
တောင်ကြီး ဧပြီ ၂၂
ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းသည် ဧပြီလ (၂၂)ရက်နေ့၊ နံနက် (၉)နာရီတွင် တောင်ကြီးမြို့၊ အထက(၁) စိန်မြင့်မိုရ်ခန်းမတွင် ကျင်းပပြုလုပ်သော တောင်ကြီးသင်တန်းဌာန၊ မြို့နယ်အခြေပြု မူလတန်း ဆရာအတတ်ပညာသင်တန်း ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အဖွင့်မိန့်ခွန်းအား ပြောကြားပေးခဲ့သည်။
ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ဖွင့်ပွဲအခမ်းအနားတွင် နိုင်ငံတော်သမ္မတကြီး၏ ပညာရေးလုပ်ငန်းလမ်းညွှန်ချက် (၁၀)ရပ်အနက် မသင်မနေရ မူလတန်းပညာရေးစနစ်ကို ကြိုးပမ်းအကောင်အထည်ဖော်ရေး ဦးတည်လျက် အခြေခံပညာကျောင်းများ ကျောင်းခွဲများနှင့် တွဲဖက်ကျောင်းများကို အဆင့်တိုးမြှင့် ဖွင့်လှစ်ခွင့်ပြုပေးခဲ့ပါကြောင်း၊ နယ်မြေဒေသဖွံ့ဖြိုးမှုအရ လမ်းပန်းဆက်သွယ်ရေးနှင့် ပထဝီအနေအထားအရ ခက်ခဲသော နယ်စပ်ဒေသနှင့် ကျေးလက်ဒေသရှိ ကျောင်းများမှ ဆရာများ လိုအပ်လျက်ရှိသောကြောင့် ဆရာအတတ်ပညာနှင့် အသက်မွေးဝမ်းကျောင်းပြုလိုသူများအတွက် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီး အသက်(၄၀)နှစ်ထက်မကြီးသူများကို နေ့စား(လပေး) မူလတန်း ဆရာ/ ဆရာမများအဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် ရေးဖြေနှင့် လူတွေ့စစ်ဆေးခြင်း ဆောင်ရွက်ပြီး ၂၀၁၃ခုနှစ်၊ ဇွန်လမှစတင်၍ ခန့်အပ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း၊ ခန့်အပ်ခဲ့ပြီးသော ဆရာ/ ဆရာမများကို ဆရာအတတ်ပညာဆိုင်ရာ သင်တန်းပြီးဆုံးခြင်းလက်မှတ် (Completion Certificate) ပေးအပ်နိုင်ရန်၊ ဆွဲခန့်မူလတန်းဆရာများအနေဖြင့် အမြဲတမ်းဝန်ထမ်းအဖြစ် သင်ကြားရေးတာဝန်ယူနိုင်ရန်၊ ဆရာအတတ်ပညာဆိုင်ရာ လုပ်ငန်းခွင်သင်တန်းသို့ ဆက်လက်ဆည်းပူးနိုင်ရန်နှင့် ဆရာအတတ်ပညာ အခြေခံကောင်းများ သင်ကြားပေးရန်အတွက် ရည်ရွယ်ပြီး ဒီသင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ ယခုလိုထိုသင်တန်းကို တောင်ကြီး၊ ညောင်ရွှေ၊ ဟိုပုံး၊ ဆီဆိုင်၊ ရပ်စောက်မြို့နယ်တို့မှ ဘွဲ့ရဆွဲခန့် ဆရာ/ ဆရာမ (၅၄၃)ဦးတို့ကို သင်ကြားပို့ချသွားမှာ ဖြစ်ကြောင်း၊ သင်တန်းသား/ သင်တန်းသူများမှ သင်တန်းစည်းကမ်းနှင့်အညီ လိုက်နာနေထိုင်ပြီး သင်တန်းမှ ပို့ချလိုက်သော ဘာသာရပ်အားလုံးကို မိမိတို့၏ လုပ်ငန်းခွင်မှာ ထိထိရောက်ရောက် အသုံးချနိုင်သည်အထိ မှတ်သားသင်ယူသွားကြရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
refind; http://www.shanstate.gov.mm
No comments:
Post a Comment