတွင် လျှို့ဝှက် အသုံးပြုသည့် ဥမင်လိုဏ်ခေါင်း
တစ်ခုကို အမေရိကန် အာဏာပိုင်များက ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဥမင်လိုဏ်ခေါင်းအတွင်းတွင် ဆေးခြောက်ရှစ်တန် နှင့် ကိုကင်း ၃၂၅
ပေါင်တို့ကို လည်း အမေရိကန် အာဏာပိုင်များက သိမ်းဆည်း ရမိခဲ့သည်။
၎င်းဥမင်လိုဏ်ခေါင်းတွင် လျှပ်စစ်ဓာတ်အား၊ လေဝင်လေထွက်နှင့် မီးရထားလမ်း
စနစ်တို့ကို တပ်ဆင်ထားပြီး ဥမင်လိုဏ်ခေါင်း၏ အရှည်သည် မည်မျှရှိကြောင်းကို
တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားထားခြင်း မရှိသော်လည်း မက္ကဆီကိုနိုင်ငံ
တီဂျွမ်နာ လေဆိပ် နှင့် အလွန်နီးကြောင်း မက္ကဆီကို သတင်းဌာနများက
ဖော်ပြခဲ့သည်။
အမေရိကန် အစိုးရသည် ၂ဝဝ၈ ခုနှစ်မှ စတင်၍ လျှို့ဝှက်ဥမင် လိုဏ်ခေါင်း ၇၅ ခုကျော်ကို ရှာဖွေ တွေ့ရှိခဲ့သည်ဟု သိရသည်။
http://www.myawady.net.mm/ allnews/global/item/ 29457-2013-11-02-08-21-19
Saturday, 02 November 2013
အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယား ပြည်နယ် ဆန်တီအေးဂိုးမြို့နှင့် မက္ကဆီကိုနိုင်ငံ တီဂျွမ်နာမြို့ တို့ကို ဆက်သွယ် ဖောက်လုပ်ထားပြီး မူးယစ်ဆေးဝါး ကုန်ကူးရာတွင် လျှို့ဝှက် အသုံးပြုသည့် ဥမင်လိုဏ်ခေါင်း တစ်ခုကို အမေရိကန် အာဏာပိုင်များက ရှာဖွေ တွေ့ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ ဥမင်လိုဏ်ခေါင်းအတွင်းတွင် ဆေးခြောက်ရှစ်တန် နှင့် ကိုကင်း ၃၂၅ ပေါင်တို့ကို လည်း အမေရိကန် အာဏာပိုင်များက သိမ်းဆည်း ရမိခဲ့သည်။ ၎င်းဥမင်လိုဏ်ခေါင်းတွင် လျှပ်စစ်ဓာတ်အား၊ လေဝင်လေထွက်နှင့် မီးရထားလမ်း စနစ်တို့ကို တပ်ဆင်ထားပြီး ဥမင်လိုဏ်ခေါင်း၏ အရှည်သည် မည်မျှရှိကြောင်းကို တာဝန်ရှိသူများက ထုတ်ဖော် ပြောကြားထားခြင်း မရှိသော်လည်း မက္ကဆီကိုနိုင်ငံ တီဂျွမ်နာ လေဆိပ် နှင့် အလွန်နီးကြောင်း မက္ကဆီကို သတင်းဌာနများက ဖော်ပြခဲ့သည်။

http://www.myawady.net.mm/

No comments:
Post a Comment