Created on Sunday, 03 November 2013
ဆင်ဦးစီးအား အစွယ်ဖြင့်ထိုး တက်နင်းခဲ့သည့် ဆင်ဖြူတော်ကို ချုပ်ထားစဉ်(ဓာတ်ပုံ-ကြည်နိုင်)
နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ်
ကြို့ကုန်း အရှေ့ရပ်ကွက် ရတနာဆင်ဖြူတော် ဥယျာဉ်တွင် ထားရှိသည့် ဆင်ဖြူတော်
(အထီး)က ဆင်ဦးစီးအား အစွယ်ဖြင့် ထိုးပြီး တက်နင်းခဲ့သည့် ဖြစ်စဉ်တစ်ခု
ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့နံနက် ၆
နာရီခွဲခန့် မှ စတင်၍ ဆင်ဦးစီး ဦးသိန်းစိန်သည် ဆင်ဖြူတော် ရာဇအဂ္ဂသီရိ
ပစ္စယဂဇရာဇာ (စွယ်စုံဆင်ထီး) အား ကြံကျွေးပြီး လမ်းလျှောက် သင်ကြားပေးနေစဉ် ၇
နာရီခွဲခန့်တွင် ဆင်ဖြူတော်မှ စိတ်ရိုင်းဝင်ကာ အစွယ်ဖြင့် ထိုးပြီး
နင်းခဲ့ကြောင်း သိရသည်။
ထိုသို့ အစွယ်ဖြင့် ထိုးပြီး
နင်းသတ်ခဲ့သည့် ဒဏ်ရာများကြောင့် ဆင်ဦးစီး ဦးသိန်းစိန်မှာ
အင်းစိန်ဆေးရုံသို့ တင်ပို့စဉ် လမ်း၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူ ဆင်ဦးစီး၏ ဇနီးဖြစ်သူ ဒေါ်ညိုမရှိန်က "ဒီလိုဖြစ်တယ်ဆိုတာ မနက် ၇
နာရီခွဲလောက်မှ သိရတာ။ ဆေးရုံကို လိုက်သွားတော့ အသက် မမီလိုက်ပါဘူး" ဟု
ဆိုသည်။
နံနက် ၆ နာရီခွဲခန့်မှ စတင်၍ ဆင်ဦးစီး ဦးသိန်းစိန်သည်
ဆင်ဖြူတော် ရာဇအဂ္ဂသီရိ ပစ္စယဂဇရာဇာ (စွယ်စုံဆင်ထီး) အား ကြံကျွေးပြီး
လမ်းလျှောက် သင်ကြားပေးနေစဉ် ၇ နာရီခွဲခန့်တွင် ဆင်ဖြူတော် စိတ်ရိုင်းဝင်ကာ
အစွယ်ဖြင့် ထိုးပြီး နင်းခဲ့ကြောင်း . . .
ဆင်ဖြူတော်ဝင်းအနီး နေထိုင်သူတစ်ဦးက "ဆင်ဦးစီးက ဒီနေ့မနက်မှာ
ဆင်ဖြူတော်နဲ့ အတွင်းဝင်းထဲမှာ လမ်းလျှောက်နေတုန်း ဖြစ်သွားတာလို့ သိရတယ်။
အပြင်ဝင်းကိုကျတော့ ဆင်ဖြူတော် လာကြည့်တဲ့ သူတွေအတွက် နေရာသတ်မှတ်ထားတာ။
အစောကြီး ဖြစ်သွားတာဆိုတော့ ဘယ်ကဘယ်လို စဖြစ်မှန်း မပြောတတ်ဘူး။ သေသွားတဲ့
ဆင်ဦးစီးက ဒီဆင်တွေကို စဖမ်းလာကတည်းက တာဝန် ထမ်းဆောင်နေတာလို့လည်း သိရတယ်။
တစ်ခါမှတော့ စွယ်စုံဆင်ကြီးက လူကိုပြန်ပြီး ရန်ရှာ ပြဿနာလုပ်တယ်လို့လည်း
မကြားမိဘူး" ဟု ဆိုသည်။
ဆင်ဖြူတော် ၀င်းအတွင်း တာဝန်
ထမ်းဆောင်နေသော ၀န်ထမ်းတစ်ဦးက "ဆင်နဲ့ ပတ်သက်ပြီးတော့ ဖြေကြားဖို့
ညွှန်ကြားထားတာ မရှိပါဘူး။ ဆင်စွယ်ကျိုးနေတာက နဂိုကတည်းက ချိုးထားတာလို့
သိရတယ်။ မုန်ယိုနေတယ်လို့လည်း မကြားမိဘူး" ဟု ဖြေကြားခဲ့သည်။
သေဆုံးခဲ့သည့် ဆင်ဦးစီးမှာ အဆိုပါ ဆင်ဖြူတော်၏ ဆင်ဦးစီးမဟုတ်ကြောင်း၊
ဆင်ဦးစီး တာဝန်အဖြစ် ၁၂ နှစ်ခန့် လုပ်ဆောင်ခဲ့ကြောင်း ၎င်း၏ မိသားစုထံမှ
သိရသည်။ ဆင်ဖြူတော် ရာဇအဂ္ဂသီရိ ပစ္စယဂဇရာဇာသည် ရခိုင်ပြည်နယ် ရသေ့တောင်မြို့
နယ် အထက်နန်းရာ အုပ်စုတွင် ပေါ်ထွန်းခဲ့ကာ ၂၀၀၁ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က
ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
၎င်းဆင်ဖြူတော်သည်
အမြင့်ပေ ၉ ပေ၊ ကိုယ်လုံးပတ် ၁၄ ပေ ရှိပြီး စွယ်စုံဆင် အမျိုးအစားဖြစ်ကာ
မျက်လုံးပုလဲရောင်၊ နားရွက်အမျိုးအစား နားကြီး၊ အမြီးမှာ တံခါးပိတ်
အမျိုးအစားဖြစ်သည်။ ကျောမှာ ငှက်ပျောကိုင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကို အင်းစိန်မြို့မ ရဲစခန်းမှ သေမှုသေခင်း အမှတ်စဉ် ၇၄/၂၀၁၃ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
EMG
http:// myawadynews.blogspot.com/2013/ 11/blog-post_8244.html
Created on Sunday, 03 November 2013
ဆင်ဦးစီးအား အစွယ်ဖြင့်ထိုး တက်နင်းခဲ့သည့် ဆင်ဖြူတော်ကို ချုပ်ထားစဉ်(ဓာတ်ပုံ-ကြည်နိုင်)
နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် ကြို့ကုန်း အရှေ့ရပ်ကွက် ရတနာဆင်ဖြူတော် ဥယျာဉ်တွင် ထားရှိသည့် ဆင်ဖြူတော် (အထီး)က ဆင်ဦးစီးအား အစွယ်ဖြင့် ထိုးပြီး တက်နင်းခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ဖြစ်စဉ်မှာ ယင်းနေ့နံနက် ၆ နာရီခွဲခန့် မှ စတင်၍ ဆင်ဦးစီး ဦးသိန်းစိန်သည် ဆင်ဖြူတော် ရာဇအဂ္ဂသီရိ ပစ္စယဂဇရာဇာ (စွယ်စုံဆင်ထီး) အား ကြံကျွေးပြီး လမ်းလျှောက် သင်ကြားပေးနေစဉ် ၇ နာရီခွဲခန့်တွင် ဆင်ဖြူတော်မှ စိတ်ရိုင်းဝင်ကာ အစွယ်ဖြင့် ထိုးပြီး နင်းခဲ့ကြောင်း သိရသည်။
ထိုသို့ အစွယ်ဖြင့် ထိုးပြီး နင်းသတ်ခဲ့သည့် ဒဏ်ရာများကြောင့် ဆင်ဦးစီး ဦးသိန်းစိန်မှာ အင်းစိန်ဆေးရုံသို့ တင်ပို့စဉ် လမ်း၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။
သေဆုံးသူ ဆင်ဦးစီး၏ ဇနီးဖြစ်သူ ဒေါ်ညိုမရှိန်က "ဒီလိုဖြစ်တယ်ဆိုတာ မနက် ၇ နာရီခွဲလောက်မှ သိရတာ။ ဆေးရုံကို လိုက်သွားတော့ အသက် မမီလိုက်ပါဘူး" ဟု ဆိုသည်။
နံနက် ၆ နာရီခွဲခန့်မှ စတင်၍ ဆင်ဦးစီး ဦးသိန်းစိန်သည် ဆင်ဖြူတော် ရာဇအဂ္ဂသီရိ ပစ္စယဂဇရာဇာ (စွယ်စုံဆင်ထီး) အား ကြံကျွေးပြီး လမ်းလျှောက် သင်ကြားပေးနေစဉ် ၇ နာရီခွဲခန့်တွင် ဆင်ဖြူတော် စိတ်ရိုင်းဝင်ကာ အစွယ်ဖြင့် ထိုးပြီး နင်းခဲ့ကြောင်း . . .
ဆင်ဖြူတော်ဝင်းအနီး နေထိုင်သူတစ်ဦးက "ဆင်ဦးစီးက ဒီနေ့မနက်မှာ ဆင်ဖြူတော်နဲ့ အတွင်းဝင်းထဲမှာ လမ်းလျှောက်နေတုန်း ဖြစ်သွားတာလို့ သိရတယ်။ အပြင်ဝင်းကိုကျတော့ ဆင်ဖြူတော် လာကြည့်တဲ့ သူတွေအတွက် နေရာသတ်မှတ်ထားတာ။ အစောကြီး ဖြစ်သွားတာဆိုတော့ ဘယ်ကဘယ်လို စဖြစ်မှန်း မပြောတတ်ဘူး။ သေသွားတဲ့ ဆင်ဦးစီးက ဒီဆင်တွေကို စဖမ်းလာကတည်းက တာဝန် ထမ်းဆောင်နေတာလို့လည်း သိရတယ်။ တစ်ခါမှတော့ စွယ်စုံဆင်ကြီးက လူကိုပြန်ပြီး ရန်ရှာ ပြဿနာလုပ်တယ်လို့လည်း မကြားမိဘူး" ဟု ဆိုသည်။
ဆင်ဖြူတော် ၀င်းအတွင်း တာဝန် ထမ်းဆောင်နေသော ၀န်ထမ်းတစ်ဦးက "ဆင်နဲ့ ပတ်သက်ပြီးတော့ ဖြေကြားဖို့ ညွှန်ကြားထားတာ မရှိပါဘူး။ ဆင်စွယ်ကျိုးနေတာက နဂိုကတည်းက ချိုးထားတာလို့ သိရတယ်။ မုန်ယိုနေတယ်လို့လည်း မကြားမိဘူး" ဟု ဖြေကြားခဲ့သည်။
သေဆုံးခဲ့သည့် ဆင်ဦးစီးမှာ အဆိုပါ ဆင်ဖြူတော်၏ ဆင်ဦးစီးမဟုတ်ကြောင်း၊ ဆင်ဦးစီး တာဝန်အဖြစ် ၁၂ နှစ်ခန့် လုပ်ဆောင်ခဲ့ကြောင်း ၎င်း၏ မိသားစုထံမှ သိရသည်။ ဆင်ဖြူတော် ရာဇအဂ္ဂသီရိ ပစ္စယဂဇရာဇာသည် ရခိုင်ပြည်နယ် ရသေ့တောင်မြို့ နယ် အထက်နန်းရာ အုပ်စုတွင် ပေါ်ထွန်းခဲ့ကာ ၂၀၀၁ ခုနှစ် နိုဝင်ဘာ ၁၅ ရက်က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
၎င်းဆင်ဖြူတော်သည် အမြင့်ပေ ၉ ပေ၊ ကိုယ်လုံးပတ် ၁၄ ပေ ရှိပြီး စွယ်စုံဆင် အမျိုးအစားဖြစ်ကာ မျက်လုံးပုလဲရောင်၊ နားရွက်အမျိုးအစား နားကြီး၊ အမြီးမှာ တံခါးပိတ် အမျိုးအစားဖြစ်သည်။ ကျောမှာ ငှက်ပျောကိုင်း ဖြစ်ကြောင်း သိရသည်။

http://
No comments:
Post a Comment