3 November 2013

ပန္နရသမ အကြိမ်မြောက် ကမ္ဗောဇ သာမဏေကျော် စာမေးပွဲဘွဲ့နှင်း သဘင် အခမ်းအနား ကျင်းပ

 ပန္နရသမ အကြိမ်မြောက် ကမ္ဗောဇ သာမဏေကျော် စာမေးပွဲဘွဲ့နှင်း သဘင် အခမ်းအနား ကျင်းပ
တောင်ကြီး  နိုဝင်ဘာ  ၂
ရှမ်းပြည်နယ် တောင်ကြီးမြို့ အတုလမာရဇိန် ဆုတောင်းပြည့် မြတ်စွာဘုရား မြို့လယ်ဓမ္မာရုံ ဂေါပကအဖွဲ့မှ ကြီးမှူးကျင်းပသော ပန္နရသမ အကြိမ်မြောက် ကမ္ဗောဇ သာမဏေကျော် စာမေးပွဲ ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့
မွန်းလွဲ ၁ နာရီက တောင်ကြီးမြို့ အတုလမာရဇိန် ဆုတောင်းပြည့် မြတ်စွာဘုရားမြို့ လယ်ဓမ္မာရုံ၌ ကျင်းပရာ အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆို၍ ဖွင့်လှစ်သည်။
ဆက်လက်၍ နိုင်ငံတော်သြ ဝါဒါစရိယ အဂ္ဂမဟာပဏ္ဍိတ မဟာကမ္မ ဋ္ဌာနာစရိယ စွန်းလွန်းကျောင်းတိုက် ဦးစီးပဓာန နာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂဓမ္မာ ဘိဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
အဆိုပါ မြို့လယ်ဓမ္မာရုံဂေါပက အဖွဲ့ဥက္ကဋ္ဌ ဦးစွန်ကြိုင်က ပန္နရသမ အကြိမ်မြောက် ကမ္ဗောဇ သာမဏေကျော် စာမေးပွဲ ကျင်းပရခြင်းနှင့် အောင်မြင်မှုဆိုင်ရာတို့ကို တင်ပြ လျှောက်ထားပြီး  မြန်မာနိုင်ငံ အတွင်းရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ စာသင်တိုက်များမှ ကမ္ဗောဇ သာမဏေကျော်များ ဝင်ရောက်ဖြေဆိုကြရာ အောင်မြင်ကြသော ကမ္ဗောဇ သာမဏေကျော် ဘွဲ့ရသာမ ဏေကျော်များကို ဘွဲ့ပုံတော်နှင့် တံဆိပ်တော် ဘွဲ့အလံများ ကို ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် တာဝန်ရှိသူများက အသီးသီး ဆက်ကပ်လှူဒါန်းကြသည်။   ထို့နောက် ကြွရောက်လာကြသည့် ဆရာတော်ကြီးအား ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လှူဖွယ်ပစ္စည်း များ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့ကို စွန်းလွန်း ကျောင်းတိုက် ဆရာတော်ကြီးထံ ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းလိုက်ပြီး ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ကျင်းပသော ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူခဲ့ကြောင်း သိရသည်။             

No comments:

Post a Comment