3 April 2014

အသေးစား ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေး

 086
ဂျပန်နိုင်ငံမှ Mr. Satoshi MATOBA, Director General of Japan International Co-operation System (JICS) ဦးဆောင်သော အဖွဲ့သည် ဧပြီ (၁)ရက်၊ နံနက် (၁၀)နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ရုံးခန်းမ၌ လာရောက်၍ အသေးစား ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးသည်။

   တွေ့ဆုံဆွေးနွေးမှုတွင် JICS အဖွဲ့မှ မိမိတို့အနေနဲ့ ရှမ်းပြည်နယ်အတွင်း ရေအားလျှပ်စစ်လုပ်ငန်းကို လုပ်ကိုင်လိုကြောင်း၊ ရန်ကုန်မှာရှိသည့် ဂျပန်သံရုံးအဖွဲ့နဲ့လည်း ညှိနှိုင်းတိုင်ပင်ပြီး ညွှန်ကြားမှုရရှိပြီး ဖြစ်ကြောင်း၊ မြန်မာအစိုးရအဖွဲ့မှလည်း မိမိတို့၏ အဖွဲ့အစည်းကို ခွင့်ပြုနားလည်ပြီး ဖြစ်ကြောင်း၊ ရှမ်းပြည်နယ်အတွင်းရှိ ကျေးရွာ (၃၀)ကို မိမိတို့၏ ဘတ်ဂျက်ဖြင့် မီးလင်းရေးအတွက် ပြုလုပ်ပေးမည် ဖြစ်ကြောင်း၊ ဆိုလာ၊ အသေးစား ဟိုက်ဒရိုပါဝါများကိုလည်း ပြုလုပ်ပေးမည် ဖြစ်ကြောင်း၊ ဂျင်နရယ်ဝါယာ စက်အထိုင်အတွက် အဆောက်အဦများကိုလည်း ပြုလုပ်ပေးမည်၊ စက်ပစ္စည်းထိန်းသိမ်းမှုကို ရွာသား သို့မဟုတ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတို့ကို ပညာပေးလေ့ကျင့်ပေးမည် ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အား လိုအပ်သည့်ကျေးရွာကို (၃)အုပ်စုခွဲပြီး ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကျေးရွာ၏အခြေအနေကို မသိရသေးသောကြောင့် အိမ်ခြေများကို ကြည့်ရှုပြီးမှသာ ဦးစားပေး (၅၀)နှင့် (၁၀၀)ကြား နှင့် ဂျပန်သံရုံးမှ ရရှိထားသည့်စာရင်းအရ ခရိုင် (၈)၊ မြို့နယ် (၂၀)၊ ကျေးရွာ (၂၀)တို့ကို ဦးစားပေး ဆောင်ရွက်လိုကြောင်း ဆွေးနွေးသည်။

   ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က လျှပ်စစ်ဓာတ်အား ပြုလုပ်ပေးမည့် ခရိုင်၊ မြို့နယ်၊ ကျေးရွာ အမည်စာရင်းများကို ဦးစားပေး ဆောင်ရွက်နိုင်ရန်၊ အစိုးရအဖွဲ့အနေနဲ့လည်း လုပ်ငန်းဆောင်ရွက်ရာတွင် ပြုလုပ်မည့်နေရာ မထပ်အောင် ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ အဓိကဦးစားပေး ဆောင်ရွက်နိုင်ရန်အတွက် မိုးမိတ်မြို့နယ်တွင် ဆင်တဲကုန်း၊ လင်းခေးခရိုင်တွင် ဟိုမိန်း၊ ကျိုင်းတုံခရိုင်တွင် လွယ်မွေတို့ကို ဦးစားပေး ဆောင်ရွက်လိုကြောင်း၊ ကျေးရွာအုပ်စုများကိုလည်း အတည်ပြုပေးမည် ဖြစ်ကြောင်း၊ ဟိုက်ဒရိုပါဝါနှင့် ပတ်သက်၍ ၁ မဂ္ဂါဝပ်၊ ၂ မဂ္ဂါဝပ် ထုတ်ပေးနိုင်ပါက ပိုမိုကောင်းမွန်ပါကြောင်း၊ ပြုလုပ်မည့်နေရာ (၃)နေရာကို အစိုးရအဖွဲ့မှ ရွေးပေးမည် ဖြစ်ကြောင်း၊ မိုးမိတ်မြို့နယ်တွင် ရေတံခွန်၊ ကျိုင်းတုံတွင် လွယ်မွေ၊ မိုင်းပျဉ်းမြို့တွင် နမ့်တွန်ချောင်းစသည့် ကျေးရွာတို့ကို ဦးစားပေး ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ခရီးသွားလာမှုတွင်လည်း ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က တာဝန်ယူ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။



   အဆိုပါ အသေးစား ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးမှုတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ ပြည်နယ်လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူးကြီးများ၊ ဂျပန်နိုင်ငံမှ Mr. Satoshi MATOBA, Director General of Japan International Co-operation System (JICS) ဦးဆောင်သော အဖွဲ့တို့ တက်ရောက်ကြကြောင်း သတင်းရရှိသည်။
refind;http://www.shanstate.gov.mm

   

No comments:

Post a Comment