11 November 2013

စကျင်ကျောက် ရွှေဗုဒ္ဓ ခြေတော်ရာ ပါဒစေတီ ရေစက်သွန်းချ အလှူတော် မင်္ဂလာ ကျင်းပ

တောင်ကြီး နိုဝင်ဘာ ၎
ရှမ်းပြည်နယ် တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိ လောကချမ်းသာ စေတီတော်ကြီး အတွင်း၌ အပူဇော်ခံမည့်
စကျင်ကျောက်သား ရွှေဗုဒ္ဓခြေတော်ရာ ပါဒစေတီ ရေစက်ချ အလှူတော်မင်္ဂလာ အခမ်းအ နားကို ယမန်နေ့ နံနက် ၉ နာရီက တောင်ကြီးမြို့ ကျက်သရေဆောင် စူဠာမုနိ လောကချမ်းသာ စေတီ တော်ကြီး၌ ကျင်းပသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်လိုက်သည်။ ပြည်နယ် သံဃနာ ယက အဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ ပညာသီရိ မင်းကွန်းကျောင်းတိုက် ဆရာတော်ထံမှ ပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ပြည်နယ် ဝန်ကြီးများက ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာ တော် အရှင်သူမြတ်များက မေတ္တသုတ် ပရိတ်တရားတော်များ ရွတ်ပွားကြရာ တက်ရောက် လာကြ သည့်ပြည်နယ် ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်တို့က နာယူကြသည်။
ထို့နောက် ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား ပြည်နယ် ဝန်ကြီးချုပ်နှင့် ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများက နေ့ဆွမ်းနှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းပြီး နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ဥက္ကဋ္ဌ အဘိဓဇ မဟာရဋ္ဌဂုရု အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက မန္တလေးမြို့ ဗန်းမော်ကျောင်းတိုက် ဦးစီးပဓာန နာယက ဘဒ္ဒန္တ ဒေါက်တာ ကုမရာဘိဝံသ မဟာ ထေရ်မြတ်ထံမှ အနုမောဒနာ တရား နာကြားကြပြီး ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ် ညောင်တုန်း ပါဠိတက္ကသိုလ် ကျောင်းတိုက် လှရတနာကျောင်း ဆရာတော် ဘဒ္ဒန္တ နာရဒါ ဘိဝံသထံမှ လှူဒါန်းမှု အစုစုတို့ကို ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။ အဆိုပါ အခမ်းအနားသို့ ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ် ဝန်ကြီးများ၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဘုရားဂေါပက ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ကြကြောင်း သိရသည်။
http://www.myawady.net.mm

No comments:

Post a Comment