စတော်ဘယ်ရီသီးများ ဈေးနှုန်းမတည်ငြိမ်မှုကြောင့် စတော်ဘယ်ရီစိုက် တောင်သူများ အခက်တွေ့နေကြကြောင်း ကန်းတန်ရွာရှိ စတော်ဘယ်ရီစိုက်သည့် တောင်သူမွိုးဖြားပွန်းက ဧပြီလ (၆) ရက်နေ့တွင် ပြောကြားခဲ့သည်။
“စတော်ဘယ်ရီက တအားစိုက်ရတယ်၊ ဆေးလည်းဖြန်းရတယ်၊ အလုပ်သမားလည်း အများကြီးခေါ်ရတယ်၊ ဈေးလည်းမရှိဘူး၊ အရှုံးပဲ ပေါ်နေတယ်” ဟု မွိုးဖြားပွန်းက ဆက်လက်ပြောသည်။
စတော်ဘယ်ရီသည် ယခင်နှစ်တွင် ဈေးရှိသော်လည်း၊ ယခုနှစ်တွင် ဈေးမရှိကြောင်း၊ အမြတ်မရှိသလို ဓာတ်မြေသြဇာဖိုး၊ အလုပ်သမားခ အတွက်သာ ကာမိနေပြီး မိသားစုအတွက် အကျိုးမရှိကြောင်း သိရသည်။
“အခုဆိုရင် မိုးလည်းစရွာနေပြီ၊ စတော်ဘယ်ရီ စပြီးပုပ်တော့မယ်” ဟု မွိုးဖြားပွင့်က ပြောသည်။ အရင်နှစ်တွင် စတော်ဘယ်ရီ တစ်ခြင်းသည် (၁၅၀၀) နှုန်းရှိသော်လည်း ယခုနှစ်တွင် (၈၀၀) နှုန်းသာ ရှိသောကြောင့် စတော်ဘယ်ရီဖြင့် အသက်မွေးဝမ်းကြောင်းပြုနေရသော တောင်သူများအတွက် အခက်ခဲတွေ့ နေရကြောင့် သိရပါသည်။
စတော်ဘယ်ရီသီး သုံးရက်ခြား တစ်ခါခူးရပြီး တစ်ခါခူးလျှင် အခြင်း (၅၀) သာရပြီး၊ ဈေးသို့သွားရောင်းချသော်လည်း မကုန်နိုင်သဖြင့် ရွာသို့ ပြန်လည်တင်ပြန်၍ အရှုံးပေါ်နေပါသည်။ ယခုအခါ ၀ယ်ယူစားသုံးသူများသည် စတော်ဘယ်ရီကို ဓာတုပိုးသတ်ဆေးများ၊ ပွဆေးများသုံးသည်ဟု ဆိုကာ ၀ယ်ယူစားသုံးရန် မရဲတရဲဖြစ်နေကြကြောင်းကိုလည်း သိရသည်။
http://www.taunggyitime.com

No comments:
Post a Comment