11 April 2014

တောင်ကြီးမြို့၊ (Taunggyi Shopping Center) လုပ်ငန်းသဘောတူနားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးပွဲနှင့် ပန္နက်တင် မင်္ဂလာအခမ်းအနား ကျင်းပ


 097
တောင်ကြီး ဧပြီ ၁၁
   တောင်ကြီးမြို့၊ ကုန်ခြောက်သားငါးဈေးကြီးအား PPP စနစ်ဖြင့် အဆင့်မြှင့် Taunggyi Shopping Center တည်ဆောက်ရေးစီမံကိန်း မြို့နယ် စည်ပင်သာယာရေးကော်မတီနှင့် သီဟဖွံ့ဖြိုး တိုးတက်ရေးကုမ္ပဏီလီမိတက်တို့ လုပ်ငန်းသဘောတူနားလည်မှုစာချွန်လွှာ MOU လက်မှတ်ရေးထိုးခြင်းကို ဧပြီ(၁၁)ရက် နံနက်(၈)နာရီက တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ပြည်နယ်စာရင်းစစ်ချုပ်၊ ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်သူ့လွှတ်တော်/ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ပြည်နယ်/ ခရိုင်/ မြို့နယ် စည်ပင် သာယာရေးကော်မတီဝင်များ၊ ကုမ္ပဏီအလုပ်အမှုဆောင်ဒါရိုက်တာ နှင့် တာဝန်ရှိသူများ၊ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအက အဖွဲ့များ နှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။
   အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် မှ အဖွင့်အမှာစကားပြောကြားရာ “  လုပ်ငန်းသဘောတူ နားလည်မှု   စာချွန်လွှာ       MOU     လက်မှတ်ရေးထိုးသည့်      တောင်ကြီး ရှော့ပင်းစင်တာ တည်ဆောက်ရေးစီမံကိန်းသည် တောင်ကြီးမြို့ကုန်ခြောက်သားငါးဈေးကို အဆင့်မြှင့်တင် တည်ဆောက်သည့် လုပ်ငန်းဖြစ်ပြီး စီမံကိန်းလုပ်ငန်း အဆင့်မြင့်ဈေးဆိုင်ခန်းများ  နှင့် ကွန်ဒိုမီနီယံများ ပါဝင်မည်ဖြစ်ပြီး တောင်ကြီးမြို့ အတွက် မြို့ပြအင်္ဂါရပ်နှင့်အညီ အများပြည်သူအတွက်ခေတ်မီဈေးသစ်ကြီးတစ်ခု ပေါ်ပေါက်လာမည် ဖြစ်ကြောင်း၊ တောင်ကြီးရှော့ပင်းစင်တာ တည်ဆောက်ပြီးစီးသည့်အခါ အများပြည်သူများ အတွက် ဈေးရောင်းဈေးဝယ်လုပ်ငန်းများ ပိုမိုအဆင်ပြေလာနိုင်ပြီး ဈေးဝယ်သူများ၏ မော်တော်ယဉ်များ ရပ်နားရန်နေရာများ ပါဝင်သည့်အတွက် ယာဉ်အသွားအလာပိတ်ဆို့မှု မဖြစ်စေဘဲ ဈေးရောင်းဈေးဝယ်သူများ အလွယ်တကူ    သွားလာနိုင်မည် ဖြစ်ကြောင်း၊ ဈေးဆိုင်ခန်းများအပြင် လူနေထိုင်ရန် ကွန်ဒိုများ၊ ခန်းမများ၊ ဟောခန်းများ၊ ကုန်တိုက်များပါဝင်သည့်အတွက် လိုအပ်သောပစ္စည်းများကို တစ်နေရာ တည်းတွင် ဝယ်ယူနိုင်တော့မည်ဖြစ်ကြောင်း၊ တောင်ကြီးရှော့ပင်းစင်တာသည် ပြည်နယ် မြို့တော်ဖြစ်သည့် တောင်ကြီးမြို့၏ သမိုင်းဝင် အထိမ်းအမှတ် ဈေးကြီး ဖြစ်လာတော့မည် ဖြစ်ပါကြောင်း ၊ သက်ဆိုင်ရာ  ပြည်နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်စည်ပင် သာယာရေးကော်မတီ၊ ရှမ်းပြည်နယ်  စည်ပင်သာယာရေးဌာန၊ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာန တို့အနေနှင့်လည်း  တောင်ကြီးမြို့    မြို့ပြဖွံ့ဖြိုး  တိုးတက်ရေးလုပ်ငန်းများကို  အရှိန်အဟုန်မပျက် ဆက်လက် ဆောင်ရွက်နိုင်ရန် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ တောင်ကြီး ခရိုင်နှင့် မြို့နယ်တွင် ဖွဲ့စည်းထားသည့်ကော်မတီ(၃)ရပ် မြို့မိမြို့ဖများနှင့် ညှိနှိုင်းပြီး ဒေသန္တရ ဖွံ့ဖြိုးရေး နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ ယခုထက်ပိုမိုတိုးတက်ရန် ပြုပြင်ပြောင်းလဲ လာသည့် ခေတ်စနစ် နှင့်အညီ အလေးထားကြိုးပမ်း ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ” တိုက်တွန်း ပြောကြားသွားသည်။
   ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး၊ ရှမ်းပြည်နယ်စည်ပင် သာယာရေး ကော်မတီဥက္ကဋ္ဌ ဦးစိုင်းလှဝင်းမှ ကုန်ခြောက်သားငါးဈေးကြီးအား PPP စနစ်ဖြင့် အဆင့်မြှင့် Taunggyi Shopping Center တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းဆောင်ရွက်မှု သဘောတူစာချုပ် ချုပ်ဆိုခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
   ထို့နောက် ကုန်ခြောက်သားငါးဈေးကြီးအား PPP စနစ်ဖြင့် အဆင့်မြှင့် Taunggyi Shopping Center တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းဆောင်ရွက်ရန် လုပ်ငန်းစာချုပ်အား လုပ်ငန်းအပ်နှံသူတောင်ကြီးစည်ပင် သာယာရေး ကော်မတီ နှင့် လုပ်ငန်းလက်ခံသူ သီဟဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ လီမိတက် မှ တာဝန်ရှိသူများ မှ သဘောတူစာချုပ် MOU အားလက်မှတ်ရေးထိုးကြပြီး သီဟဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီလီမိတက်မှ လုပ်ငန်း စာချုပ်အောင်မြင်စွာ လက်မှတ်ရေးထိုးပြီးစီးခြင်းအထိမ်းအမှတ် လုပ်ငန်းကတိကဝတ်နှင့် ကျေးဇူးတင် စကားကို ကုမ္ပဏီဒါရိုက်တာ ဒေါ်မေစုလှိုင်မှ ပြန်လည်ပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းလိုက်သည်။
   အစီအစဉ် ဒုတိယပိုင်းတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်၊ အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ် တိုင်မှူးဗိုလ်မှူးချုပ်အေးဝင်း ၊ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် စာရင်းစစ်ချုပ်၊တပ်မတော် အရာရှိကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ တည်ဆောက်ရေးကုမ္ပဏီမှ တာဝန်ရှိသူ များသည် တောင်ကြီးမြို့ကုန်ခြောက် သားငါးဈေးကြီး အဆင့်မြှင့် Taunggyi Shopping Center တည်ဆောက်ရေးစီမံကိန်း ပန္နက်တင်မည့်နေရာသို့ ရောက်ရှိပြီး၊ မင်္ဂလာချိန်တွင် ပန္နက်တင်ခြင်းနှင့်အုတ်မြစ်စီခြင်းပြုလုပ်ရာ  ပြည်နယ်ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်၊  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်မှူးချုပ်အေးဝင်း၊  ပြည်နယ်ဥပဒေချုပ် ဦးမောင်မောင်၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဦးစိုင်းလှဝင်း တို့က သတ်မှတ်နေရာများတွင် နေရာယူ၍ ပန္နက်ရိုက်ပေးကြပြီး အမွှေးနံသာများပက်ဖြန်း ပေးသည်။ ဆက်လက်၍ အုတ်မြစ်စီမဂင်္လာပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူး၊ ဒုတိယတိုင်းမှူး၊ ပြည်နယ် ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်၊ ကုမ္ပဏီတာဝန်ရှိသူတို့က သတ်မှတ်နေရာ အသီးသီးတွင် အုတ်မြစ်တော်များ စီပေးကြပြီး၊ နဝရတ်ကိုးပါးနှင့် ရတနာအုတ်မြစ်ကို ပြည်ဝန်ကြီးချုပ်မှ အုတ်မြစ်တော်ကို ချပေး၍ ဘိသိတ်ဆရာ ဦးသိန်းညွန့်မှ ဘိသိတ်သွန်းပေးကာ အမွှေးနံ့သာများပက်ဖြန်းကာ ရတနာရွှေမိုးငွေမိုးများ ရွာသွန်းဖြိုး ပေးကြောင်း သိရှိရသည်။
   ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သီဟဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ ရှင်းလင်း ဆောင်၌ တာဝန်ရှိသူများနှင့်မိတ်ဆက်ပေးပြီး၊ တောင်ကြီးမြို့ကုန်ခြောက်သားငါးဈေးကြီး အဆင့်မြှင့် Taunggyi Shopping Center တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းတည်ဆောက်မည့် အခြေအနေများကို ပရိုဂျက်တာ ကားချပ် ဖြင့် ရှင်းလင်းတင်ပြခဲ့ကြောင်း သတင်းရရှိသည်။
refind;http://www.shanstate.gov.mm

No comments:

Post a Comment