
၂၀၁၄ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူမှုလုပ်ငန်းကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် မတ်လ(၃၀)ရက် နံနက်(၈)နာရီမှစတင်၍ စာရင်းကောက် ဆရာမများမှ တစ်အိမ်တက်ဆင်း ကောက်ယူလျက်ရှိရာ သစ်တောရပ်ကွက်၊ ကောက်ကွက် အမှတ်(၆)အတွင်းရှိ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် နေထိုင်ရာအိမ်တော်လမ်းသို့ ရောက်ရှိကောက်ယူရာ ပြည်နယ်လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန ပြည်နယ်မှူးဦးဌေးလှိုင်မှ သန်းခေါင်စာရင်း ကောက်ယူရခြင်း အကြောင်း၊ လူဦးရေနှင့်အိမ်အကြောင်းရာများနှင့် ပက်သက်၍ အကျဉ်းချုပ်ပြောကြားပြီး ပြည်နယ် ဝန်ကြီးချုပ်ဦးစဝ်အောင်မြတ်နှင့် မိသားစုဝင်များသည် စာရင်းကောက်ဆရာမ၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ဆရာမ ဒေါ်ခင်စန်းစန်းမြင့်၏ သန်းခေါင်စာရင်းဆိုင်ရာ မေးခွန်း(၄၁)ချက် မေးမြန်းမှု များကို မှန်မှန်ကန်ကန်ဖြေဆိုသွားကြောင်းသိရှိရသည်။
ဆက်လက်၍ ပြည်လုံးကျွှတ်သန်းခေါင်စာရင်းကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ မြို့ပေါ်ရပ်ကွက်(၂၂) ရပ်ကွက်တွင် တာဝန်ကျ စာရင်းစစ်/ စာရင်းကောက် ဆရာ/ ဆရာမများမှ အိမ်တိုင်ရာ ရောက် လိုက်လံကောက်ခံ လျက်ရှိရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်သန်းခေါင်စာရင်း ကော်မတီအတွင်းရေးမှူး၊ ခရိုင်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်သန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူး၊ ရပ်ကွက်/ ကျေးရွာသန်းခေါင်စာရင်းကော်မတီဥက္ကဌနှင့် အတွင်းရေးမှူး၊ အထောက်အကူပြုအဖွဲ့ တို့လိုက်ပါလျက် တောင်ကြီး ဟိုတယ်ဝန်ထမ်းအိမ်ရာ တို့တွင် ဆက်လက် ကောက်ယူလျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို မတ်လ(၃၀)ရက်နေ့မှ စတင်၍ ဧပြီလ(၁၀)ရက်နေ့အထိ ကောက်ယူသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
refind;http://www.shanstate.gov.mm
No comments:
Post a Comment